Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

ကလေး သရုပ်ဆောင် (အထူးဆု) အကယ်ဒမီအတွက် စံကာတင်စာရင်းဝင်နေတဲ့ “မုန်းစွဲ” မှ အမြွှာညီအစ်ကို

တစ်နှစ်တစ်ခါ ပရိသတ်တွေရော အနုပညာရှင်တွေရော ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကို လာမယ့် မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲကြီးကို ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းကြီးမှာ ခမ်းခမ်းနားနားကျင်းပတော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီဘုတ် အဖွဲ့မှ နယ်ပယ်အသီးသီးမှ အကောင်းဆုံး အနုပညာရှင်တွေကို သေသေချာချာလေး ရွေးချယ်စိစစ်ပေးနေတာဖြစ်ပါတယ်။

(၂၀၁၈) ခုနှစ်အတွက် အထူးဆုဆိုတဲ့ ကဏ္ဍမှာ ကလေးသရုပ်ဆောင်တွေအတွက်လဲ ထည့်သွင်းစဉ်းစားပေးနေတာပဲ ဖြစ်ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ နေတိုးရဲ့ ငယ်ဘဝအဖြစ် သရုပ်ဆောင်တဲ့ အမြွှာညီအစ်ကိုဖြစ်တဲ့ ဖွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ကလဲ ကလေးသရုပ်ဆောင်ဆုအတွက် စံကာတင်စာရင်းဝင်နေတာပဲ ဖြစ်ပါတယ်။

သားလေး ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူး တို့က အရွယ်နဲ့ မလိုက်အောင် သရုပ်ဆောင်ပါရမီ ထူးခွန်သူများဖြစ်ပြီး “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကပါ ချီးကျူးခဲ့ကြရပါတယ်။

ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ကတော့ သူတို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “သားသားတို့မိသားစုက မမျှော်မှန်းရဲပါဘူးခင်ဗျာ။ ဒါပေမယ့် ဒီလိုလေးတွေ့တော့ ပျော်တာပေါ့ခင်ဗျာ။” ဆိုပြီး အကယ်ဒမီပွဲကြီးအတွက် ရင်ခုန်နေတာပဲဖြစ်ပါတယ်။

သားလေး ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ကြိုးစားရကျိုးနပ်အောင် အကယ်ဒမီဆုကြီး ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးကို ချစ်တဲ့ ပရိသတ်ကြီးကလဲ သားသားလေးတို့ အကယ်ဒမီဆုကြီး ရရှိပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ဆုတောင်းပေးလိုက်ပါတယ်။

share from : burmese.asia