Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အထူးဆုကို သားတို့ယူပြီး ဦးဦးနေတိုးကို အမျိုးသား ဇာတ်ဆောင်ဆုရချင်စေချင်တယ် လို့ဆိုလာတဲ့ မုန်းစွဲမှ အမြွာညီအကိုလေး
မုန်းစွဲ ရုပ်ရှင် ဇာတ်ကားကြီး မှာ ငယ်ဘ၀ ဇာတ်ရုပ် အပိုင်းကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး အထူးကလေးသရုပ်ဆောင်လေးများဖြစ်ကြတဲ့ ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူး တို့အမြွာညီအကို နှစ်ယောက်ကို ပရိသတ်များ အထူးတလည် မိတ်ဆက်ပေးစရာ မလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်ပါတယ်နော်။
အသက်ငယ်ပေမဲ့လည်း ရုပ်ရှင်ဇာတ်လမ်းကြီးရဲ့ အကောင်းဆုံး ဇာတ်ဆောင်ကလေးသရုပ်ဆောင်များ အဖြစ် သရုပ်ဆောင်ပြနိုင်ခဲ့ပြီး အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ဒီညီအကိုလေးနှစ်ယောက်ကတော့ ” မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုအတွက် ကြိုတင်ရင်ခုန်နေပြီလို့ ဆိုလာပါတယ်။
” အကယ်ဒမီတော့ လိုချင်ပါတယ်။ ပေးရင်တော့ ရမှာပါ။ မရရင်လည်း ပရိသတ်တွေချစ်တာနဲ့ ကျေနပ်ပါပြီ၊ အထူးဆုကိုတော့ သားတို့လိုချင်ပါတယ်” လို့ ဆိုလာခဲ့သလို သူတို့နှစ်ယောက် အကောင်းဆုံးကလေးသရုပ်ဆောင်နှစ်ယောက်ဖြစ်လာဖို့ မင်းသားချော နေတိုးကလည်း အများကြီး သင်ကြားပေးခဲ့သလို ဒီနှစ်ရဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ဦးဦးနေတိုးကို ထပ်ရစေချင်ပါတယ်လို့ ဆုတောင်းစကားတွေ ဆိုခဲ့တာကြောင့် ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ရပါတယ်။
share from : burmese.asia
LEAVE A REPLY