Zawgyi ျဖင့္ဖတ္ရန္

လက္ရွိအခ်ိန္မွာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးမႈ ခ်စ္ခင္မႈတို႔ကိုရရွိေနတဲ့ တက္သစ္စ အဆိုေတာ္ အုပ္စိုးခန႔္ကေတာ့ အခုအခ်ိန္မွာ ထြက္ေပၚလ်က္ရွိေနတဲ့ ယြန္းယြန္း နဲ႔က ခ်စ္သူေတြဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေဝဖန္တိုက္ခိုက္မႈတစ္ခုလို႔ပဲ ျမင္ၿပီးေတာ့ ယြန္းယြန္းက စီနီယာ တစ္ေယာက္ျဖစ္ၿပီး သူ႔ထက္ အရာရာသာပါတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

အုပ္စိုးခန႔္က “အဓိကေတာ့ အဲ့လိုစိတ္ဓာတ္ခိုင္မာဖို႔ပဲ အေရးႀကီးတယ္ေလ ကြၽန္ေတာ္လည္း ေဝဖန္မႈပဲေပါ့ေနာ္ သူလည္း ေတြးရင္လည္း ေတြးမွာေပါ့ေနာ္ ဒါလည္းေဝဖန္မႈပဲေပါ့။ ႏွစ္ေယာက္စလုံးကေတာ့ အဲ့လိုမ်ိဳး ပုံစံနဲ႔ပဲ သြားမယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလိုမ်ိဴး အႏုပညာလုပ္ရင္ ဒီလိုမ်ိဳးေဝဖန္မႈေတြက တိုက္ခိုက္မွာပဲ ဒီလိုမ်ိဳးျဖစ္မွာပဲဆိုေတာ့ အဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ဘာမွမေျပာဘဲနဲ႔ အခ်ိန္က စကားေျပာသြားမယ္လို႔ပဲ ကြၽန္ေတာ္ကေတာ့ ယုံၾကည္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ သူကေတာ့ ကြၽန္ေတာ့္ထက္ အမ်ားႀကီး စီနီယာပိုက်တယ္။ သူကေတာ့ ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီမင္းသမီးေပါ့ေနာ္ အဲ့အတြက္ေၾကာင့္မို႔လို႔ အမ်ားႀကီးသာပါတယ္ ကြၽန္ေတာ့္ထက္။”လို႔ ေျပာသြားခဲ့ပါတယ္။

 

 

ပရိသတ္ေတြထဲမွာ ေယာက္်ားေလးပရိသတ္ေတြထက္ မိန္းကေလး ပရိသတ္ ပိုမ်ားေနရတာနဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္ အဲ့လိုေတာ့ မေျပာခ်င္ဘူးေပါ့ေနာ္။ ဒါေပမဲ့ မိန္းကေလးပရိသတ္ေတြ ကြၽန္ေတာ့္ကို အားေပးတယ္ အားေပးတဲ့အခ်ိန္မွာ ကြၽန္ေတာ္ေပ်ာ္တယ္ေပါ့ေနာ္ ဝမ္းသာတယ္။ ဒါေပမဲ့လည္း ဒီအတိုင္းႀကီးပဲ မသြားခ်င္ဘူး ေယာက္်ားေလးေတြေပါ့ ကြၽန္ေတာ္ထြက္တဲ့သီခ်င္းက သူတို႔အတြက္ အဆင္ေျပတဲ့ သီခ်င္းေတြ သူတို႔ႀကိဳက္ႏွစ္သက္မယ့္ သီခ်င္းေတြဘာေတြ လုပ္ဖို႔ႀကိဳးစားေနပါတယ္ေပါ့ေနာ္။ သူတို႔လည္း သဟဇာတ ျဖစ္သြားေအာင္လို႔ေပါ့။”လို႔ ေျပာသြားခဲ့ပါတယ္။

ေဝဖန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း အုပ္စိုးခန႔္က “အဓိကေတာ့ လွသည္ျဖစ္ေစမလွသည္ျဖစ္ေစ ဒီေဝဖန္မႈကေတာ့ လာမွာပဲေလ။ ကြၽန္ေတာ္က ဒီအႏုပညာအလုပ္ကို လုပ္ေနတဲ့ အခ်ိန္မွာ ဒီေဝဖန္မႈေတြလာတယ္ဆိုတာက မဆန္းဘူးေပါ့ေနာ္။ ကြၽန္ေတာ္တစ္ေယာက္ထဲေျပာတာမဟုတ္ဘူး တစ္ျခား ကြၽန္ေတာ့္ထက္ အမ်ားႀကီး ဝါရင့္တဲ့ သူေတြအမ်ားႀကီးကိုလည္းေျပာၾကတာေပါ့။ ကြၽန္ေတာ့္လိုေကာင္မ်ိဳးကို ေျပာတာေတာ့ သိပ္မဆန္းဘူးေပါ့ေနာ္။”လို႔ ေျပာသြားခဲ့ပါတယ္။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ယွန်းယွန်းက ကျွန်တော့်ထက် အများကြီးသာပါတယ်ဆိုတဲ့ အုပ်စိုးခန့်

လက်ရှိအချိန်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှု ချစ်ခင်မှုတို့ကိုရရှိနေတဲ့ တက်သစ်စ အဆိုတော် အုပ်စိုးခန့်ကတော့ အခုအချိန်မှာ ထွက်ပေါ်လျက်ရှိနေတဲ့ ယွန်းယွန်း နဲ့က ချစ်သူတွေဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ ဝေဖန်တိုက်ခိုက်မှုတစ်ခုလို့ပဲ မြင်ပြီးတော့ ယွန်းယွန်းက စီနီယာ တစ်ယောက်ဖြစ်ပြီး သူ့ထက် အရာရာသာပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အုပ်စိုးခန့်က “အဓိကတော့ အဲ့လိုစိတ်ဓာတ်ခိုင်မာဖို့ပဲ အရေးကြီးတယ်လေ ကျွန်တော်လည်း ဝေဖန်မှုပဲပေါ့နော် သူလည်း တွေးရင်လည်း တွေးမှာပေါ့နော် ဒါလည်းဝေဖန်မှုပဲပေါ့။ နှစ်ယောက်စလုံးကတော့ အဲ့လိုမျိုး ပုံစံနဲ့ပဲ သွားမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိူး အနုပညာလုပ်ရင် ဒီလိုမျိုးဝေဖန်မှုတွေက တိုက်ခိုက်မှာပဲ ဒီလိုမျိုးဖြစ်မှာပဲဆိုတော့ အဲ့အတွက်ကြောင့် ကျွန်တော်ဘာမှမပြောဘဲနဲ့ အချိန်က စကားပြောသွားမယ်လို့ပဲ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူကတော့ ကျွန်တော့်ထက် အများကြီး စီနီယာပိုကျတယ်။ သူကတော့ ကလေးသရုပ်ဆောင် အကယ်ဒမီမင်းသမီးပေါ့နော် အဲ့အတွက်ကြောင့်မို့လို့ အများကြီးသာပါတယ် ကျွန်တော့်ထက်။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေထဲမှာ ယောက်ျားလေးပရိသတ်တွေထက် မိန်းကလေး ပရိသတ် ပိုများနေရတာနဲ့ ပတ်သက်ပြီး “ကျွန်တော် အဲ့လိုတော့ မပြောချင်ဘူးပေါ့နော်။ ဒါပေမဲ့ မိန်းကလေးပရိသတ်တွေ ကျွန်တော့်ကို အားပေးတယ် အားပေးတဲ့အချိန်မှာ ကျွန်တော်ပျော်တယ်ပေါ့နော် ဝမ်းသာတယ်။ ဒါပေမဲ့လည်း ဒီအတိုင်းကြီးပဲ မသွားချင်ဘူး ယောက်ျားလေးတွေပေါ့ ကျွန်တော်ထွက်တဲ့သီချင်းက သူတို့အတွက် အဆင်ပြေတဲ့ သီချင်းတွေ သူတို့ကြိုက်နှစ်သက်မယ့် သီချင်းတွေဘာတွေ လုပ်ဖို့ကြိုးစားနေပါတယ်ပေါ့နော်။ သူတို့လည်း သဟဇာတ ဖြစ်သွားအောင်လို့ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အုပ်စိုးခန့်က “အဓိကတော့ လှသည်ဖြစ်စေမလှသည်ဖြစ်စေ ဒီဝေဖန်မှုကတော့ လာမှာပဲလေ။ ကျွန်တော်က ဒီအနုပညာအလုပ်ကို လုပ်နေတဲ့ အချိန်မှာ ဒီဝေဖန်မှုတွေလာတယ်ဆိုတာက မဆန်းဘူးပေါ့နော်။ ကျွန်တော်တစ်ယောက်ထဲပြောတာမဟုတ်ဘူး တစ်ခြား ကျွန်တော့်ထက် အများကြီး ဝါရင့်တဲ့ သူတွေအများကြီးကိုလည်းပြောကြတာပေါ့။ ကျွန်တော့်လိုကောင်မျိုးကို ပြောတာတော့ သိပ်မဆန်းဘူးပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

share from :burmese.asia