Zawgyi ျဖင့္ဖတ္ရန္

ဖိလစ္​ပိုင္​ႏို္​င္​ငံ ဟာ ပင္​လယ္ ​အဏၰဝါ​ေရသတၱဝါ အမ်ိဳးအစားစံုလင္​တဲ့​ေနရာမွာ သိပ္​​ေခတ္​စားပါတယ္​။ သမုဒၵရာကြၽန္​းစုႏိုင္​ငံျဖစ္​လို႔ ​ေရ​ေနမ်ိဳးစိတ္​​ေတြက ထူးျခားစြာ႐ွိ​ေနတာမို႔ ​ပင္​လယ္​ၾကမ္​းျပင္​​ေအာက္​ျမင္​ကြင္​း​ေတြကလည္​း တကယ္​့အမိုက္​စား​ေတြမို႔ ကမၻာလွည္​့​ဧည္​့သည္​​ေတြ ပင္​လယ္​ကမ္​း​ေျခမွာ လာ​ေရာက္​အပန္​း​​ေျဖဖို႔ အႀကိဳက္​အ​ေတြ႕ရဆ​ံုး​ေနရာပါပဲ။ ပင္​လယ္​​ေရငုပ္​ခ်င္​သူ​ေတြအတြက္​​ေတာ့ တကယ္​့စိတ္​ႀကိဳက္​ပါပဲ။

ူဒါ​ေပမယ္​့ ဒီလိုျပာလဲ့ခမ္​းနား​ေနတဲ့ ​ေရျပင္​​ေအာက္​မွာ ဧရာမအႏၱရာယ္​ႀကီးတစ္​ခုက ကြန္​းခို​ေနပါတယ္​။ ဒါက​ေတာ့ ကမၻာအ​ဆိပ္​အျပင္​းဆံုးငါးတစ္​မ်ိဳးျဖစ္​တဲ့ ​ေက်ာက္​တံုးငါး StoneFish ပါပဲ။ သူက ပရိယာယ္​ႂကြယ္​လွၿပီး လူမျမင္​​သာ​ေအာင္​ ကိုယ္​​ေယာင္​ေဖ်ာက္​ႏိုင္​တဲ့ ​အတတ္​အရာမွာ ပိပိရိရိ နဲ႔ ​လူမသိ​ရ​ေအာင္​ ပံုဖ်က္​သိုသပ္​ ​ေနတတ္​တဲ့ သတၱဝါပါ။​ေက်ာခ်မ္​းစရာအ​ေကာင္​းဆံုး ပင္​လယ္​သတၱဝါ က ငါးမန္​းလို႔သတ္​မွတ္​မယ္​ဆို Stonefish ဟာ ​ေသြးပ်က္​ဖို႔္​အ​ေကာင္​းဆံုးပါပဲ။ သာမန္​​ေက်ာက္​တံုးတစ္​တံုးလိုထင္​ရ​ေအာင္​ ​ေနတတ္​သလို အနီ၊ အဝါ အ​ေရာင္​​ေသြးအကြက္​​ေတြ႐ွိ​ေနတာမို႔ ပတ္ဝန္းက်င္မွာရွိတဲ့ ​​​​​သႏၱာ​ေက်ာက္ ​နဲ႔အတူ အ​ေယာင္​​ေဖ်ာက္​​ေနထိုင္​​ေလ့႐ွိပါတယ္​။

အ႐ွည္​ဆံုးအ​ေနနဲ႔ လက္​မ ၂၀ ႐ွိတတ္​ၿပီး အ​ေလးခ်ိန္​ ၅ ​ေပါင္​သာ႐ွိတဲ့ သာမန္​ငါး​ေလးျဖစ္​​ေပမယ္​့ အသြားခြၽန္​ထက္​တဲ့ ​ေက်ာ႐ိုးဆူး​ေတာင္​ ၁၃ ​ေခ်ာင္​းပါဝင္​​ေနတယ္​။ ဒါ​ေတြက သူ႕အ​တြက္​ လက္​နက္​​ေတြျဖစ္​တယ္​။ ဆူး​ေတာင္​တစ္​​ေခ်ာင္​းစီမွာ အဆိပ္​ရည္​အိတ္​ ၂ အိတ္​ ႐ွိတာ​ေၾကာင္​့ပါပဲ။ သူ႕အ​ေပၚ မ​ေတာ္​တဆ ​ေျခ​ေထာက္​နဲ႔ တစ္​ခ်က္​နင္​းလိုက္​မိတာနဲ႔ ဆူး​ေတာင္​​ေတြနဲ႔​ေျပးမလြတ္​​ေတာ့ပါဘူး။

ဆူး​ေတာင္​က​ေန အဆိပ္​ရည္​​ေတြပန္း​ထုတ္​ပစ္​လိုက္​ၿပီး အဆိပ္​မိၿပီဆိုတာနဲ႔.ဖိနင္​းမိလို္​က္​တဲ့ အတိမ္​အနက္​အ​ေပၚမူတည္​ၿပီး ၁နာရီအတြင္​း ​ေသဆံုးသြား​ေစႏိုင္​တဲ့အထိ အဆိပ္​ျပင္​းလွပါတယ္​။Stonefish ​ေတြရဲ႕ ဒဏ္​ကိုကာကြယ္​ဖို႔ ​ပင္​လယ္​​ေရငုပ္​ေတာ့မယ္​ဆိုရင္​ အစိုခံဖိနပ္​​ေတြ ခုခံဝတ္​ဆင္​သြား​ေပးရမွာျဖစ္​ၿပီး အဆိပ္​မိတဲ့ဒဏ္​က ​ေတာ္​​ေတာ္​ဒုကၡႀကီးတာ​ေၾကာင္​့ပါ။

အဆိပ္​​ေတြက ​ေသြး​ေၾကာ​ေတြဝင္​​ေရာက္​သြားၿပီဆိုတာနဲ႔ အဆိပ္​္​အာနိသင္​ျပင္​းထန္​မႈ​ေၾကာင္​့ ဦး​ေႏွာက္​မွာ ​ေအာက္​စီဂ်င္​ျပတ္​လပ္​လာၿပီး တုန္​းခနဲ​ေသဆံုးသြားႏုိင္​ပါတယ္​။ ဒီနည္​းအတိုင္​း လူအ​ေတာ္​မ်ားမ်ား ​ေသဆံုးခဲ့တဲ့ မွတ္​တမ္​း​ေတြ​ ဒုနဲ႔​ေဒး ႐ွိခဲ့ ပါတယ္​။ ​

​ေျပာရရင္​ ​ေက်ာက္​တံုး​ငါးနဲ႔ပတ္​သက္​ၿပီး မ်က္​လံုးျပဴးအံ့အားသင္​့စရာအခ်က္​က ဖိလစ္​ပိုင္​ႏိုင္​ငံက ဂ်ပန္​စား​ေသာက္​ဆိုင္​​ေတြမွာ ​သိပ္​​ေရပန္​းစားျပ​ီး ​ေစ်းႀကီး​ေပးၾကရတာ ဆာ႐ွီမီနဲ႔အတူတြဲစားတဲ့ ​ေက်ာက္​တံုးငါးဟင္​းလ်ာ​ေတြပါပဲ။

ဘယ္​လိုသတၱိမ်ိဳးနဲ႔ စားၾကတယ္​​ေျပာစရာ႐ွိ​ေပမယ္​့ ငါးရဲ႕ အသား​လႊာ​ေလး​ေတြက ႏူး ညံ့ခ်ိဳျမ​ေနတာမို႔ သိပ္​အရသာ႐ွိလြန္​းၿပီး စား​ေကာင္​းတယ္​လို႔နာမည္​ႀကီးပါတယ္​။ ရယ္​စရာ လုပ္​ရမယ္​ဆိုရင္​​ေတာ့ လူ​ေတြရဲ႕လက္​စား​ေခ်လိုစိတ္​ကလည္​း ​ေတာ္​​ေတာ္​မ​ေသး ဘူး​ေျပာရမွာပါ။

Credit:nanmalgyi

Unicode ဖြင့်ဖတ်ရန်

ဖိလစ်ပိုင်နိုင်ငံဟာ ပင်လယ်အဏ္ဏဝါရေသတ္တဝါ အမျိုးအစားစုံလင်တဲ့နေရာမှာ သိပ်ခေတ်စားပါတယ်။ သမုဒ္ဒရာကျွန်းစုနိုင်ငံဖြစ်လို့ ရေနေမျိုးစိတ်တွေက ထူးခြားစွာရှိနေတာမို့ ပင်လယ်ကြမ်းပြင်အောက်မြင်ကွင်းတွေကလည်း တကယ့်အမိုက်စားတွေမို့ ကမ္ဘာလှည့်ဧည့်သည်တွေ ပင်လယ်ကမ်းခြေမှာ လာရောက်အပန်းဖြေဖို့ အကြိုက်အတွေ့ရဆုံးနေရာပါပဲ။ ပင်လယ်ရေငုပ်ချင်သူတွေအတွက်တော့ တကယ့်စိတ်ကြိုက်ပါပဲ။

ူဒါပေမယ့် ဒီလိုပြာလဲ့ခမ်းနားနေတဲ့ ရေပြင်အောက်မှာ ဧရာမအန္တရာယ်ကြီးတစ်ခုက ကွန်းခိုနေပါတယ်။ ဒါကတော့ ကမ္ဘာအဆိပ်အပြင်းဆုံးငါးတစ်မျိုးဖြစ်တဲ့ ကျောက်တုံးငါး StoneFish ပါပဲ။ သူက ပရိယာယ်ကြွယ်လှပြီး လူမမြင်သာအောင် ကိုယ်ယောင်ဖျောက်နိုင်တဲ့ အတတ်အရာမှာ ပိပိရိရိ နဲ့ လူမသိရအောင် ပုံဖျက်သိုသပ် နေတတ်တဲ့ သတ္တဝါပါ။ကျောချမ်းစရာအကောင်းဆုံး ပင်လယ်သတ္တဝါ က ငါးမန်းလို့သတ်မှတ်မယ်ဆို Stonefish ဟာ သွေးပျက်ဖို့်အကောင်းဆုံးပါပဲ။ သာမန်ကျောက်တုံးတစ်တုံးလိုထင်ရအောင် နေတတ်သလို အနီ၊ အဝါ အရောင်သွေးအကွက်တွေရှိနေတာမို့ ပတ်ဝန်းကျင်မှာရှိတဲ့ သန္တာကျောက်နဲ့အတူ အယောင်ဖျောက်နေထိုင်လေ့ရှိပါတယ်။

အရှည်ဆုံးအနေနဲ့ လက်မ ၂၀ ရှိတတ်ပြီး အလေးချိန် ၅ ပေါင်သာရှိတဲ့ သာမန်ငါးလေးဖြစ်ပေမယ့် အသွားချွန်ထက်တဲ့ ကျောရိုးဆူးတောင် ၁၃ ချောင်းပါဝင်နေတယ်။ ဒါတွေက သူ့အတွက် လက်နက်တွေဖြစ်တယ်။ ဆူးတောင်တစ်ချောင်းစီမှာ အဆိပ်ရည်အိတ် ၂ အိတ် ရှိတာကြောင့်ပါပဲ။ သူ့အပေါ် မတော်တဆ ခြေထောက်နဲ့ တစ်ချက်နင်းလိုက်မိတာနဲ့ ဆူးတောင်တွေနဲ့ပြေးမလွတ်တော့ပါဘူး။

ဆူးတောင်ကနေ အဆိပ်ရည်တွေပန်းထုတ်ပစ်လိုက်ပြီး အဆိပ်မိပြီဆိုတာနဲ့.ဖိနင်းမိလိုက်တဲ့ အတိမ်အနက်အပေါ်မူတည်ပြီး ၁နာရီအတွင်း သေဆုံးသွားစေနိုင်တဲ့အထိ အဆိပ်ပြင်းလှပါတယ်။Stonefish တွေရဲ့ ဒဏ်ကိုကာကွယ်ဖို့ ပင်လယ်ရေငုပ်တော့မယ်ဆိုရင် အစိုခံဖိနပ်တွေ ခုခံဝတ်ဆင်သွားပေးရမှာဖြစ်ပြီး အဆိပ်မိတဲ့ဒဏ်က တော်တော်ဒုက္ခကြီးတာကြောင့်ပါ။

အဆိပ်တွေက သွေးကြောတွေဝင်ရောက်သွားပြီဆိုတာနဲ့ အဆိပ်အာနိသင်ပြင်းထန်မှုကြောင့် ဦးနှောက်မှာ အောက်စီဂျင်ပြတ်လပ်လာပြီး တုန်းခနဲသေဆုံးသွားနိုင်ပါတယ်။ ဒီနည်းအတိုင်း လူအတော်များများ သေဆုံးခဲ့တဲ့ မှတ်တမ်းတွေ ဒုနဲ့ဒေး ရှိခဲ့ ပါတယ်။

ပြောရရင် ကျောက်တုံးငါးနဲ့ပတ်သက်ပြီး မျက်လုံးပြူးအံ့အားသင့်စရာအချက်က ဖိလစ်ပိုင်နိုင်ငံက ဂျပန်စားသောက်ဆိုင်တွေမှာ သိပ်ရေပန်းစားပြီး ဈေးကြီးပေးကြရတာ ဆာရှီမီနဲ့အတူတွဲစားတဲ့ ကျောက်တုံးငါးဟင်းလျာတွေပါပဲ။

ဘယ်လိုသတ္တိမျိုးနဲ့ စားကြတယ်ပြောစရာရှိပေမယ့် ငါးရဲ့ အသားလွှာလေးတွေက နူး ညံ့ချိုမြနေတာမို့ သိပ်အရသာရှိလွန်းပြီး စားကောင်းတယ်လို့နာမည်ကြီးပါတယ်။ ရယ်စရာ လုပ်ရမယ်ဆိုရင်တော့ လူတွေရဲ့လက်စားချေလိုစိတ်ကလည်း တော်တော်မသေး ဘူးပြောရမှာပါ။

Credit:nanmalgyi

LEAVE A REPLY