Zawgyi ဖြင့်ဖတ်ရန်

 














Unicode ဖြင့်ဖတ်ရန်

ယောက်ျားဖြစ်သူထံ ပို့တဲ့ အိပ်ယာထဲက အလွမ်းဖျောက် အာသာပြေ ဗီဒီယိုကို လူ၂၀၀၀ကျော် မြင်သွားလို့ အရှက်တကွဲဖြစ်ခဲ့ရတဲ့ အမျိုးသမီး. . .

အမျိုးသမီး တစ်ယောက်ဟာ ခင်ပွန်းသည် အတွက် ခပ်မိုက်မိုက်ခပ်ကြမ်းကြမ်းဗီဒီယိုလေးရိုက်ပို့ဖို့စိတ်ကူးရခဲ့ပါတယ်။ ဒါကြောင့် ဖေ့စ်ဘုတ်ကနေ ဗီဒီယိုတင်ဖို့လုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ ဆက်တင်ချိန်တာမှားသွားပြီး အဆိုပါဗီဒီယိုကို ခင်ပွန်းသည်သာမက သူမရဲ့ဖေ့စ်ဘုတ်ကသူငယ်ချင်း ၂၀၀၀ပါ အကုန်မြင်တွေ့သွားခဲ့ကြပါတယ်။

အဆိုပါဗီဒီယိုမှာတော့ သူမဟာ အိပ်ရာထဲမှာ တခြားသူတွေတွေ့လို့မဖြစ်တာကိစ္စတွေကိုလုပ်နေခဲ့တာပါ။ ခင်ပွန်းသည်ကြည့်ဖို့ရိုက်ခဲ့တာဖြစ်ပေမယ့် တခြားသူတွေပါ မြင်သွားခဲ့ပါတယ်။

သူမရဲ့ခင်ပွန်းက အလုပ်ကိစ္စနဲ့အဝေးရောက်နေလို့ ၂ယောက်သားတစ်ယောက်ကိုတစ်ယောက်တော်တော်လေးသတိရနေကြတာပါ။ အဝေးရောက်နေတဲ့ခင်ပွန်းကို အလွမ်းပြေ ဆက်စီ ဗီဒီယိုရိုက်ပို့ခဲ့ပေမယ့် မှားပြီး ဖေ့စ်ဘုတ်စတိုရီမှာ တင်လိုက်မိလို့ သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေပါအကုန်တွေ့သွားခဲ့ပါတယ်။

ပိုဆိုးတာက အသက်၂၀အရွယ်သားဖြစ်သူကပါ မိခင်ဖြစ်သူရဲ့မဖွယ်မရာဗီဒီယိုကို မြင်တွေ့သွားတာပါပဲ။ ဒီကိစ္စကြောင့် သားဖြစ်သူအနေနဲ့ မိခင်ဖြစ်သူကို ရင်ဆိုင်နိုင်ဖို့တော်တော်အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။

အခုလို လူသိရှင်ကြား မှားပြီး ပို့စ်တင်တဲ့ကိစ္စကြောင့် ခင်ပွန်းသည်ကလည်း စိတ်ဆိုးပြီး ရက်အတော်ကြာ သူမကို စကားမပြောခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့်အမျိုးသမီးခမျာ အချိန်တော်တော်ကြာ ရှက်ရွံ့ဒေါသထွက်ခဲ့ရပြီး အချိန်တွေက သူမရဲ့အဖြစ်ကို ဖုံးကွယ်ပေးသွားဖို့ လိုလားတယ်လို့ ပြောပါတယ်။

တကယ်တမ်း တွေးကြည့်ရင် ဒီဖြစ်ရပ်လေးဟာ တစ်ဦးတစ်ယောက်ထဲ ထိခိုက်တာ မဟုတ်ပဲ မိသားစု အသိုင်းအဝိုင်း ဆွေမျိုးမိတ်သင်္ဂဟတွေပါ မျက်နှာပူ ရှက်စရာတွေ ဖြစ်စေခဲ့တာပါပဲ။

ယခုလို ပို့စ်တင် လွဲမှားမှုကြောင့်သာ မဟုတ်ပဲ cbကနေ ဆက်စီပုံတွေ / တစ်ကိုယ်ရည် အာသာဖြေတာတွေ နဲ့ နှစ်ကိုယ်ကြား လိင်မှုကိစ္စတွေ ပေးပို့ ပြောကြားခဲ့မိကြလို့ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ကြရတာတွေ မနည်းလှတော့ပါဘူး။

ဆိုရှယ်မီဒီယာ လူမှုကွန်ယက် အကောင့်များဟာ အမြဲစိတ်ချနေရတာ မဟုတ်ပါ။ ကိုယ့်accက မသမာသူတွေ လက်ထဲ ရောက်ရှိသွားတာမျိုး ဖြစ်စေ (သို့မဟုတ်) ကိုယ့်ဖုန်းက ကျပျောက်တာ အခိုးခံရတာမျိုး ဖြစ်စေ ကြုံလာခဲ့တာမျိုးဆိုရင်လည်း ယခုလို အရှက်ရစရာတွေ ကြုံကြရလေ့ရှိပါတယ်။

သို့ဖြစ်ပါ၍ ဖေ့ဘုတ်စ်မှ မဟုတ်ပေ မည်သည့်လူမှုကွန်ယက်ပေါ်မှာမဆို ချစ်သူရည်းစား လင်မယား နှစ်ကိုယ်ကြားကိစ္စတွေကို ပြောဆိုရေးသားခြင်း၊ ပုံများ၊ ဗီဒီယိုများ အပြန်အလှန် ပေးပို့ကြခြင်းတို့ကို အတတ်နိုင်ဆုံး မပြုလုပ်မိကြဖို့ အထူးသတိထားဖို့လိုသလို

ကိုယ်နဲ့ ပတ်သက်ဆက်နွယ်နေသော မိသားစုဝင် ၊ ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ကြိုတင်ကာကွယ်တဲ့သဘောနဲ့ shareမျှဝေ အသိပေးထားကြဖို့ လိုပါတယ်။

share from : burmese.asia/

LEAVE A REPLY