Zawgyi ျဖင့္ဖတ္ရန္

 

ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ေလး ခု၌ အခ်ိန္အခါ မဟုတ္ မုိးရြာႏုိင္ၿပီး ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး တြင္ မုိးတိမ္ေတာင္အႏၲရာယ္ သတိျပဳရန္ ေဒါက္တာထြန္းလြင္ က သတိေပးသည္။

ယခုရက္ပိုင္းအတြင္း ျဖစ္ ေပၚႏုိင္ေသာ မုိးေလ၀သအေျခအေနကုိ ေဒါက္တာထြန္းလြင္ က သတင္း ထုတ္ျပန္ရာ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ ပုိင္း၌ မုိးႀကိဳးႏွင့္ ေလျပင္းအႏၲ ရာယ္ျဖစ္ေစေသာ မုိးတိမ္ေတာင္ ကုိ သတိေပးထားသည္။

လာမည့္ ႏွစ္ရက္အတြင္း ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ ပုိင္းႏွင့္ တနသၤာရီတုိင္းေဒသႀကီး တြင္ အခ်ိန္အခါမဟုတ္ မုိးရြာႏုိင္ ေၾကာင္း သတိေပးထားသည္။

ေန႔အပူခ်ိန္မ်ား အ ေျခ အ ေန ျဖင့္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) တို႔မွာ 26°C မွ 30°C ခန္႔၊ ရွမ္းျပည္ နယ္(ေျမာက္ပိုင္း)၊ ရွမ္းျပည္နယ္္(အ ေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္ စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း) ႏွင့္ တနသၤာရီတိုင္းေဒသႀကီး တို႕တြင္ 31°C မွ 35°C ခန္႔၊ က်န္ေဒ သ ေတြ မွာ 36°C မွ 42°C အထိရွိ ႏိုင္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ား အ ေျခ အ ေန။၊ တစ္ျပည္လံုး မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္း ကိန္း လြန္ကဲအဆင့္ တြင္ရွိႏိုင္ပါတယ္။ လတ္တေလာအတြင္း အပူခ်ိန္ ျမင့္တက္လာျခင္းႏွင့္အတူေႏြရာသီတြင္ ႀကံဳေတြ႕ရေသာ သဘာ၀ေဘးမ်ား ဂ႐ုစုိက္ေနထုိင္ရန္ မုိးဇလက သတိေပးသည္။

Source – 7Day, U Tun Lwin, မုိးဇလက

Unicode ဖြင့်ဖတ်ရန်

ဒေသ (၄) ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး တပြည်လုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း..

ရန်ကုန်တိုင်းဒေသကြီး နှင့် ပြည်နယ်လေး ခု၌ အချိန်အခါ မဟုတ် မိုးရွာနိုင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် မိုးတိမ်တောင်အန္တရာယ် သတိပြုရန် ဒေါက်တာထွန်းလွင် က သတိပေးသည်။

ယခုရက်ပိုင်းအတွင်း ဖြစ် ပေါ်နိုင်သော မိုးလေဝသအခြေအနေကို ဒေါက်တာထွန်းလွင် က သတင်း ထုတ်ပြန်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၌ မိုးကြိုးနှင့် လေပြင်းအန္တ ရာယ်ဖြစ်စေသော မိုးတိမ်တောင် ကို သတိပေးထားသည်။

လာမည့် နှစ်ရက်အတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး တွင် အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း သတိပေးထားသည်။

နေ့အပူချိန်များ အ ခြေ အ နေ ဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ 26°C မှ 30°C ခန့်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် 31°C မှ 35°C ခန့်၊ ကျန်ဒေ သ တွေ မှာ 36°C မှ 42°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အ ခြေ အ နေ။၊ တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း လွန်ကဲအဆင့် တွင်ရှိနိုင်ပါတယ်။ လတ်တလောအတွင်း အပူချိန် မြင့်တက်လာခြင်းနှင့်အတူနွေရာသီတွင် ကြုံတွေ့ရသော သဘာဝဘေးများ ဂရုစိုက်နေထိုင်ရန် မိုးဇလက သတိပေးသည်။

Source – 7Day, U Tun Lwin, မိုးဇလက

LEAVE A REPLY