Zawgyi ျဖင့္ဖတ္ရန္

ေတာင္ငူၿမိဳ႕နယ္၊ လိြဳင္ေကာ္-လိပ္သိုလ္-ေတာင္ငူလမ္း ေလးမိုင္စစ္ေဆးေရးဂိတ္တြင္ မတ္လ ၁၃ ရက္၊ နံနက္ ၁ နာရီေက်ာ္က ဟီးႏိုးကုန္တင္ယာဥ္တစ္စင္းကို စစ္ေဆးရာမွက်ပ္ သိန္း၂၈၀၀၀ ေက်ာ္ဖုိး႐ွိ WY အမွတ္သားပါ မူးယစ္စိတ္ႂကြေဆးျပား ဆယ္သိန္းနီးပါး စံခ်ိန္တင္ဖမ္းမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိ႐ွိရသည္။

“မသကၤာဖြယ္ကားကို ရပ္ခုိင္းတာမရပ္ဘဲ ထြက္ေျပးလို႔ လိုက္လံဖမ္းဆီးရာက သေျပလွေက်းရြာနားမွာ ဖမ္းဆီးရမိခဲ့ပါတယ္။ လြိဳင္ေကာ္ဘက္ကလာတာလို႔သိရၿပီး ယာဥ္ေမာင္းကို ဖမ္းဆီးရမိခဲ့ေပမယ့္ အေဖာ္ပါတဲ့အမ်ဳိးသားတိမ္းေ႐ွာင္သြားၿပီး ဖမ္းဆီးႏိုင္ဖို႔ ရဲတပ္ဖြဲ႔ခ်င္း ခ်ိတ္ဆက္စံုစမ္းေနတယ္”ဟု ဖမ္းဆီးရာတြင္ပါဝင္သည့္ ရဲအရာ႐ွိတစ္ဦးက ေျပာၾကားသည္။

ဖမ္းမိၿပီးေနာက္ ယာဥ္ကုိစစ္ေဆးရာ ကုန္ပစၥည္းမ်ိဳးစံုေအာက္တြင္ ပလက္စတစ္အၾကည္ေရာင္ျဖင့္ ထုပ္ပိုးထားသည့္ မူးယစ္ေဆး ၉၆၅၂၅၀ ျပားကို စစ္ေဆးေတြ႔ရွိခဲ့ၿပီး ယာဥ္ေမာင္း ကုိထြန္းထြန္းလင္း (၃၅ ႏွစ္) ကို ဖမ္းဆီးရမိခဲ့ေသာ္လည္း ကုိစိန္လြင္ဦး (၄၀ ႏွစ္) မွာမူ ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႔မွတ္တမ္းမ်ားအရ သိ႐ွိရသည္။

အမႈႏွင့္ပတ္သက္ၿပီး ကုိထြန္းထြန္းလင္းႏွင့္ ကုိစိန္လြင္ဦးတို႔ကို ေတာင္ငူ အမွတ္ ၃ နယ္ေျမရဲစခန္းက မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ ျဖင့္ အမႈဖြင့္ကာ ဆက္စပ္တရားခံမ်ား ဖမ္းမိေရးေဆာင္ရြက္ေနေၾကာင္း အဆိုပါရဲစခန္းထံမွ သိ႐ွိရသည္။

Credit:Thevoice

Unicode ဖြင့်ဖတ်ရန်

တောင်ငူမြို့နယ်၊ လွိုင်ကော်-လိပ်သိုလ်-တောင်ငူလမ်း လေးမိုင်စစ်ဆေးရေးဂိတ်တွင် မတ်လ ၁၃ ရက်၊ နံနက် ၁ နာရီကျော်က ဟီးနိုးကုန်တင်ယာဉ်တစ်စင်းကို စစ်ဆေးရာမှကျပ် သိန်း၂၈၀၀၀ ကျော်ဖိုးရှိ WY အမှတ်သားပါ မူးယစ်စိတ်ကြွဆေးပြား ဆယ်သိန်းနီးပါး စံချိန်တင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“မသင်္ကာဖွယ်ကားကို ရပ်ခိုင်းတာမရပ်ဘဲ ထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာက သပြေလှကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ လွိုင်ကော်ဘက်ကလာတာလို့သိရပြီး ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပေမယ့် အဖော်ပါတဲ့အမျိုးသားတိမ်းရှောင်သွားပြီး ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်စုံစမ်းနေတယ်”ဟု ဖမ်းဆီးရာတွင်ပါဝင်သည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းမိပြီးနောက် ယာဉ်ကိုစစ်ဆေးရာ ကုန်ပစ္စည်းမျိုးစုံအောက်တွင် ပလက်စတစ်အကြည်ရောင်ဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေး ၉၆၅၂၅၀ ပြားကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်း ကိုထွန်းထွန်းလင်း (၃၅ နှစ်) ကို ဖမ်းဆီးရမိခဲ့သော်လည်း ကိုစိန်လွင်ဦး (၄၀ နှစ်) မှာမူ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ကိုထွန်းထွန်းလင်းနှင့် ကိုစိန်လွင်ဦးတို့ကို တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ ဖြင့် အမှုဖွင့်ကာ ဆက်စပ်တရားခံများ ဖမ်းမိရေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

Credit:Thevoice

LEAVE A REPLY