Zawgyi ျဖင့္ဖတ္ရန္

 

အဆိုေတာ္ ဂ်ီလတ္ ရဲ႕ ညီအရင္းျဖစ္သူ ေတးေရး ကမာၻကေတာ့ ဒီကေန႔ တနလၤာေန႔ နံနက္အေစာပိုင္းက ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕ မဂၤလာဒီက ရပ္ကြက္ သီရိမ႑ိဳင္လမ္းမႀကီးေပၚမွာ ခားမွာ ထိုးသြင္းဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြနဲ႔အတူတူ အႏုပညာ အသိုင္းအဝိုင္းတစ္ခုလုံးက ေတးေရးကမာၻအတြက္ စိတ္မေကာင္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ေတးေရးကမာၻနဲ႔ ခင္မင္ရင္းႏွီးတဲ့ ဆရာေတာ္တစ္ပါးကလဲ ကမာၻနဲ႔ပတ္သတ္တဲ့ အမွတ္တရကို အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။

“လြန္ခဲ့တဲ့ သုံးႏွစ္ေက်ာ္ေလာက္က ကိုယ္တည္းေနတဲ့ ဟိုတယ္ကို စာအုပ္ေတြ တေပြ႕တပိုက္ႀကီးနဲ႔ သူေရာက္လာတယ္။ ဘုန္းဘုန္းအတြက္ စာအုပ္လက္ေဆာင္ လာေပးတာတဲ့။ တပည့္ေတာ္က ခရစ္ယာန္မို႔ ကန္ေတာ့လို႔ မရတာကို နားလည္ေပးပါတဲ့။ ကန္ေတာ့ မရဘူးသာ ဆိုတယ္ သူက ကိုယ့္ကို အ႐ိုအေသေပးေတာ့ သူ႔နဖူးက ကိုယ့္ေျခဖမိုးကို ထိေနၿပီ။”

“ၿပီးခဲ့တဲ့ လကလည္း သူက လွမ္းၿပီး ဖုန္းဆက္ေသးတယ္ ဘုန္းဘုန္းကို သတိရလို႔တဲ့ ဘုန္းဘုန္းအတြက္ စာအုပ္ေတြ စုထားတယ္ေနာ္ တဲ့ မၾကာခင္ မန္းေလးလာခဲ့မယ္ ျပန္ဆုံၾကမယ္ေနာ္ တဲ့။ တခါတုန္းက ကိုယ္ကေန သူ႔အေပၚ နည္းနည္းပါးပါး ကူညီထားဖူးေတာ့ သူတတ္ႏိုင္တာေတြနဲ႔ ျပန္ၿပီး ကိုယ့္ကို ကူညီေနတာ။”

“ကမာၻရယ္ မင္းေျပာေတာ့ ငါတို႔ ျပန္ဆုံၾကမယ္ဆို ..ခုေတာ့ ႐ုတ္တရက္ႀကီး ထြက္ခြာသြားၿပီတဲ့လားကြာ..မင္းရဲ႕ သတင္းကို ၾကားရေတာ့ ငါ အေတာ့္ကို စိတ္ထိခိုက္ရပါတယ္။ မင္း သိပ္ခ်စ္တဲ့ ဘုရားသခင္ရဲ႕ အထံပါးမွာ မင္း ေအးခ်မ္းစြာ အနားယူပါေတာ့ကြာ ကမာၻဟာ ဘယ္ေလာက္ေတာင္ လူပီသလဲဆိုတာ သိခ်င္ရင္ သူေရးခဲ့တဲ့ ေအာက္က ပိုစ့္ေလးကို ဖတ္ၾကည့္ၾကည့္ပါ။”

“ဆြမ္းေလာင္း အသင္းက ဦးမိုက္ခဲ ေအာ္ဟစ္ ေနတုန္း ဆရာေတာ္ တစ္ပါး ႂကြလာတယ္။ ဆြမ္းမကပ္ ကန္ေတာ့ ဆြမ္း တဲ့။ ျမင္ေနရေတာ့ ရင္ထဲမေကာင္းဘူး။ ထမင္းျဖဴ ၂၀၀ ဖိုး နဲ႔ ၾကက္ဥေၾကာ္ ေလး ေျပးဝယ္တယ္။ ၿပီးေတာ့သူ႔ ေနာက္ေျပး လိုက္ၿပီး ‘ဘုန္းဘုန္း ဆြမ္းကပ္မလို႔ပါ တန္႔ေတာ္မူပါအုန္း ဆိုေတာ့ ရပ္ေတာ္မူတယ္။ သပိတ္ထဲ ကပ္ၿပီးေတာ့ ”ဝတ္ျပဳေလ ဆုေပးမလို႔ ”တဲ့။ သနားပါတယ္ သူ ျပန္လုပ္ေပးႏိုင္တာေလးေလ။ ”ဘုန္းဘုန္း တပည့္ေတာ္က ဗုဒၶဘာသာ မဟုတ္ဘူး ခရစ္ယာန္ပါ တပါးသူကို ဦးခ် မရလို႔ပါ စိတ္မရွိပါနဲ႔” ေျပာလိုက္ေတာ့သာဓု သာဓု သာဓု တဲ့မ်က္ရည္ေတြဝဲေနတယ္…ေဖကမာၻၿငိမ္းခ်မ္း

ဘာသာျခားတစ္ဦးျဖစ္ေပမယ့္ မိမိဘာသာကိုသာမက တျခားဘာသာကိုပါ ေလးစား႐ိုေသတတ္တဲ့ ကမာၻတစ္ေယာက္ ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ေတးေရးကမာၻကေတာ့ ျပန္မလာႏိုင္ေတာ့တဲ့ လမ္းကို ထြက္ခြာသြားၿပီျဖစ္ေပမယ့္ သူေရးသားခဲ့တဲ့ သီခ်င္းေကာင္းေတြကေတာ့ ပရိသတ္ေတြၾကားမွာ အၿမဲက်န္ရစ္ၿပီး အမွတ္တရရွိေနဦးမွာပါ။ မိုမိုေလးပရိသတ္ေတြလဲ ကမာၻတစ္ေယာက္ ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါဦး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

တေးရေးကမ္ဘာ က ဘာသာခြားတစ်ဦးဖြစ်ပေမယ့် ဗုဒ္ဓဘာသာ ကို လေးစားသူဖြစ်ကြောင်း ပြောလာတဲ့ ဆရာတော်

အဆိုတော် ဂျီလတ် ရဲ့ ညီအရင်းဖြစ်သူ တေးရေး ကမ္ဘာကတော့ ဒီကနေ့ တနင်္လာနေ့ နံနက်အစောပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့ မင်္ဂလာဒီက ရပ်ကွက် သီရိမဏ္ဍိုင်လမ်းမကြီးပေါ်မှာ ခားမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူတူ အနုပညာ အသိုင်းအဝိုင်းတစ်ခုလုံးက တေးရေးကမ္ဘာအတွက် စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။တေးရေးကမ္ဘာနဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာတော်တစ်ပါးကလဲ ကမ္ဘာနဲ့ပတ်သတ်တဲ့ အမှတ်တရကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က ကိုယ်တည်းနေတဲ့ ဟိုတယ်ကို စာအုပ်တွေ တပွေ့တပိုက်ကြီးနဲ့ သူရောက်လာတယ်။ ဘုန်းဘုန်းအတွက် စာအုပ်လက်ဆောင် လာပေးတာတဲ့။ တပည့်တော်က ခရစ်ယာန်မို့ ကန်တော့လို့ မရတာကို နားလည်ပေးပါတဲ့။ ကန်တော့ မရဘူးသာ ဆိုတယ် သူက ကိုယ့်ကို အရိုအသေပေးတော့ သူ့နဖူးက ကိုယ့်ခြေဖမိုးကို ထိနေပြီ။”

“ပြီးခဲ့တဲ့ လကလည်း သူက လှမ်းပြီး ဖုန်းဆက်သေးတယ် ဘုန်းဘုန်းကို သတိရလို့တဲ့ ဘုန်းဘုန်းအတွက် စာအုပ်တွေ စုထားတယ်နော် တဲ့ မကြာခင် မန်းလေးလာခဲ့မယ် ပြန်ဆုံကြမယ်နော် တဲ့။ တခါတုန်းက ကိုယ်ကနေ သူ့အပေါ် နည်းနည်းပါးပါး ကူညီထားဖူးတော့ သူတတ်နိုင်တာတွေနဲ့ ပြန်ပြီး ကိုယ့်ကို ကူညီနေတာ။”

“ကမ္ဘာရယ် မင်းပြောတော့ ငါတို့ ပြန်ဆုံကြမယ်ဆို ..ခုတော့ ရုတ်တရက်ကြီး ထွက်ခွာသွားပြီတဲ့လားကွာ..မင်းရဲ့ သတင်းကို ကြားရတော့ ငါ အတော့်ကို စိတ်ထိခိုက်ရပါတယ်။ မင်း သိပ်ချစ်တဲ့ ဘုရားသခင်ရဲ့ အထံပါးမှာ မင်း အေးချမ်းစွာ အနားယူပါတော့ကွာ ကမ္ဘာဟာ ဘယ်လောက်တောင် လူပီသလဲဆိုတာ သိချင်ရင် သူရေးခဲ့တဲ့ အောက်က ပိုစ့်လေးကို ဖတ်ကြည့်ကြည့်ပါ။”

“ဆွမ်းလောင်း အသင်းက ဦးမိုက်ခဲ အော်ဟစ် နေတုန်း ဆရာတော် တစ်ပါး ကြွလာတယ်။ ဆွမ်းမကပ် ကန်တော့ ဆွမ်း တဲ့။ မြင်နေရတော့ ရင်ထဲမကောင်းဘူး။ ထမင်းဖြူ ၂၀၀ ဖိုး နဲ့ ကြက်ဥကြော် လေး ပြေးဝယ်တယ်။ ပြီးတော့သူ့ နောက်ပြေး လိုက်ပြီး ‘ဘုန်းဘုန်း ဆွမ်းကပ်မလို့ပါ တန့်တော်မူပါအုန်း ဆိုတော့ ရပ်တော်မူတယ်။ သပိတ်ထဲ ကပ်ပြီးတော့ ”ဝတ်ပြုလေ ဆုပေးမလို့ ”တဲ့။ သနားပါတယ် သူ ပြန်လုပ်ပေးနိုင်တာလေးလေ။ ”ဘုန်းဘုန်း တပည့်တော်က ဗုဒ္ဓဘာသာ မဟုတ်ဘူး ခရစ်ယာန်ပါ တပါးသူကို ဦးချ မရလို့ပါ စိတ်မရှိပါနဲ့” ပြောလိုက်တော့သာဓု သာဓု သာဓု တဲ့မျက်ရည်တွေဝဲနေတယ်…ဖေကမ္ဘာငြိမ်းချမ်း

ဘာသာခြားတစ်ဦးဖြစ်ပေမယ့် မိမိဘာသာကိုသာမက တခြားဘာသာကိုပါ လေးစားရိုသေတတ်တဲ့ ကမ္ဘာတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တေးရေးကမ္ဘာကတော့ ပြန်မလာနိုင်တော့တဲ့ လမ်းကို ထွက်ခွာသွားပြီဖြစ်ပေမယ့် သူရေးသားခဲ့တဲ့ သီချင်းကောင်းတွေကတော့ ပရိသတ်တွေကြားမှာ အမြဲကျန်ရစ်ပြီး အမှတ်တရရှိနေဦးမှာပါ။ မိုမိုလေးပရိသတ်တွေလဲ ကမ္ဘာတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦး။

share from : burmese.asia