Zawgyi ျဖင့္ဖတ္ရန္

သင္းသင္း နဲ႔ ေဝဠဳေက်ာ္ရဲ႕အခ်ိန္အတန္ၾကာေနျပီျဖစ္တဲ့အမႈဟာ ဒီေန႔ မတ္လ (၈) ရက္ သဃၤန္းကြ်န္းျမိဳ႕နယ္တရားရံုးမွာ (၅) ၾကိမ္ေျမာက္ထပ္မံ ရံုးခ်ိန္း ထုတ္စစ္ေဆးမႈကိုျပဳလုပ္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရံုးခ်ိန္းက အသံဖုိင္ေတြတင္သြင္းတယ္လို႔ ေျပာထားဖူးတာကုိ အခုရံုးခ်ိန္းမွာ အသံဖုိင္ေတြနဲ႔ စာေတြတိုက္ဆိုင္စစ္ေဆးခဲ့တယ္လို႔သိရပါတယ္။ အမႈအေျခအေနကိုေဝဠဳေက်ာ္နဲ႔သင္းသင္းက MC နဲ႔ အင္တာဗ်ဴး မွာ ေျဖၾကားေပးသြားပါတယ္။

အမႈစစ္ေဆးခဲ့တာကို တရားလိုေရွ႕ေန ဦးေရာဘတ္ဆန္းေအာင္က “တင္သြင္းထားတဲ့အသံဖိုင္ေတြ၊အဲဒါနဲ႔ပတ္သက္တာကုိဖြင့္နားေထာင္တယ္။ အဲဒီဟာနဲ႔ပတ္သက္တဲ့ေရးထားတဲ့စာေတြနဲ႔တိုက္ၾကည့္တယ္။ နွစ္ဖက္အျငင္းပြားမႈမရွိပါဘူး။ အားလံုးေအးေအးခ်မ္းခ်မ္းပဲစစ္ရပါတယ္။ အဲဒါပါပဲ”လို႔ ေျပာျပထားပါတယ္။

ေဝဠဳေက်ာ္ကေတာ့ လက္ရွိအေျခအေနမွာ ေျဖရွင္းရမယု့္ေနရာကုိမေရာက္ေသးေၾကာင္း “ဘာမွေျဖစရာမရွိေသးပါဘူးဗ်။ ဒါ သူတို႔ဘက္က တင္ျပတာေတြကုိ တရားရံုးက မွန္မမွန္နားေထာင္ေနတယ္။ ျပန္စစ္ေနတဲ့အခ်ိန္ပဲရွိပါေသးတယ္။ ကြ်န္ေတာ္ ျပန္ေျဖရွင္းရမယ့္အလွည့္မေရာက္ေသးပါဘူးခင္ဗ်”လို႔ ေျပာထားပါတယ္။

ဒါ့အျပင္ အသံဖိုင္ေတြထဲမွာ ေျပာထားတာေတြအေၾကာင္း ေဝဠဳေက်ာ္က “ကြ်န္ေတာ္က ဘယ္သူ႔ကုိပဲျဖစ္ျဖစ္ တတ္နုိင္သေလာက္ေတာ့ ကူညီတယ္။လူေတြကုိ ျဖစ္ထြန္းေစခ်င္တယ္။ ကုိယ္ၾကိဳးစားခဲ့ရတာေတြ ကုိယ္ျဖတ္သန္းခဲ့ရတာေတြ လူေတြရဲ႕ဆံုးျဖတ္ခ်က္အေတြးအေခၚေတြမွာ ဘယ္လိုသြားၾကတယ္ဆိုတာေပါ့။ ဒါေတြကြ်န္ေတာ္တို႔က ေျပာတာပါ။ က်န္တာမရွိပါဘူး။ အခုအခ်ိန္အထိလည္း ဘယ္သူ႔ကုိမွ နစ္နာလိုတဲ့ဆႏၵကြ်န္ေတာ့္မွာမရွိေသးပါဘူး”လို႔ ေျဖၾကားထားပါတယ္။

ေနာက္ျပီး သင္းသင္းကုိအသံဖုိင္ေတြထဲမွာအားေပးထားတယ္ဆိုတာကုိလည္း ေဝဠဳေက်ာ္က “ကြ်န္ေတာ္က လူတိုင္းကုိ အတတ္နုိင္ဆံုးကြ်န္ေတာ္ကူညီတယ္။ လူေတြကုိ စိတ္ဓာတ္ခြန္အားရွိလာေစခ်င္တယ္။ စိတ္ညစ္ေနတဲ့လူတစ္ေယာက္ကုိ စိတ္ေျပသြားေအာင္ဘယ္လုိလုပ္မလဲ။ သူတို႔ရဲ႕ဘဝအတြက္ အားငယ္ေနတဲ့ လူကုိခြန္အားျဖစ္္လာေအာင္ ဘယ္လုိပံ့ပုိးမလဲေပ့ါ။ နႈတ္၏ျဖစ္ျဖစ္ လက္၏ျဖစ္ျဖစ္ေပါ့။ဘယ္လုိပံ့ပုိးမလဲ။ ဒါပဲရွိပါတယ္။ က်န္တာမရွိပါဘူး”လုိ႔ ရွင္းျပထားပါတယ္။

သင္းသင္းကေတာ့ ေဝဠဳေက်ာ္က အားေပးစကားေျပာထားတာေတြကုိ ျပန္နားေထာင္ရတဲ့ခံစားခ်က္ကုိ “ဘယ္လိုမွမခံစားပါဘူး။ စကားဆိုတာ အမ်ိဳးမ်ိဳးေျပာထားတာျဖစ္သည့္အတြက္ အစ္မအတြက္ကေတာ့ ဘာခံစားမႈမွမရွိေတာ့ပါဘူး”လို႔ ေျဖထားျပီး အမႈအေျခအေနကုိ “အေျခအေနဘယ္လိုရွိလဲဆိုေတာ့ တရားသူၾကီးပဲဆံုးျဖတ္မွာေလေနာ္ အဲဒါကေတာ့ ကုိယ္ကေတာ့ ကုိယ္လုပ္စရာရွိတာကုိယ္လုပ္ထားပါတယ္”လို႔ ေျဖၾကားထားပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဝေဠုကျော် ရဲ့စကားတွေကို ဘာခံစားချက်မှမရှိတော့ဘူးဆိုတဲ့ သင်းသင်း

သင်းသင်း နဲ့ ဝေဠုကျော်ရဲ့အချိန်အတန်ကြာနေပြီဖြစ်တဲ့အမှုဟာ ဒီနေ့ မတ်လ (၈) ရက် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက်ထပ်မံ ရုံးချိန်း ထုတ်စစ်ဆေးမှုကိုပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းက အသံဖိုင်တွေတင်သွင်းတယ်လို့ ပြောထားဖူးတာကို အခုရုံးချိန်းမှာ အသံဖိုင်တွေနဲ့ စာတွေတိုက်ဆိုင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ အမှုအခြေအနေကိုဝေဠုကျော်နဲ့သင်းသင်းက MC နဲ့ အင်တာဗျူး မှာ ဖြေကြားပေးသွားပါတယ်။

အမှုစစ်ဆေးခဲ့တာကို တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်က “တင်သွင်းထားတဲ့အသံဖိုင်တွေ၊အဲဒါနဲ့ပတ်သက်တာကိုဖွင့်နားထောင်တယ်။ အဲဒီဟာနဲ့ပတ်သက်တဲ့ရေးထားတဲ့စာတွေနဲ့တိုက်ကြည့်တယ်။ နှစ်ဖက်အငြင်းပွားမှုမရှိပါဘူး။ အားလုံးအေးအေးချမ်းချမ်းပဲစစ်ရပါတယ်။ အဲဒါပါပဲ”လို့ ပြောပြထားပါတယ်။

ဝေဠုကျော်ကတော့ လက်ရှိအခြေအနေမှာ ဖြေရှင်းရမယု့်နေရာကိုမရောက်သေးကြောင်း “ဘာမှဖြေစရာမရှိသေးပါဘူးဗျ။ ဒါ သူတို့ဘက်က တင်ပြတာတွေကို တရားရုံးက မှန်မမှန်နားထောင်နေတယ်။ ပြန်စစ်နေတဲ့အချိန်ပဲရှိပါသေးတယ်။ ကျွန်တော် ပြန်ဖြေရှင်းရမယ့်အလှည့်မရောက်သေးပါဘူးခင်ဗျ”လို့ ပြောထားပါတယ်။

ဒါ့အပြင် အသံဖိုင်တွေထဲမှာ ပြောထားတာတွေအကြောင်း ဝေဠုကျော်က “ကျွန်တော်က ဘယ်သူ့ကိုပဲဖြစ်ဖြစ် တတ်နိုင်သလောက်တော့ ကူညီတယ်။လူတွေကို ဖြစ်ထွန်းစေချင်တယ်။ ကိုယ်ကြိုးစားခဲ့ရတာတွေ ကိုယ်ဖြတ်သန်းခဲ့ရတာတွေ လူတွေရဲ့ဆုံးဖြတ်ချက်အတွေးအခေါ်တွေမှာ ဘယ်လိုသွားကြတယ်ဆိုတာပေါ့။ ဒါတွေကျွန်တော်တို့က ပြောတာပါ။ ကျန်တာမရှိပါဘူး။ အခုအချိန်အထိလည်း ဘယ်သူ့ကိုမှ နစ်နာလိုတဲ့ဆန္ဒကျွန်တော့်မှာမရှိသေးပါဘူး”လို့ ဖြေကြားထားပါတယ်။

နောက်ပြီး သင်းသင်းကိုအသံဖိုင်တွေထဲမှာအားပေးထားတယ်ဆိုတာကိုလည်း ဝေဠုကျော်က “ကျွန်တော်က လူတိုင်းကို အတတ်နိုင်ဆုံးကျွန်တော်ကူညီတယ်။ လူတွေကို စိတ်ဓာတ်ခွန်အားရှိလာစေချင်တယ်။ စိတ်ညစ်နေတဲ့လူတစ်ယောက်ကို စိတ်ပြေသွားအောင်ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ဘဝအတွက် အားငယ်နေတဲ့ လူကိုခွန်အားဖြစ်လာအောင် ဘယ်လိုပံ့ပိုးမလဲပေ့ါ။ နှုတ်၏ဖြစ်ဖြစ် လက်၏ဖြစ်ဖြစ်ပေါ့။ဘယ်လိုပံ့ပိုးမလဲ။ ဒါပဲရှိပါတယ်။ ကျန်တာမရှိပါဘူး”လို့ ရှင်းပြထားပါတယ်။

သင်းသင်းကတော့ ဝေဠုကျော်က အားပေးစကားပြောထားတာတွေကို ပြန်နားထောင်ရတဲ့ခံစားချက်ကို “ဘယ်လိုမှမခံစားပါဘူး။ စကားဆိုတာ အမျိုးမျိုးပြောထားတာဖြစ်သည့်အတွက် အစ်မအတွက်ကတော့ ဘာခံစားမှုမှမရှိတော့ပါဘူး”လို့ ဖြေထားပြီး အမှုအခြေအနေကို “အခြေအနေဘယ်လိုရှိလဲဆိုတော့ တရားသူကြီးပဲဆုံးဖြတ်မှာလေနော် အဲဒါကတော့ ကိုယ်ကတော့ ကိုယ်လုပ်စရာရှိတာကိုယ်လုပ်ထားပါတယ်”လို့ ဖြေကြားထားပါတယ်။

share from : burmese.asia