Zawgyi ျဖင့္ဖတ္ရန္

 

သတင္းေထာက္ မိန္းခေလးကို ဂ်ာနယ္တိုက္ ထိ လာေခၚၿပီး သတင္းစာနဲ႔ပါး႐ိုက္တယ္ ။ ဝိုင္းေမာ္ၿမိဳ႕မွာ ေနတဲ့ ေဒသခံ သတင္းေထာက္ေကာင္ေလးကို ထိုင္ထ အခါ (၃၀၀) လုပ္ခိုင္းတယ္ ။ ငွက္ေပ်ာ ကိစၥကို ကြင္းဆင္းစစ္ေဆးခဲ့ဘူးတဲ့ ျပည္နယ္ သယံဇာတ ဝန္ႀကီးရာထူးက အျဖဳတ္ခံလိုက္ရတယ္ ။ဒီအေၾကာင္းအရာေလးကို ေရးေနရင္း အာဏာရွင္ ဗိုလ္သန္းေ႐ႊ လက္ထက္က ၾကက္ဆူပင္ လိုမ်ား ျဖစ္ေနပလားဟု အေတြးေရာက္သြားပါတယ္ ။ ဗိုလ္သန္းေ႐ႊေခတ္က ၾကက္ဆူပင္ မေကာင္းေၾကာင္းေျပာရင္ ဝန္ထမ္းဆို အလုပ္ျပဳတ္ ၊ ျပည္သူဆိုေထာင္ထဲသြား ဆိုတာမ်ိဳးေတြ လုပ္တာေတြ႕ရတယ္ ။ ဗိုလ္သန္းေ႐ႊသည္ ၾကက္ဆူျဖစ္သလို ၊ ၾကက္ဆူပင္သည္ ဗိုလ္သန္းေ႐ႊ ျဖစ္ေနတဲ့ ကာလေတြေပါ့ ။ အခုလည္း တစ္သွ်ဴး ငွက္ေပ်ာက ၾကက္ဆူလိုမ်ား ျဖစ္ေနၿပီလားဆိုတာ ေအာ့ႏွလုံးနာကာ ၾကက္သီးထေနမိပါေတာ့တယ္ ။

• တ႐ုတ္စာတမ္းပါ ဆိုင္းဘုတ္ေတြ ေထာင္ထားတဲ့ ပုဂၢလိ ငွက္ေပ်ာစိုက္ခင္းအမ်ားအျပားကို ေတြ႕ခဲ့သလို သစ္ေတာနဲ႔ စိုက္ပ်ိဳးေရး ဌာနရဲ႕ “ တအုပ္တမ ႀကိဳးျပင္ ကာကြယ္ေတာ ” ဆိုတဲ့ ဆိုင္းဘုတ္ေအာက္က မ်က္စိတဆုံး စိမ္းညိဳ႕ညိဳ႕ တစ္သွ်ဴးငွက္ေပ်ာခင္းႀကီးကိုလည္း ေတြ႕ခဲ့ရတဲ့အျပင္ အလွ်ိဳလွ်ိဳ သြားလာေနတဲ့ ကားမွန္သမွ် တုံ႔ခနဲရပ္တန႔္ကာ ယဥ္နံပါတ္နဲ႔ ပါလာတဲ့ ခရီးသည္စာရင္းပို႔ရတဲ့ ငွက္ေပ်ာခင္းဝက စစ္တပ္လုံၿခဳံေရး ကင္းတဲေတြလဲ ေတြ႕ခဲ့ပါတယ္ ။ တပ္မေတာ္ သက္သာေခ်ာင္ခ်ိေရး တစ္သွ်ဴးငွက္ေပ်ာခင္းေတြလား ၊ တပ္ေျမကိုငွားၿပီး စိုက္ပ်ိဳးထားတဲ့ ပုဂၢလိက ငွက္ေပ်ာခင္းေတြလား ဆိုတာ မေမးရဲလို႔ မေမးျဖစ္ခဲ့ပါဘူး ။

• တ႐ုတ္ႏိုင္ငံမွာ စိုက္ပ်ိဳးခြင့္ျပဳမထားတဲ့ တစ္သွႉး ငွက္ေပ်ာဟာ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္တေၾကာမွာ ဧကတသိန္းနီးပါးစိုက္ပ်ိဳးေနရာယူလာတာဟာ အေသအခ်ာပါပဲ ။ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက တ႐ုတ္ႏိုင္ငံသားအမ်ားစု ေငြေၾကးေက်ာေထာက္ေနာက္ခံျပဳ စိုက္ပ်ိဳးထားတဲ့ တစ္သွ်ဴးငွက္ေပ်ာဟာ တ႐ုတ္ျပည္မွာေတာင္ ေရာင္းခ်တာမ်ိဳး မဟုတ္ပဲ ပင္လယ္ရပ္ျခားျဖစ္တဲ့ အေမရိကန္ ျပည္ေထာင္စုမွာ ဂြာတီမာလာက ငွက္ေပ်ာအျဖစ္နဲ႔ ေဈးေကာင္းရေနတယ္လို႔လည္း သိရျပန္ပါတယ္ ။ ဘယ္ေလာက္မ်ား ရင္နာစရာေကာင္းလိုက္ပါဘိျခင္း ။

• သစ္ေတာႀကိဳးဝိုင္းေျမ ၊ လယ္ေျမ ၊ ႀကိဳးဝိုင္းျပင္ပ ႀကိဳးျပင္ ကာကြယ္ေတာ ၊ သစ္ေတာအစားထိုး ႏွစ္ရွည္ပင္ေတြ စိုက္ပ်ိဳးထားတဲ့ စိုက္ပ်ိဳးေျမဆိုရင္ ခႊင့္မျပဳဘူးလို႔ ဥပေဒက အတိအလင္း ျပဌာန္းထားေပမဲ့ ယခင္ စပါးႏွင့္ အျခားသီးႏွံမ်ားစိုက္ပ်ိဳးလုပ္ကိုင္ခဲ့သည့္ တကယ့္ေျမျပင္မွာေတာ့ တစ္သွ်ဴး ငွက္ေပ်ာခင္းမ်ားက ေနရာ ယူထားတာကို ေတြ႕ခဲ့ရပါတယ္ ။ ႀကိဳးဝိုင္း ျပင္ပ ႀကိဳးျပင္ကာကြယ္ေတာ အားလုံးနီးပါဟာ တစ္သွ်ဴးငွက္ေပ်ာခင္းေတြက အစာထိုးလို႔ ေနရာယူထားပါတယ္ ။

• အင္မတန္ စိုးရိမ္ထိတ္လန႔္ဖြယ္ရာ အေၾကာင္းအရာ တခုရွိေနပါေသးတယ္ ။ ဒီတစ္သွ်ဴး ငွက္ေပ်ာ သုံးႏွစ္ေလာက္စိုက္ပ်ိဳးၿပီးလွ်င္ စိုက္ပ်ိဳးၿပီးေသာ ေျမဟာ မည္သည့္ သီးႏွံပင္မွ စိုက္ပ်ိဳးလို႔မရေအာင္ ေျမဆီလႊာေတြ ပ်က္စီးကုန္တဲ့အခ်က္ပါ ။ဒီတစ္သွ်ဴး ငွက္ေပ်ာ စိုက္ပ်ိဳးမႈကို တ႐ုတ္ႏိုင္ငံမွာ အထူးတလည္ တင္းၾကပ္တားျမစ္ထားတယ္လို႔လဲ သိရပါတယ္ ။ ေဒသခံ ျပည္သူေတြက ေငြေၾကးရလိုမႈနဲ႔ ေျမေတြကို ငွားရမ္းခဲ့ရင္ေတာင္ အစိုးရတရပ္အေနနဲ႔ တစ္သွ်ဴး ငွက္ေပ်ာ စိုက္ပ်ိဳးမႈရဲ႕ဆိုးက်ိဳးေတြကို နားလည္သေဘာေပါက္ေအာင္ရွင္းျပၿပီး တားျမစ္ရမွာပါ ။ အနာဂတ္ေျမဆီလႊာပ်က္စီးမႈနဲ႔ ပစၥဳပၸန္ ပတ္ဝန္းက်င္ ထိခိုက္ပ်က္စီမႈေတြ အေၾကာင္း ပညာေပးေဟာေျပာမႈေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ရမွာပါ ။

တစ္သွ်ဴး ငွက္ေပ်ာ စိုက္ပ်ိဳးမႈနဲ႔ ပတ္သက္တဲ့ ဆိုးက်ိဳးေတြကို သက္ဆိုင္ရာ အစိုးရနဲ႔ ျပည္သူေတြ သိရွိဘို႔ ေဖာ္ထုတ္ေရးသားေနတဲ့ သတင္းမီဒီယာသမားေတြကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေစာ္ကားမႈေတြ လုပ္လာေနပါၿပီ ။ အဲဒီလို လုပ္ေနတာကို တာဝန္ရွိတဲ့ ျပည္နယ္အစိုးရဘက္က ဘာမွတုံ႔ျပန္ေျပာဆိုတာ မေတြ႕ရပါဘူး ။ တ႐ုတ္ရဲ႕ မသမာတဲ့ စီးပြားခ်ဲ႕ထြင္မႈကို သက္ဆိုင္ရာက မသိက်ိဳးကြၽန္ ျပဳေနတာဟာ စဥ္းစားစရာပါ ။

• ကခ်င္ျပည္နယ္က ဝိုင္းေမာ္ၿမိဳ႕နယ္ထဲကို ႏွစ္စဥ္ ငွက္ေပ်ာ သယ္ေဆာင္တဲ့ ကားအစီးေရ ႏွစ္ေသာင္းေက်ာ္ ျဖတ္သန္းသြားလာေနပါတယ္ ။တစ္သွ်ဴး ငွက္ေပ်ာကား အားလုံးဟာ တ႐ုတ္ျပည္က တ႐ုတ္လိုင္စင္နဲ႔ ေမာ္ေတာ္ယဥ္ေတြပါ ။ ဒီကားတစီးဟာ တ႐ုတ္ျပည္ ကူ႐ုံးၿမိဳ႕ကေန ျမန္မာျပည္ ကန္ပိုင္တည္း နယ္စပ္ကုန္သြယ္ေရး စခန္းကို ျဖတ္ၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္ထဲက တစ္သွ်ဴး ငွက္ေပ်ာခင္းေတြဆီကို လာပါတယ္ ။ ငွက္ေပ်ာခင္းေတြဆီကေန ငွက္ေပ်ာခိုင္ေတြ သယ္ၿပီး တ႐ုတ္ျပည္ကို ေရာက္ဘို႔ ကားတစ္စီးကို ျမန္မာက်ပ္ေငြ ငါးသိန္းခြဲ ( အေမရိကန္ေဒၚလာ $၃၈၀) နဲ႔ တ႐ုတ္ယြမ္ေငြ (၈၀¥)ကုန္က်ပါတယ္။

တႏွစ္ကို ငွက္ေပ်ာ သယ္တဲ့ ကားေပါင္း ပွ်မ္းမွ် အစီးေရ ႏွစ္ေသာင္းေက်ာ္ ဝင္ေရာက္တယ္လို႔ သိရပါတယ္ ။ တစ္သွ်ဴးငွက္ေပ်ာ သယ္တဲ့ ကားေတြရဲ႕ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၇၆၀၀၀၀၀ သန္း နဲ႔ တ႐ုတ္ ယြမ္ေငြ ၁၆၀၀၀၀၀ သန္း ဝင္ေငြရွိေနတာကို ေတြ႕ရပါတယ္ ။ ဒါဟာ ငွက္ေပ်ာကားအစီးေရ ႏွစ္ေသာင္း နဲ႔ပဲ တြက္ခ်င္ထားတဲ့ ေငြေၾကးေတြ ျဖစ္ပါတယ္ ။ လက္ရွိတြက္ျပထားတဲ့ အေမရိကန္ေဒၚလာ (၇ .၅) သန္းေက်ာ္နဲ႔ တ႐ုတ္ယြမ္ေငြ (၁.၅) သန္းေက်ာ္ဟာ ငွက္ေပ်ာကားေတြဆီက ရတဲ့ ဝင္ေငြတမ်ိဳးထဲပါ ။

• တစ္သွ်ဴး ငွက္ေပ်ာစိုက္ပ်ိဳးႏိုင္ဘို႔ ပ်ိဳးပင္ကိုလည္း တ႐ုတ္ျပည္ကေန တင္သြင္းရပါတယ္ ။ တစ္သွ်ဴးငွက္ေပ်ာ ပ်ိဳးပင္ တပင္ကို ကန္ပိုင္တည္ နယ္စပ္ကုန္သြယ္ေရးစခန္း ကာစတန္ ဌာနက အေမရိကန္ ေဒၚလာ ( ဝ.၃၆) ေဒၚလာ အခြန္ေကာက္ပါတယ္ ။ တ႐ုတ္ျပည္က စိုက္ပ်ိဳးေရး တကၠသိုလ္မွာ ငွက္ေပ်ာ ပ်ိဳးပင္ေပါက္တပင္ကို အမွန္တကယ္ ဝယ္ယူရေငြက တ႐ုတ္ေငြ (၇) ယြမ္ (ျမန္မာက်ပ္ေငြ ၁၈၀ က်ပ္ေလာက္က်ပါတယ္) ေပးဝယ္ရတယ္လို႔ သိရပါတယ္ ။ ငွက္ေပ်ာ တဧက အတြက္ ပွ်မ္းမွ် ပ်ိဳးပင္ေပါက္ တေထာင္ဝယ္ရပါတယ္ ။ စိုက္ပ်ိဳးဘို႔က တဧက အတြက္ အပင္ငယ္(၇၀၀)ခန႔္သာ ကုန္ႏိုင္ေပမဲ့ အပ်က္အစီးအေလအလြင့္အတြက္ ပိုပိုလိုလို တဧက အတြက္ ပ်ိဳးပင္ငယ္ တေထာင္ဝယ္ရတယ္လို႔ သိရပါတယ္ ။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္က တစ္သွ်ဴးငွက္ေပ်ာ စိုက္ဧက ရွစ္ေသာင္းအတြက္ တစ္သွ်ဴးငွက္ေပ်ာ ပ်ိဳးပင္ေပါင္း ( ၈၀၀၀၀၀၀၀) ပင္ လိုအပ္မွာ ျဖစ္ပါတယ္ ။ အဆိုပါ ငွက္ေပ်ာ ပ်ိဳးပင္ငယ္ေပါင္း သန္း(၈၀) ပင္ ကို ျပည္တြင္း ကာစတန္က တပင္လွ်င္ အေမရိကန္ေဒၚလာ ဝ.၃၆ နဲ႔ ေကာက္မယ္ဆိုရင္ အေမရိကန္ေဒၚလာ သန္းေပါင္း ( ၂၈ ) သန္း နဲ႔ (၈) သိန္း ရမွာ ျဖစ္ပါတယ္ ။ သို႔ေသာ္လည္း ျမန္မာျပည္ထဲကို ဝင္လာသမွ် ငွက္ေပ်ာ ပ်ိဳးပင္ေပါင္းရဲ႕ တစ္ရာခိုင္ႏႈံးေလာက္သာ ကာစတန္ကို အခြန္ေဆာင္ၿပီး က်န္ပ်ိဳးပင္အားလုံးဟာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြနဲ႔ ညႇိႏိုင္းၿပီး ေမွာင္ခိုလမ္းကပဲ သြားေနတာကို ေတြ႕ရပါတယ္ ။

• ေဖာ္ျပပါ အေမရိကန္ေဒၚလာ (၂၈) သန္းေက်ာ္ဟာ အမွန္တကယ္ ျပည္သူ႔ဘ႑ာထဲကို စီးဝင္လာရမဲ့ ေငြေၾကးေတြျဖစ္ပါတယ္ ။ တစ္သွ်ဴးငွက္ေပ်ာ နဲ႔ ပတ္သက္လို႔ ႏိုင္ငံဘ႑ာထဲကို ေရာက္လာမဲ့ အျခား အျခားေသာ ဝင္ေငြမ်ားစြာလဲ ရွိေနပါေသးတယ္ ။ တစ္သွ်ဴး ငွက္ေပ်ာ အတြက္ ဓါတ္ေျမၾသဇာ တင္သြင္းမႈ ၊ ပိုးသတ္ေဆးတင္သြင္းမႈ ၊ ေျမယာ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္အတြက္ ၊ ကနဦး သဘာဝ ပတ္ဝန္းက်င ္ စမ္းသပ္ စစ္ေဆးေလ့လာမႈ ၊ ျပည္ပ ရင္းႏွီး ျမႇဳပ္ႏွံမႈ ၊ အမ်ားႀကီးပါ ။ အမွန္တကယ္ေတာ့ ဒီဝင္ေငြေတြဟာ ဝင္ေနမွာေတာ့ အေသအခ်ာပါပဲ ။ သို႔ေသာ္ ျပည္သူ႔ ဘ႑ာထဲ မဟုတ္ပဲ အျခားေသာ နယ္ပယ္အသီးသီးက လုပ္ပိုင္ခြင့္ရ ပုဂၢိဳလ္မ်ားထံပဲ စီးဆင္းေနတာ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္ ။ သို႔တည္းမဟုတ္ ကခ်င္ျပည္နယ္ အစိုးရႀကီး တခုလုံးက ဥပေဒမ်ားကို နားမလည္၍လား ဆိုတာကို ေတြးေနရင္ ႐ူးႏွမ္းသူတေယာက္လို႔ အေျပာခံရမည္မွာ အေသခ်ာပါတယ္ ။

• လတ္တေလာတြက္ခ်က္မႈေတြအရ တစ္သွ်ဴး ငွက္ေပ်ာလုပ္ငန္းက ေနျပည္သူ႔ဘ႑ာထဲကို ဝင္ေရာက္ရမဲ့ ဝင္ေငြဟာ အမယ္ ႏွစ္မ်ိဳးထဲႏွင့္ အေမရိကန္ေဒၚလာ ( ၃၆)သန္း ခန႔္နဲ႔ တ႐ုတ္ယြမ္ (၁.၅ သန္း ေက်ာ္ ရွိေနၿပီ ။ အျခား က႑မ်ားစြာကို မတြက္ခ်က္ရေသး ။ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးဧကေပါင္း ရွစ္ေသာင္းေက်ာ္ဟာ ေျမျပင္မွာ အမွန္တကယ္ စိုက္ပ်ိဳးေနတာ ေသခ်ာေနတယ္ ။ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးမႈက ေကာက္ခံရရွိတဲ့ အခြန္ဘ႑ာဟာ ျပည္သူ႔ဘ႑ာထဲကို အလုံးအရင္းနဲ႔ ေရာက္မလာတာကလည္း ေသခ်ာေနတယ္ ။တစ္သွ်ဴး ငွက္ေပ်ာ စိုက္ပ်ိဳးမႈဟာ တိုင္းရင္းသားေတြ စီးပြားေရးလား ၊ ေနာက္ကြယ္က လက္နက္ကိုင္ေတြရဲ႕ စီးပြားေရးလား ၊ ပါးစပ္သမားေတြ စီးပြားေရးလား ၊ လူညီ ရင္ ဤ ကို ကြၽဲဖတ္ေနသူေတြရဲ႕ စီးပြားေရးလား ဆိုတာ ေမးခြန္းထုတ္ရင္း အထုတ္ျဖည္ရမဲ့ အခ်ိန္ေတာ့ ေရာက္ေနၿပီလို႔ ျမင္မိပါတယ္ ။

• ဝန္ႀကီးေျပာေတာ့ ဝန္ႀကီးျပဳတ္သြားတယ္ ။ (ဘာေၾကာင့္ျပဳတ္တယ္ေတာ့ မသိ ) ။ သတင္းေထာက္ေရးေတာ့ သတင္းစာနဲ႔ ပါး႐ိုက္တယ္ ။ထိုင္ထ လုပ္ခိုင္းတယ္ ။ အတိုင္ပင္ခံ ေျပာရင္ ….။ သမၼတႀကီးေျပာရင္ …..။ေနာက္ကြယ္ကေန တ႐ုတ္ႏိုင္ငံသားမ်ားရဲ႕ ႀကိဳးကိုင္လႈပ္ရွာမႈနဲ႔ လည္ပတ္ေနတဲ့ ဥပေဒမဲ့ တစ္သွ်ဴးငွက္ေပ်ာ စိုက္ပ်ိဳးမႈလုပ္ငန္းဟာ တ႐ုတ္ရဲ႕ မသမာတဲ့ စီးပြားခ်ဲ႕ထြင္မႈဆိုတာ အေသအခ်ာပါပဲ ။ ဒါကို ႏိုင္ငံေတာ္အစိုးအပါအဝင္ ျပည္နယ္အစိုးရအေနနဲ႔ ဥပေဒအရ ထိန္သိမ္းၾကပ္မတ္မႈေတြ မလုပ္ခဲ့ဘူးဆိုရင္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာ ျပည္သူေတြရဲ႕ ဆက္ဆံေရးဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြကို ဦးတည္လာႏိုင္ပါတယ္ ။ ျမန္ျပည္တခြင္ ၿပဲၿပဲစင္ေအာင္ မဲအျပတ္အသတ္ႏိုင္ၿပီး တက္လာခဲ့တဲ့ အစိုးရႀကီး အေနနဲ႔ ကခ်င္ျပည္နယ္က ငွက္ေပ်ာ ကိစၥေလး ေျဖရွင္းႏိုင္ရင္ျဖင့္ ၂၀၂၀ အတြက္ ေအာင္မွတ္ေပးလို႔ရၿပီလို႔ပဲ မွတ္ခ်က္ျပပါရေစ ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဆတ်ဆတ်ထိမခံတဲ့ တစ်သျှူး ငှက်ပျော နောက်ကွယ်က ပျောက်ဆုံးနေတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ

သတင်းထောက် မိန်းခလေးကို ဂျာနယ်တိုက် ထိ လာခေါ်ပြီး သတင်းစာနဲ့ပါးရိုက်တယ် ။ ဝိုင်းမော်မြို့မှာ နေတဲ့ ဒေသခံ သတင်းထောက်ကောင်လေးကို ထိုင်ထ အခါ (၃၀၀) လုပ်ခိုင်းတယ် ။ ငှက်ပျော ကိစ္စကို ကွင်းဆင်းစစ်ဆေးခဲ့ဘူးတဲ့ ပြည်နယ် သယံဇာတ ဝန်ကြီးရာထူးက အဖြုတ်ခံလိုက်ရတယ် ။ဒီအကြောင်းအရာလေးကို ရေးနေရင်း အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်က ကြက်ဆူပင် လိုများ ဖြစ်နေပလားဟု အတွေးရောက်သွားပါတယ် ။ ဗိုလ်သန်းရွှေခေတ်က ကြက်ဆူပင် မကောင်းကြောင်းပြောရင် ဝန်ထမ်းဆို အလုပ်ပြုတ် ၊ ပြည်သူဆိုထောင်ထဲသွား ဆိုတာမျိုးတွေ လုပ်တာတွေ့ရတယ် ။ ဗိုလ်သန်းရွှေသည် ကြက်ဆူဖြစ်သလို ၊ ကြက်ဆူပင်သည် ဗိုလ်သန်းရွှေ ဖြစ်နေတဲ့ ကာလတွေပေါ့ ။ အခုလည်း တစ်သျှူး ငှက်ပျောက ကြက်ဆူလိုများ ဖြစ်နေပြီလားဆိုတာ အော့နှလုံးနာကာ ကြက်သီးထနေမိပါတော့တယ် ။

• တရုတ်စာတမ်းပါ ဆိုင်းဘုတ်တွေ ထောင်ထားတဲ့ ပုဂ္ဂလိ ငှက်ပျောစိုက်ခင်းအများအပြားကို တွေ့ခဲ့သလို သစ်တောနဲ့ စိုက်ပျိုးရေး ဌာနရဲ့ “ တအုပ်တမ ကြိုးပြင် ကာကွယ်တော ” ဆိုတဲ့ ဆိုင်းဘုတ်အောက်က မျက်စိတဆုံး စိမ်းညို့ညို့ တစ်သျှူးငှက်ပျောခင်းကြီးကိုလည်း တွေ့ခဲ့ရတဲ့အပြင် အလျှိုလျှို သွားလာနေတဲ့ ကားမှန်သမျှ တုံ့ခနဲရပ်တန့်ကာ ယဉ်နံပါတ်နဲ့ ပါလာတဲ့ ခရီးသည်စာရင်းပို့ရတဲ့ ငှက်ပျောခင်းဝက စစ်တပ်လုံခြုံရေး ကင်းတဲတွေလဲ တွေ့ခဲ့ပါတယ် ။ တပ်မတော် သက်သာချောင်ချိရေး တစ်သျှူးငှက်ပျောခင်းတွေလား ၊ တပ်မြေကိုငှားပြီး စိုက်ပျိုးထားတဲ့ ပုဂ္ဂလိက ငှက်ပျောခင်းတွေလား ဆိုတာ မမေးရဲလို့ မမေးဖြစ်ခဲ့ပါဘူး ။

• တရုတ်နိုင်ငံမှာ စိုက်ပျိုးခွင့်ပြုမထားတဲ့ တစ်သှှူး ငှက်ပျောဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တကြောမှာ ဧကတသိန်းနီးပါးစိုက်ပျိုးနေရာယူလာတာဟာ အသေအချာပါပဲ ။ဝိုင်းမော်မြို့နယ်ထဲက တရုတ်နိုင်ငံသားအများစု ငွေကြေးကျောထောက်နောက်ခံပြု စိုက်ပျိုးထားတဲ့ တစ်သျှူးငှက်ပျောဟာ တရုတ်ပြည်မှာတောင် ရောင်းချတာမျိုး မဟုတ်ပဲ ပင်လယ်ရပ်ခြားဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ဂွာတီမာလာက ငှက်ပျောအဖြစ်နဲ့ ဈေးကောင်းရနေတယ်လို့လည်း သိရပြန်ပါတယ် ။ ဘယ်လောက်များ ရင်နာစရာကောင်းလိုက်ပါဘိခြင်း ။

• သစ်တောကြိုးဝိုင်းမြေ ၊ လယ်မြေ ၊ ကြိုးဝိုင်းပြင်ပ ကြိုးပြင် ကာကွယ်တော ၊ သစ်တောအစားထိုး နှစ်ရှည်ပင်တွေ စိုက်ပျိုးထားတဲ့ စိုက်ပျိုးမြေဆိုရင် ခွှင့်မပြုဘူးလို့ ဥပဒေက အတိအလင်း ပြဌာန်းထားပေမဲ့ ယခင် စပါးနှင့် အခြားသီးနှံများစိုက်ပျိုးလုပ်ကိုင်ခဲ့သည့် တကယ့်မြေပြင်မှာတော့ တစ်သျှူး ငှက်ပျောခင်းများက နေရာ ယူထားတာကို တွေ့ခဲ့ရပါတယ် ။ ကြိုးဝိုင်း ပြင်ပ ကြိုးပြင်ကာကွယ်တော အားလုံးနီးပါဟာ တစ်သျှူးငှက်ပျောခင်းတွေက အစာထိုးလို့ နေရာယူထားပါတယ် ။

• အင်မတန် စိုးရိမ်ထိတ်လန့်ဖွယ်ရာ အကြောင်းအရာ တခုရှိနေပါသေးတယ် ။ ဒီတစ်သျှူး ငှက်ပျော သုံးနှစ်လောက်စိုက်ပျိုးပြီးလျှင် စိုက်ပျိုးပြီးသော မြေဟာ မည်သည့် သီးနှံပင်မှ စိုက်ပျိုးလို့မရအောင် မြေဆီလွှာတွေ ပျက်စီးကုန်တဲ့အချက်ပါ ။ဒီတစ်သျှူး ငှက်ပျော စိုက်ပျိုးမှုကို တရုတ်နိုင်ငံမှာ အထူးတလည် တင်းကြပ်တားမြစ်ထားတယ်လို့လဲ သိရပါတယ် ။ ဒေသခံ ပြည်သူတွေက ငွေကြေးရလိုမှုနဲ့ မြေတွေကို ငှားရမ်းခဲ့ရင်တောင် အစိုးရတရပ်အနေနဲ့ တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုရဲ့ဆိုးကျိုးတွေကို နားလည်သဘောပေါက်အောင်ရှင်းပြပြီး တားမြစ်ရမှာပါ ။ အနာဂတ်မြေဆီလွှာပျက်စီးမှုနဲ့ ပစ္စုပ္ပန် ပတ်ဝန်းကျင် ထိခိုက်ပျက်စီမှုတွေ အကြောင်း ပညာပေးဟောပြောမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမှာပါ ။

တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သက်ဆိုင်ရာ အစိုးရနဲ့ ပြည်သူတွေ သိရှိဘို့ ဖော်ထုတ်ရေးသားနေတဲ့ သတင်းမီဒီယာသမားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုတွေ လုပ်လာနေပါပြီ ။ အဲဒီလို လုပ်နေတာကို တာဝန်ရှိတဲ့ ပြည်နယ်အစိုးရဘက်က ဘာမှတုံ့ပြန်ပြောဆိုတာ မတွေ့ရပါဘူး ။ တရုတ်ရဲ့ မသမာတဲ့ စီးပွားချဲ့ထွင်မှုကို သက်ဆိုင်ရာက မသိကျိုးကျွန် ပြုနေတာဟာ စဉ်းစားစရာပါ ။

• ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ်ထဲကို နှစ်စဉ် ငှက်ပျော သယ်ဆောင်တဲ့ ကားအစီးရေ နှစ်သောင်းကျော် ဖြတ်သန်းသွားလာနေပါတယ် ။တစ်သျှူး ငှက်ပျောကား အားလုံးဟာ တရုတ်ပြည်က တရုတ်လိုင်စင်နဲ့ မော်တော်ယဉ်တွေပါ ။ ဒီကားတစီးဟာ တရုတ်ပြည် ကူရုံးမြို့ကနေ မြန်မာပြည် ကန်ပိုင်တည်း နယ်စပ်ကုန်သွယ်ရေး စခန်းကို ဖြတ်ပြီး ဝိုင်းမော်မြို့နယ်ထဲက တစ်သျှူး ငှက်ပျောခင်းတွေဆီကို လာပါတယ် ။ ငှက်ပျောခင်းတွေဆီကနေ ငှက်ပျောခိုင်တွေ သယ်ပြီး တရုတ်ပြည်ကို ရောက်ဘို့ ကားတစ်စီးကို မြန်မာကျပ်ငွေ ငါးသိန်းခွဲ ( အမေရိကန်ဒေါ်လာ $၃၈၀) နဲ့ တရုတ်ယွမ်ငွေ (၈၀¥)ကုန်ကျပါတယ်။

တနှစ်ကို ငှက်ပျော သယ်တဲ့ ကားပေါင်း ပျှမ်းမျှ အစီးရေ နှစ်သောင်းကျော် ဝင်ရောက်တယ်လို့ သိရပါတယ် ။ တစ်သျှူးငှက်ပျော သယ်တဲ့ ကားတွေရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၇၆၀၀၀၀၀ သန်း နဲ့ တရုတ် ယွမ်ငွေ ၁၆၀၀၀၀၀ သန်း ဝင်ငွေရှိနေတာကို တွေ့ရပါတယ် ။ ဒါဟာ ငှက်ပျောကားအစီးရေ နှစ်သောင်း နဲ့ပဲ တွက်ချင်ထားတဲ့ ငွေကြေးတွေ ဖြစ်ပါတယ် ။ လက်ရှိတွက်ပြထားတဲ့ အမေရိကန်ဒေါ်လာ (၇ .၅) သန်းကျော်နဲ့ တရုတ်ယွမ်ငွေ (၁.၅) သန်းကျော်ဟာ ငှက်ပျောကားတွေဆီက ရတဲ့ ဝင်ငွေတမျိုးထဲပါ ။

• တစ်သျှူး ငှက်ပျောစိုက်ပျိုးနိုင်ဘို့ ပျိုးပင်ကိုလည်း တရုတ်ပြည်ကနေ တင်သွင်းရပါတယ် ။ တစ်သျှူးငှက်ပျော ပျိုးပင် တပင်ကို ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်း ကာစတန် ဌာနက အမေရိကန် ဒေါ်လာ ( ဝ.၃၆) ဒေါ်လာ အခွန်ကောက်ပါတယ် ။ တရုတ်ပြည်က စိုက်ပျိုးရေး တက္ကသိုလ်မှာ ငှက်ပျော ပျိုးပင်ပေါက်တပင်ကို အမှန်တကယ် ဝယ်ယူရငွေက တရုတ်ငွေ (၇) ယွမ် (မြန်မာကျပ်ငွေ ၁၈၀ ကျပ်လောက်ကျပါတယ်) ပေးဝယ်ရတယ်လို့ သိရပါတယ် ။ ငှက်ပျော တဧက အတွက် ပျှမ်းမျှ ပျိုးပင်ပေါက် တထောင်ဝယ်ရပါတယ် ။ စိုက်ပျိုးဘို့က တဧက အတွက် အပင်ငယ်(၇၀၀)ခန့်သာ ကုန်နိုင်ပေမဲ့ အပျက်အစီးအလေအလွင့်အတွက် ပိုပိုလိုလို တဧက အတွက် ပျိုးပင်ငယ် တထောင်ဝယ်ရတယ်လို့ သိရပါတယ် ။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က တစ်သျှူးငှက်ပျော စိုက်ဧက ရှစ်သောင်းအတွက် တစ်သျှူးငှက်ပျော ပျိုးပင်ပေါင်း ( ၈၀၀၀၀၀၀၀) ပင် လိုအပ်မှာ ဖြစ်ပါတယ် ။ အဆိုပါ ငှက်ပျော ပျိုးပင်ငယ်ပေါင်း သန်း(၈၀) ပင် ကို ပြည်တွင်း ကာစတန်က တပင်လျှင် အမေရိကန်ဒေါ်လာ ဝ.၃၆ နဲ့ ကောက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၂၈ ) သန်း နဲ့ (၈) သိန်း ရမှာ ဖြစ်ပါတယ် ။ သို့သော်လည်း မြန်မာပြည်ထဲကို ဝင်လာသမျှ ငှက်ပျော ပျိုးပင်ပေါင်းရဲ့ တစ်ရာခိုင်နှုံးလောက်သာ ကာစတန်ကို အခွန်ဆောင်ပြီး ကျန်ပျိုးပင်အားလုံးဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနိုင်းပြီး မှောင်ခိုလမ်းကပဲ သွားနေတာကို တွေ့ရပါတယ် ။

• ဖော်ပြပါ အမေရိကန်ဒေါ်လာ (၂၈) သန်းကျော်ဟာ အမှန်တကယ် ပြည်သူ့ဘဏ္ဍာထဲကို စီးဝင်လာရမဲ့ ငွေကြေးတွေဖြစ်ပါတယ် ။ တစ်သျှူးငှက်ပျော နဲ့ ပတ်သက်လို့ နိုင်ငံဘဏ္ဍာထဲကို ရောက်လာမဲ့ အခြား အခြားသော ဝင်ငွေများစွာလဲ ရှိနေပါသေးတယ် ။ တစ်သျှူး ငှက်ပျော အတွက် ဓါတ်မြေသြဇာ တင်သွင်းမှု ၊ ပိုးသတ်ဆေးတင်သွင်းမှု ၊ မြေယာ စိုက်ပျိုးလုပ်ကိုင်ခွင့်အတွက် ၊ ကနဦး သဘာဝ ပတ်ဝန်းကျင ် စမ်းသပ် စစ်ဆေးလေ့လာမှု ၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ၊ အများကြီးပါ ။ အမှန်တကယ်တော့ ဒီဝင်ငွေတွေဟာ ဝင်နေမှာတော့ အသေအချာပါပဲ ။ သို့သော် ပြည်သူ့ ဘဏ္ဍာထဲ မဟုတ်ပဲ အခြားသော နယ်ပယ်အသီးသီးက လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များထံပဲ စီးဆင်းနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ သို့တည်းမဟုတ် ကချင်ပြည်နယ် အစိုးရကြီး တခုလုံးက ဥပဒေများကို နားမလည်၍လား ဆိုတာကို တွေးနေရင် ရူးနှမ်းသူတယောက်လို့ အပြောခံရမည်မှာ အသေချာပါတယ် ။

• လတ်တလောတွက်ချက်မှုတွေအရ တစ်သျှူး ငှက်ပျောလုပ်ငန်းက နေပြည်သူ့ဘဏ္ဍာထဲကို ဝင်ရောက်ရမဲ့ ဝင်ငွေဟာ အမယ် နှစ်မျိုးထဲနှင့် အမေရိကန်ဒေါ်လာ ( ၃၆)သန်း ခန့်နဲ့ တရုတ်ယွမ် (၁.၅ သန်း ကျော် ရှိနေပြီ ။ အခြား ကဏ္ဍများစွာကို မတွက်ချက်ရသေး ။ တစ်သျှူးငှက်ပျော စိုက်ပျိုးဧကပေါင်း ရှစ်သောင်းကျော်ဟာ မြေပြင်မှာ အမှန်တကယ် စိုက်ပျိုးနေတာ သေချာနေတယ် ။ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုက ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာဟာ ပြည်သူ့ဘဏ္ဍာထဲကို အလုံးအရင်းနဲ့ ရောက်မလာတာကလည်း သေချာနေတယ် ။တစ်သျှူး ငှက်ပျော စိုက်ပျိုးမှုဟာ တိုင်းရင်းသားတွေ စီးပွားရေးလား ၊ နောက်ကွယ်က လက်နက်ကိုင်တွေရဲ့ စီးပွားရေးလား ၊ ပါးစပ်သမားတွေ စီးပွားရေးလား ၊ လူညီ ရင် ဤ ကို ကျွဲဖတ်နေသူတွေရဲ့ စီးပွားရေးလား ဆိုတာ မေးခွန်းထုတ်ရင်း အထုတ်ဖြည်ရမဲ့ အချိန်တော့ ရောက်နေပြီလို့ မြင်မိပါတယ် ။

• ဝန်ကြီးပြောတော့ ဝန်ကြီးပြုတ်သွားတယ် ။ (ဘာကြောင့်ပြုတ်တယ်တော့ မသိ ) ။ သတင်းထောက်ရေးတော့ သတင်းစာနဲ့ ပါးရိုက်တယ် ။ထိုင်ထ လုပ်ခိုင်းတယ် ။ အတိုင်ပင်ခံ ပြောရင် ….။ သမ္မတကြီးပြောရင် …..။နောက်ကွယ်ကနေ တရုတ်နိုင်ငံသားများရဲ့ ကြိုးကိုင်လှုပ်ရှာမှုနဲ့ လည်ပတ်နေတဲ့ ဥပဒေမဲ့ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုလုပ်ငန်းဟာ တရုတ်ရဲ့ မသမာတဲ့ စီးပွားချဲ့ထွင်မှုဆိုတာ အသေအချာပါပဲ ။ ဒါကို နိုင်ငံတော်အစိုးအပါအဝင် ပြည်နယ်အစိုးရအနေနဲ့ ဥပဒေအရ ထိန်သိမ်းကြပ်မတ်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာ ပြည်သူတွေရဲ့ ဆက်ဆံရေးဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဦးတည်လာနိုင်ပါတယ် ။ မြန်ပြည်တခွင် ပြဲပြဲစင်အောင် မဲအပြတ်အသတ်နိုင်ပြီး တက်လာခဲ့တဲ့ အစိုးရကြီး အနေနဲ့ ကချင်ပြည်နယ်က ငှက်ပျော ကိစ္စလေး ဖြေရှင်းနိုင်ရင်ဖြင့် ၂၀၂၀ အတွက် အောင်မှတ်ပေးလို့ရပြီလို့ပဲ မှတ်ချက်ပြပါရစေ ။

share from : burmese.asia