Zawgyi ျဖင့္ဖတ္ရန္

အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ မွာေတာ့ စမတ္က်က် လူပ်ိဳေပါက္ေလးတစ္ေယာက္ ရိွလာပါၿပီ။ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အငယ္ဆံုးသား ဘာရြန္ထရမ့္ ဟာဆိုရင္ မတ္လ ၂၀ ရက္ေန႔ ဗုဒၶဟူးေန႔က အသက္ ၁၃ ႏွစ္ ျပည့္သြားပါတယ္။ ဒါဟာ အေနာက္တုိင္းမွာဆုိရင္ ဆယ္ေက်ာ္သက္လူပ်ိဳေပါက္ စာရင္းဝင္သြားတာလည္း ျဖစ္ပါတယ္။

ထရမ့္ဟာ ဇနီးေဟာင္း ၂ ေယာက္နဲ႔လည္း သားသမီး ၄ ဦး ထြန္းကားခဲ့ရာ ဘာရြန္ကေတာ့ လက္ရိွဇနီး အေမရိကန္ရဲ႕ First Lady ျဖစ္တဲ့ မီလန္နီယာထရမ့္က ေမြးထားတဲ့ တစ္ဦးတည္းေသာသားျဖစ္ၿပီး ထရမ့္ရဲ႕ သားသမီးမ်ားအနက္ အငယ္ဆံုးမ်ိဳးဆက္လည္း ျဖစ္ပါတယ္။ဘာရြန္ရဲ႕ ေမြးေန႔ကိုေတာ့ ထံုးစံအတုိင္း ထရမ့္မိသားစုရဲ႕ ဖေလာ္ရီဒါျပည္နယ္၊ ပန္းလ္မ္ကမ္းေျခက ေနအိမ္မွာပဲ မိခင္ မီလန္နီယာနဲ႔အတူ ျဖတ္သန္းခဲ့တယ္လို႔ သိရပါတယ္။ ဖခင္ျဖစ္သူ သမၼတႀကီးကေတာ့ အိုဟုိင္းယိုးခရီးစဥ္အတြက္ စီစဥ္ရင္း ဝါရွင္တန္က အိမ္ျဖဴေတာ္မွာပဲ ရိွေနခဲ့ပါတယ္။

ဘာရြန္ထရမ့္ရဲ႕ အမည္အျပည့္အစံုကေတာ့ ဘာရြန္ဝီလီယံထရမ့္ ျဖစ္ၿပီး မိခင္ မီလန္နီယာက သူမရဲ႕ တြစ္တာမွာ သားျဖစ္သူအတြက္ ေမြးေန႔ဆုေတာင္းကို နံပါတ္ ၁၃ ပံုတင္ၿပီး ဆုေတာင္းေပးခဲ့ပါတယ္။ Caption ကုိလည္း “Happy Birthday BWT” လို႔ တပ္ထားခဲ့ပါတယ္။ အခုဆိုရင္လည္း ဘာရြန္ကေတာ့ အေမရိကန္က ၿမီးေကာင္ေပါက္မေလးေတြရဲ႕ ဝန္းရံျခင္းကိုလည္း ခံေနရပါၿပီတဲ့ေနာ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အမေရိကန် လူပျိုပေါက်စာရင်းဝင်သွားပြီဖြစ်တဲ့ ထရမ့်ရဲ့ အငယ်ဆုံးသားလေး ဘာရွန်ထရမ့်

အမေရိကန် သမ္မတ အိမ်ဖြူတော် မှာတော့ စမတ်ကျကျ လူပျိုပေါက်လေးတစ်ယောက် ရှိလာပါပြီ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အငယ်ဆုံးသား ဘာရွန်ထရမ့် ဟာဆိုရင် မတ်လ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့က အသက် ၁၃ နှစ် ပြည့်သွားပါတယ်။ ဒါဟာ အနောက်တိုင်းမှာဆိုရင် ဆယ်ကျော်သက်လူပျိုပေါက် စာရင်းဝင်သွားတာလည်း ဖြစ်ပါတယ်။

ထရမ့်ဟာ ဇနီးဟောင်း ၂ ယောက်နဲ့လည်း သားသမီး ၄ ဦး ထွန်းကားခဲ့ရာ ဘာရွန်ကတော့ လက်ရှိဇနီး အမေရိကန်ရဲ့ First Lady ဖြစ်တဲ့ မီလန်နီယာထရမ့်က မွေးထားတဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး ထရမ့်ရဲ့ သားသမီးများအနက် အငယ်ဆုံးမျိုးဆက်လည်း ဖြစ်ပါတယ်။ဘာရွန်ရဲ့ မွေးနေ့ကိုတော့ ထုံးစံအတိုင်း ထရမ့်မိသားစုရဲ့ ဖလော်ရီဒါပြည်နယ်၊ ပန်းလ်မ်ကမ်းခြေက နေအိမ်မှာပဲ မိခင် မီလန်နီယာနဲ့အတူ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ သမ္မတကြီးကတော့ အိုဟိုင်းယိုးခရီးစဉ်အတွက် စီစဉ်ရင်း ဝါရှင်တန်က အိမ်ဖြူတော်မှာပဲ ရှိနေခဲ့ပါတယ်။

ဘာရွန်ထရမ့်ရဲ့ အမည်အပြည့်အစုံကတော့ ဘာရွန်ဝီလီယံထရမ့် ဖြစ်ပြီး မိခင် မီလန်နီယာက သူမရဲ့ တွစ်တာမှာ သားဖြစ်သူအတွက် မွေးနေ့ဆုတောင်းကို နံပါတ် ၁၃ ပုံတင်ပြီး ဆုတောင်းပေးခဲ့ပါတယ်။ Caption ကိုလည်း “Happy Birthday BWT” လို့ တပ်ထားခဲ့ပါတယ်။ အခုဆိုရင်လည်း ဘာရွန်ကတော့ အမေရိကန်က မြီးကောင်ပေါက်မလေးတွေရဲ့ ဝန်းရံခြင်းကိုလည်း ခံနေရပါပြီတဲ့နော်။

share from : burmese.asia

LEAVE A REPLY