Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံေဘာလံုးအဖဲြ႔ခ်ဳပ္ MFF ဥကၠဌ ဦးေဇာ္ေဇာ္ကို ကေမၻာဒီးယားႏိုင္ငံ ဆီယမ္ရိၿမိဳ႕တြင္ ယေန႔က်င္းပခဲ့ေသာ အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္ ကြန္ဂရက္ဆံုးျဖတ္ခ်က္အရ အာဆီယံေဘာလံုးအဖဲြ႔ခ်ဳပ္၏ ဒုတိယဥကၠဌ အျဖစ္ေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

ၾသစေၾတးလ်ႏွင့္ အာဆီယံေဒသတြင္း ႏိုင္ငံမ်ားအားလံုး ပါ၀င္သည့္ အာဆီယံ ေဘာလံုးအဖဲြ႔ခ်ဳပ္တြင္ ဥကၠ႒အသစ္အျဖစ္ ကေမၻာဒီးယားႏိုင္ငံမွ Major General Khiev Sameth က ေရြးခ်ယ္ တင္ေျမွာက္ခံခဲ့ရၿပီး ျမန္မာမွ MFF ဥကၠ႒ ဦးေဇာ္ေဇာ္သည္ မေလးရွားမွ ဘင္ဟာဂ်ီမိုဒ္ အမင္၊ တီေမာမွ ဖရန္စၥကို ခါလ္ဘူအာဒီေလ တို႔ႏွင့္အတူ ဒုတိယ ဥကၠ႒ တာ၀န္မ်ား ထမ္းေဆာင္သြားမည္ဟု ျမန္မာႏိုင္ငံေဘာလံုးအဖဲြ႔ခ်ဳပ္က ထုတ္ျပန္ခဲ့သည္။

 

 

MFF ဥကၠ႒ဦးေဇာ္ေဇာ္သည္ အာဆီယံေဘာလံုးအဖဲြ႔ခ်ဳပ္တြင္္ ဒုတိယအၾကိမ္ေျမာက္အျဖစ္ အာဆီယံေဘာလံုးအဖဲြ႔ခ်ဳပ္ ဒုတိယ ဥကၠ႒ တာ၀န္ကို ၂၀၁၉ ခုုႏွစ္မွ ၂၀၂၃ခုုႏွစ္အထိ ဆက္လက္ထမ္းေဆာင္သြားမည္ျဖစ္သည္။

Credit-Popular News Journal

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဌ ဦးဇော်ဇော်ကို ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် ယနေ့ကျင်းပခဲ့သော အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ဆုံးဖြတ်ချက်အရ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ အဖြစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။

သြစတြေးလျနှင့် အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ပါဝင်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအသစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ Major General Khiev Sameth က ရွေးချယ် တင်မြှောက်ခံခဲ့ရပြီး မြန်မာမှ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မလေးရှားမှ ဘင်ဟာဂျီမိုဒ် အမင်၊ တီမောမှ ဖရန်စ္စကို ခါလ်ဘူအာဒီလေ တို့နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

MFF ဥက္ကဋ္ဌဦးဇော်ဇော်သည် အာဆီယံဘောလုံးအဖွဲ့ချုပ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

Credit-Popular News Journal

LEAVE A REPLY