Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဖခင် သေဆုံးသွားတာ မခံစားနိုင်လို့. .၁ရက် ၄နာရီ အပြာကားကြည့်ပြီး စိတ်ဖြေခဲ့တဲ့ ကောင်မလေး.
ဖခင်ရဲ့သေဆုံးမှုကို ခံနိုင်ရည်ရှိဖို့ တစ်ရက်ကို လေးနာရီလောက် အပြာကား ကြည့်တယ်လို့ ဝန်ခံလိုက်တဲ့ ဆယ်ကျော်သက်မိန်းကလေး
ဆယ်ကျော်သက် မိန်းကလေးက ဖခင်ကိုဆုံးရှုံးလိုက်ရပြီးနောက်မှာ ဖြေသိမ့်ဖို့အတွက် အပြာကားတွေ ကြည့်ရင်းကနေ စွဲသွားပြီး မကြည့်ရ မနေနိုင်ဖြစ်သွားခဲ့တာပါ။
ချီကာဂိုက Gracelyn Sorrell ဆိုတဲ့ ကောင်မလေး ဟာ သူ့အဖေဆုံးတဲ့အချိန်မှာ ၁၄ နှစ်အရွယ်ပဲ ရှိသေးပြီး အဲ့အချိန်ကစလို့ သူမရဲ့ပူဆွေးမှုကို ဖြေဖျောက်ဖို့ အပြာဇာတ်လမ်းတွေ စကြည့်ခဲ့ပါတယ်။
သူ အထက်တန်းစတက်တဲ့နေ့မှာပဲ သူ့အဖေ ဆုံးပါး ခဲ့ပါတယ်။။ သူ့အဖေ သေဆုံးခါနီးမှာ သူ့မိသားစုက သူ့အဖေရှိရာ Maryland ကို လိုက်သွားခဲ့ပြီး သူမ တစ်ယောက်ထဲကျန်ခဲ့ရပါတယ်။
အဲဒီအခြေနေတွေကို လက်ခံဖို့ကြိုးစားနေဆဲမှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို ခံလိုက်ရပါသေးတယ်။
အဲဒီအချိန်ကစလို့ သူမဟာ အပြာဇာတ်ကားတွေကို မကြည့်ပဲမနေနိုင်အောင် စွဲသွားခဲ့ပြီး ညဆိုရင် လေးနာရီလောက် ဆက်တိုက်ကြည့်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ မနက်သုံးနာရီလောက်အထိ ကြည့်ဖြစ်ပါတယ်တဲ့။
ခရစ်ယာန်မိသားစုမှာ ကြီးပြင်းခဲ့ရတဲ့သူမအတွက်တော့ ဒီလိုဖြစ်နေတာတွေက ရှက်စရာဖြစ်ပြီး ဖြေရှင်းဖို့ခက်ခဲပါတယ်။ အပြာဇာတ်ကားကြည့်တာနဲ့ အာသာဖြေတာက တစ်ခါမှ ဆန္ဒမပြည့်ဝပါဘူးလို့ သူမက ပြောပါတယ်။
ဘဝရဲ့တစ်ဆစ်ချိုးကိုတော့ မိသားစုနဲ့အပျော်ခရီးထွက်တဲ့အချိန်မှ ကြုံရတာပါ။ သူ့အဖြစ်အပျက်တွေကို မိခင်ဖြစ်သူကို ပြောပြရာမှ အမေက အားပေးပြီး သူကိုယ်သူပြန်ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
Gracelynဟာ ခုဆိုရင် အဲဒီလို စွဲလမ်းမှုတွေ ပတ်သတ်ပြီး ပညာပေးဟောပြောသူ ဖြစ်လို့နေပါပြီ။ အိပ်ယာထဲဖုန်းယူတဲ့အကျင့်ကို ရှောင်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ယူကျု့ဘ်နဲ့ တခြား ဆော့ဖ်ဝဲ အချို့ကိုပါ ဖျက်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူ့အဖြစ်က လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမနေနိုင်ပဲ အရင်လိုပြန်ဖြစ်သွားပေမယ့် သူ့အမေရဲ့ အားပေးမှုကြောင့် သူမ ပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။
ခုဆိုရင်တော့ သူမဟာ ပုံမှန်ပြန်ဖြစ်သွားပြီး လက်တွဲဖော်တစ်ယောက် လိုချင်တယ်လို့လည်း ပြောပါတယ်။ ချစ်သူထားတာက ယောကျာ်းလေးတွေရဲ့ သဘောလို့ ယူဆတဲ့အတွက် သူမကတော့ စပြီး မရှာတော့ပါဘူးတဲ့။ သူ့ဘဝထဲဝင်လာမယ့် ယောကျာ်းကိုပဲ စောင့်မျှော်နေပါတော့မယ်လို့ ဆိုပါတယ်။
share from : burmese.asia
LEAVE A REPLY