Zawgyi ျဖင့္ဖတ္ရန္

ရန္ကုန္တုိင္းအတြင္းရွိ ၂၁ ၿမိဳ႕နယ္မွာ ရေပးေ၀မႈ ယာယီျပတ္ေတာက္မယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စုိးက ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကတစ္ဆင့္ ေၾကညာထားပါတယ္။

မဂၤလာဒံု၊မရမ္းကုန္း၊ေျမာက္ဥကၠလာပ၊ ေတာင္ဥကၠလာပ၊သဃၤန္းကၽြန္း၊ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ၊ဒဂုံၿမိဳ႕သစ္အေရွ႕ပုိင္း၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္း၊ ရန္ကင္း၊ဗဟန္း၊တာေမြ၊သာေကတ၊ ေဒါပံု၊မဂၤလာေတာင္ညႊန္႕၊ ပုဇြန္ေတာင္၊ ဗုိလ္တေထာင္၊ ကမာရြတ္၊ အလံု၊ ၾကည့္ျမင့္တိုင္၊ စမ္းေခ်ာင္းၿမိဳ႕နယ္ေတြက ရပ္ကြက္ေတြမွာ မတ္လ ၂၂ ရက္ မနက္၁၀ နာရီကေန ည ၈နာရီအထိ ယာယီေရ ျပတ္ေတာက္မယ္လုိ႔ ေၾကညာထားတာပါ။

ရန္ကုန္ၿမိဳ႕တြင္းကုိ ေရေပးေ၀ေနတဲ့ ေရကူးေရတြန္းစက္ရုံမွာ ေရတြန္းစက္နဲ႔ လွ်ပ္စစ္ပုိင္းဆုိင္ရာ စစ္ေဆးျပဳျပင္ျခင္းလုပ္ငန္းေတြ၊ ငမိုးရိပ္ေရသန္႔စက္ရုံ (ေညာင္ႏွစ္ပင္) ရဲ႕ ပထမအဆင့္ ေရပုိက္လိုင္းေတြ အစားထုိးလဲလွယ္ျခင္းလုပ္ငန္းေတြကုိ ေဆာင္ရြက္ဖုိ႔ ေရေပးေ၀ျခင္းလုပ္ငန္းကုိ ေခတၱရပ္ဆိုင္းထားတာျဖစ္တယ္လို႔ ဆိုပါတယ္။

“ ဒီလုိမ်ိဳးႀကိဳတင္ေၾကညာေပးေတာ့ ရုတ္တရက္ ေရသံုးဖုိ႔ လိုလာတဲ့အခါ ႀကိဳတင္ျပင္ဆင္ထားလို႔ရတာေပါ့။ ေရျပတ္တာက ကိစၥမရွိေပမယ့္ မီးျပတ္တာက ပိုဒုကၡေရာက္တယ္။မီးကို အခ်ိန္မွန္လာေစခ်င္ပါတယ္” လုိ႔ သာေကတၿမိဳ႕နယ္မွာ ေနထုိင္သူ မမြန္မြန္က Duwun ကုိေျပာပါတယ္။

ဒါေၾကာင့္ အဆုိပါ ၿမိဳ႕နယ္ေတြမွာ ေရအားေလ်ာ့နည္းျခင္းနဲ႔ ေခတၱေရျပတ္ေတာက္ျခင္းေတြ ျဖစ္ေပၚႏုိင္တာေၾကာင့္ ေရႀကိဳတင္စုေဆာင္းႏုိင္ၾကဖုိ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာ ယာေရးေကာ္မတီ ေရရရွိေရးႏွင့္ ေရေပးေ၀ေရးလုပ္ငန္းတာ၀န္ခံအဖြဲ႔က အသိေပးေၾကညာ ထားတာျဖစ္ပါတယ္။

Credit:duwun

Unicode ဖြင့်ဖတ်ရန်

ရန်ကုန်တိုင်းအတွင်းရှိ ၂၁ မြို့နယ်မှာ ရပေးဝေမှု ယာယီပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာထားပါတယ်။

မင်္ဂလာဒုံ၊မရမ်းကုန်း၊မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရန်ကင်း၊ဗဟန်း၊တာမွေ၊သာကေတ၊ ဒေါပုံ၊မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင့်တိုင်၊ စမ်းချောင်းမြို့နယ်တွေက ရပ်ကွက်တွေမှာ မတ်လ ၂၂ ရက် မနက်၁၀ နာရီကနေ ည ၈နာရီအထိ ယာယီရေ ပြတ်တောက်မယ်လို့ ကြေညာထားတာပါ။

ရန်ကုန်မြို့တွင်းကို ရေပေးဝေနေတဲ့ ရေကူးရေတွန်းစက်ရုံမှာ ရေတွန်းစက်နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းတွေ၊ ငမိုးရိပ်ရေသန့်စက်ရုံ (ညောင်နှစ်ပင်) ရဲ့ ပထမအဆင့် ရေပိုက်လိုင်းတွေ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီလိုမျိုးကြိုတင်ကြေညာပေးတော့ ရုတ်တရက် ရေသုံးဖို့ လိုလာတဲ့အခါ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့။ ရေပြတ်တာက ကိစ္စမရှိပေမယ့် မီးပြတ်တာက ပိုဒုက္ခရောက်တယ်။မီးကို အချိန်မှန်လာစေချင်ပါတယ်” လို့ သာကေတမြို့နယ်မှာ နေထိုင်သူ မမွန်မွန်က Duwun ကိုပြောပါတယ်။

ဒါကြောင့် အဆိုပါ မြို့နယ်တွေမှာ ရေအားလျော့နည်းခြင်းနဲ့ ခေတ္တရေပြတ်တောက်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ရေကြိုတင်စုဆောင်းနိုင်ကြဖို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က အသိပေးကြေညာ ထားတာဖြစ်ပါတယ်။

Credit:duwun

LEAVE A REPLY