Zawgyi ျဖင့္ဖတ္ရန္

တနဂၤေႏြ သားသမီးမ်ားအတြက္

ဒီကာလဟာတစ္ေယာက္ထဲ အထီးက်န္ ဆန္ေနရတတ္တဲ့အခ်ိန္ပါပဲ။ အိမ္ မွာမေနခ်င္တာမ်ိဳးနဲ႔ လက္ရွိေနရာ ကေန အေဝးထြက္သြားခ်င္တဲ့စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြေၾကာင့္ေသာက ပိုေရာက္ရ ပါလိမ့္မယ္။ မိမိကိုယ္တိုင္ကလဲ စိတ္ခံစားမႈေတြ ျပင္းထန္ေနတတ္တဲ့ကာလပါပဲ။

အရမ္းရင္းႏွီးတဲ့သူေတြ ရဲ႕သစၥာေဖာက္ျခင္းခံရမည္။ ေအာက္လက္ငယ္သားေတြကို အရမ္းအေရးႀကီးတဲ့ကိစၥမ်ား မ်က္ႏွာလႊဲမခိုင္းသင့္ပါ။ လူယံုဒုကၡေပးမဲ့အခ်ိန္ပါပဲ။ အလုပ္ထဲမွာ စိတ္ႏွစ္ထား လို႔မရျဖစ္ေနတတ္ပါတယ္။လုပ္သေလာက္လဲအက်ိဳးရရွိမႈ နည္းေနတတ္ပါတယ္။က်န္းမာေရးကေတာ့ေကာင္းေန တတ္တဲ့အခ်ိန္ပါပဲ။ကိုယ္တိုင္လဲစိတ္လြတ္ကိုယ္လြတ္ အနားယူသင့္တဲ့အခ်ိန္ပါပဲ။ အခ်စ္ေရးကေတာ့အဆင္ေျပ ေနမဲ့ကာလပါပဲ။

ခ်စ္ရသူကို ဖြင့္ေျပာဖို႔အတြက္ ဒီကာလဟာ အေကာင္းဆံုးအခ်ိန္ပါပဲ။ အိမ္ေထာင္ေရး ကံ အထူးည႔ံေနခ်ိန္ပါ။ အိမ္ေထာင္ဘက္နဲ႔မ်က္ႏွာခ်င္းဆိုင္ တာနဲ႔ျပႆနာတတ္ျခင္း၊ စကားအေျခအတင္ေျပာရျခင္းေတြၾကံဳရပါလိမ့္မယ္။ ပညာေရးမွာထပ္တလဲလဲ သင္ေနတဲ့ သင္ခန္းစာေတြေၾကာင့္ စိတ္ကုန္ေနမိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၀ အထူးေဟာ လုပ္ေနၾကအလုပ္ေတြေမ့ထားၿပီးသက္ေသာင့္သက္သာေနပါ။ ယၾတာ ရဟန္းတစ္ပါးအား ထီးလႉေပးပါ။

တနလၤာ

အဘက္ဘက္ကေဖးမကူညီမႈေတြေၾကာင့္ လိုခ်င္ေသာပန္းတိုင္ကိုေရာက္မည္။လုပ္ငန္းစီးပြားအထူးတိုး တတ္မည္။ ဝန္ထမ္းဆို ေနရာေပးခံရျခင္း၊ေနရာေကာင္းရျခင္းေတြရွိလာ ပါလိမ့္မယ္။ ဒီကာလမွာပဲ အျခားသူမ်ားအား အႀကံေပးျခင္း၊ႏႈတ္၏ေဆာင္မျခင္းျဖင့္ ထိုသူေတြအဆင္ေျပေခ်ာေမြ႕မဲ့ကာလပါပဲ။

မိမိၾသဇာေညာင္းမဲ့အခ်ိန္ပါ။ေကာင္းေသာခရီးဘာသာေရးနဲ႔သက္ဆိုင္ေသာခရီးေတြလဲသြားရပါလိမ့္မယ္။ခက္​ခဲ​ေနမဲ့​ေငြ​ေၾကးက႑​ေတြလဲ ​ေျပလည္​လာမဲ့အ​ေနအထားမ်ိဳ း​ေတြ႔ရပါတယ္​။ ဆံံုးျပီလို႔ထင္​ထားတဲ့အ​ေၾကြး​ေတြရပါလိမ္​့မယ္​။ လုုပ္​ငန္​းအဆင္​​ေျပမည္​။ အလုပ္​ထဲမွာမိတ္​​ေဆြ​ေတြနဲ႔လဲ အတြဲညိီညီလုပ္​ကိုင္​နိုင္​ပါလိမ္​့့မယ္​။ အခ်စ္​​ေရးကံ​ေကာင္​း​ေန​ေပမဲ့ ခ်စ္​သူ​ေရာကိုယ္​ပါ အလုပ္​ကိစၥ​ေတြ​ေၾကာင္​့​နွစ္​ဦးသား​ေတြ႔ဖို႔ အခ်ိန္​မ​ေပးနိုင္​ျဖစ္​တတ္​ပါတယ္​။

က်န္းမာေရး အေကာင္းဆံုး ကာလပါပဲ။ အုိးသစ္​ အိမ္​သစ္​ ​ေနရာသစ္​မွာ​ေနရတတ္​တယ္​။ အိမ္​တြင္​း​ေရး အိမ္​​ေထာင္​​ေရးက​ေတာ့အနည္​းငယ္​ည့ံ​ေနမဲ့ကာလပါပဲ။ အထူးသျဖင္​့ အမ်ိဳးူသမီး​ေတြသတိရွိပါ။ လင္​​ေယာက်ာ္​းနဲ႔ စကားအ​ေျခအတင္​​ေျပာရကိန္​းရွိပါတယ္​။ပညာ​ေရးအ​ေနနဲ႔ ​ေက်ာင္​းပညာအတန္​းပညာထက္​ ဘာသ​ာ​ေ​ရးနဲ့ ႏြယ္​​ေသာပညာမ်ားရတတ္​ပါတယ္​။

အက်ိဳးေပးဂဏန္း ၇၊ဝ၊၆ ။ အထူးေဟာ -ေျပာသမ်ွျဖစ္မည္။ ။ ယၾတာ -ေမြးေန႔တြင္ သစ္သီး ၆မ်ိဳးဘုရားလွဴပါ။

အဂၤါ

လူမႈ​ေရး ပရဟိတကိစၥေတြကိုအားတတ္သေရာ လုပ္မိေနတတ္ပါတယ္။ စိတ္ကိုလြတ္လပ္ေပါ့ပါးစြာ ေနခ်င္ ေနၿပီး အရာရာကိုအေကာင္းျမင္ေန တတ္ပါတယ္။ စီးပြားေရးကေတာ့ ဟုန္းခနဲမေအာင္ျမင္ေပမဲ့ တျဖည္းျဖည္းတိုး တတ္မွာပါ။ အလုပ္စီးပြားက အတိုက္အခိုက္ေလးေတြရွိေပမဲ့တိုးတတ္မဲ့သေဘာရွိတယ္။ အဆိုးဆံုးက သူမ်ားအႀကံေပးလို႔ဘာတစ္ခုမွမလုပ္မိေစနဲ႔။ ဒုကၡေတြ႕လိမ့္မယ္။

မိမိဆံုးျဖတ္ခ်က္ ၊မိမိစိတ္ကူးနဲ႔သာ အနာဂတ္ကိုပံုေဖာ္သင့္တဲ့အခ်ိန္ပါ။ေငြေၾကးလာဘ္လာဘလဲေပါမ်ားေနတတ္တဲ့အခ်ိန္ပါ။ေငြအထူးဝင္မယ္။စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းမြန္စြာတိုးတတ္ေနခ်ိန္ပါပဲ။ က်န္းမာေရး အားနည္းမႈေတြေလ်ာ့ပါးသက္သာလာပါၿပီ။ နာတာရွည္ျဖစ္ေန သူေတာင္ ေဆးတိုးသြားမဲ့အခ်ိန္ပါပဲ။

အခ်စ္ေရးကေတာ့ စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ ေနမွာပါ။ အိမ္ေထာင္ ဘက္ရဲ႕ အိမ္ေထာင္ေရးရႈပ္ေထြးမႈေလးေတြ စန္းပြင့္ေနမႈေတြေၾကာင့္မိမိဗ်ာမ်ား ရတတ္ တယ္။ ပညာေရး ေၾကာင့္တစ္ဖက္တစ္လမ္းက ေငြဝင္မဲ့ကံမ်ိဳးေတြ႕ရပါတယ္ဗ်ာ။ ပညာေရးအတြက္ ေက်ာင္းစတင္ အပ္ႏွံဖို႔ အေကာင္းဆံုးအခ်ိန္ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၇/၀/၃ ။ အထူးေဟာ ေငြရႊင္မည္ ။ ယၾတာ ၾကံ ရည္တစ္ခြက္ဘုရားကပ္လႉပူေဇာ္ပါ

ဗုဒၶဟူး/ရာဟု

ဒီတစ္ပတ္အတြင္း သူမ်ားကိစၥၾကားဝင္ကူညီျခင္း၊အာမခံျခင္း ေတြေၾကာင့္အထူးဒုကၡေရာက္တတ္ပါတယ္။ လင္မယားၾကား မိတ္ေဆြေတြၾကား ဘယ္သူ႔ၾကားမွမဝင္မိပါေစနဲ႔။ ဘယ္စီးပြားေရးနယ္ပယ္မွာလဲ အခုကာလမွာ ရတာကနည္းနည္း ၊ျပႆ နာရွင္းရတာကမ်ားမ်ားျဖစ္ေနလိမ့္မယ္။ ေ႐ႊေငြလက္ဝတ္ရတနာမ်ားက်ေပ်ာက္ျခင္း သူခိုးခိုခံရျခင္းေတြၾကံဳႏိုင္တယ္။ အလုပ္မွာရန္ေပၚနိုင္တဲ့ကာလပါ။

လူမ်ိဳးျခားဘာသာျခားေတြနဲ႔ ဆက္ဆံတာ၊ တြဲဖက္လုပ္တာမ်ိဳးဆို သတိနဲ႔လုပ္ပါ။ ထိုသူေတြရဲ႕ ဝိုင္းဝန္းေခ်ာက္ခ်ျခင္းကိုခံရႏိုင္ပါတယ္။ ေငြအသံုးဆင္ျခင္ပါ။ ေငြအရမ္းမသံုးမိပါေစနဲ႔။ မလိုအပ္တာ ေတြဝယ္မိ တတ္ပါတယ္။ က်န္းမာေရး အေနနဲ႔ကေတာ့အစား အေသာက္ ဆင္ျခင္ပါ။ ဆီမသန္႔တာေတြမစားပါနဲ႔ ။ အစားမွားေဆးမွားဆိုတာမ်ိဳး ၾကံဳရတတ္ပါတယ္။ စက္ပစၥည္း ဝယ္ဖို႔စိတ္ကူး ထားရင္ ဒီကာလအတြင္းမဝယ္ပါနဲ႔အံုး။

စီးပြားတြက္တြက္ေနတဲ့ခ်စ္သူေၾကာင့္စိတ္ညစ္ရမယ္။ ခ်စ္သူကိုအခ်ိန္ေပးဖို႔ထက္ ေငြေနာက္ပဲလိုက္ေနပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ ထူးထူးျခားျခား သာယာပါလိမ့္မယ္။ ပညာေရးမွာတြက္စာကို မလိုက္ႏိုင္တာမ်ိဳးၾကံဳရပါလိ္မ့္မယ္။ စာရွင္းျပခ်ိန္ ေသခ်ာအာရံုစိုက္ ထားဖို႔ေတာ့လိုပါတယ္။

အက်ိဳးေပးဂဏန္း ၂၊၄၊၆ ။ အထူးေဟာ ကံည႔ံေနသည္။ ယၾတာ သေဘၤာသီးေဖ်ာ္ရည္တစ္ခြက္ ဘုရားကပ္လႉလိုက္ပါဗ်ာ။

ၾကာသပေတး

မိမိလုပ္လိုက္တဲ့ကိစၥရပ္တစ္ခုအေပၚ မနာလိုသူေတြမ်ားေနတတ္ပါတယ္။အဲဒါေၾကာင့္ မိမိအမွားကိုေစာင့္ ဒုကၡေပးမယ္သူေတြရွိပါတယ္။ မိမိဘက္ကမွန္ေနရင္ေတာ့အရာရာကို ရင္ဆိုင္ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။ စပ္တူလုပ္ငန္းထဲေငြရင္းႏွီးထားသူမ်ား ဒီကာလကစလို႔ အက်ိဳးအျမတ္စတင္ရရွိပါၿပီ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ကိစၥမ်ား မိမိဆံုးျဖတ္ခ်က္တစ္ခုတည္းနဲ႔ မဆံုးျဖတ္ပါနဲ႔။ မသြားခ်င္တဲ့ေနရာသြားရျခင္း၊နယ္ေျပာင္းခံရျခင္းေတြႀကံဳေတြ႕ ရပါလိမ့္မယ္။

အိမ္ေမြးတိရစၧာန္ေလးမ်ား လက္ေဆာင္ရတတ္ပါတယ္။ က်န္းမာေရးလဲ အနည္းငယ္အားနည္း ေနပါတယ္။ ေနပူနည္းနည္းမိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳးႀကံဳတာနဲ႔ ဖ်ားနာတတ္ပါတယ္။ အခ်စ္ေရးကံ အလြန္ေကာင္းပါတယ္။ မိမိကိုယ္တိုင္လဲစန္း ပြင့္ေနတတ္ပါတယ္။ စိတ္ေျပလက္ ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ကံေတြျပန္ျမင့္လာပါလိမ့္မယ္။

အိမ္ေထာင္ေရး မွာ အိမ္ေထာင္ဘက္နဲ႔ အေနေဝးဖို႔အေၾကာင္းဖန္လာလိမ့္မယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ ပညာေရးမွာ မိမိရဲ႕ အေတြးသစ္ အျမင္သစ္စိတ္ ကူးသစ္ေတြက အေထာက္အကူရမွာပါ။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၆/၅/၂ ။ အထူးေဟာ အတိုက္အခိုက္မ်ားေနမည္ ။ယၾတာ စံပယ္ပန္းဘုရားလႉပါ

ေသာၾကာ

ကံဇာတာအထူးျမင့္မားေနခ်ိန္ပါပဲ။ ေငြေၾကးအဘက္ဘက္က ဝင္လာမဲ့အခ်ိန္ပါပဲ။ေငြအရမ္း႐ႊင္မွာပါ။ ေငြေၾကးရင္းႏွီးမႈလုပ္ငန္းေတြ စတင္ျပဳလုပ္ဖို႔ေကာင္းပါၿပီ။ တစ္ခုသတိထားရမွာက လူမ်ားမ်ားနဲ႔အုပ္စုဖြဲ႕သြား လာျခင္း ၊ညဥ့္နက္သန္းေခါင္အျပင္ထြက္ျခင္းကို ဒီကာလအတြင္းေလ်ွာ႔ပါ။

ျပႆနာက မဖိတ္ေခၚဘဲေရာက္ လာတတ္လို႔ပါ။ အစုစပ္အလုပ္၊ရွယ္ယာအလုပ္ေတြခဏဆိုင္းထားပါအံုး။ အထိုင္စီးပြားေရးလုပ္ငန္းမ်ားလူစည္ကား ေအာင္ျမင္ပါလိမ့္မည္။ ရပ္ေဝးသြားၿပီးကုန္သြယ္ျခင္းမ်ိဳးက ဒီအခ်ိန္မွာအရွံုးေပၚတတ္ပါတယ္။ က်န္းမာေရး ေဒါင္ေဒါင္ျမည္ေန ပါလိမ့္မယ္။ ေနမေကာင္းျဖစ္ေနသူမ်ားဒီကာလတြင္ ေဆးတိုးသြားတတ္ပါတယ္။နာတာရွည္ ေရာဂါသည္မ်ား ဆရာေကာင္းသမားေကာင္းေတြ႕မည္။

အခ်စ္ေရးကံမေကာင္းတဲ့အခ်ိန္ပါ။ မိမိေစတနာက ေဝဒနာျဖစ္ရတတ္ပါတယ္။မိသားစုအတြက္ပူပန္ေသာကေရာက္ရတတ္ပါတယ္။ အထူးသျဖင့္ေအာက္လက္ငယ္ သား သားသမီးေတြေၾကာင့္ စိတ္ညစ္ရတာမ်ိဳးပါ။ အရြယ္ေရာက္ၿပီးသားသမီးရွိက ႐ုတ္တရက္အိမ္ေထာင္က် တတ္ပါတယ္။ ပညာေရးအတြက္အေထာက္အပံ့ေကာင္းေတြအကူအညီေကာင္းေတြရလာပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၃၊၆၊၂ ။အထူးေဟာ -ကံအထူးေကာင္းသည္။ ။ယၾတာ -ရဟန္းသံဃာေတြကို ေဆးလႉဒါန္းပါ။

စေန

ခရီးကိစၥေပၚလာတတ္ပါသည္။ ေအာက္လူေတြနဲ႔ လႊဲထားလို႔မရဘဲအေသးအမႊားကအစ မိမိကိုယ္တိုင္ လုပ္ေနရတတ္ပါတယ္။ဗ်ာမ်ားေနရမည္။စိတ္ထဲမတင္မက်ကိစၥေတြၾကံဳလာတတ္ပါတယ္။ဆံုးျဖတ္ရခက္ခဲေနတဲ့သေဘာပါပဲ။ အေရးႀကီးကိစၥေတြကိုလဲ ဒီကာလအတြင္းဆံုးျဖတ္ခ်က္မခ်ပါနဲ႔အံုး။ စီးပြားေရးခ်ဲ့ထြင္ဖို႔ စပ္တူလုပ္ငန္းစတင္ဖို႔အေကာင္းဆံုးကာလပါပဲ။

လခစားဝန္ထမ္းမ်ား ေနရာေကာင္းရျခင္း ၊ရာထူးတိုးျခင္းမ်ိဳးရွိ ေနလိမ့္မယ္။လုပ္ငန္းတူအခ်င္းခ်င္း အားၿပိဳင္မႈ တိုက္ခိုက္မႈေတြ ရွိေပမဲ့အဆံုးသတ္မိမိသာအနိုင္ရမည္။ က်န္းမာေရးအေနနဲ႔ထိခိုက္ရွနာ ေသြးထြက္သံယိုျဖစ္တတ္ပါတယ္။ လွ်ပ္စစ္ပစၥည္း၊စက္ပစၥည္းေတြနဲ႔ထိေတြ႕ လုပ္ကိုင္ရသူမ်ားသတိရွိရွိကိုင္တြယ္လုပ္ကိုင္ပါ။ အခ်စ္ေရးကိစၥမ်ားမွာမိမိအေနနဲ႔ ေရြးခ်ယ္ရခက္ခဲတာမ်ိဳးၾကံဳရပါ လိမ့္မယ္။ မိသားစုနဲ႔အိမ္ေထာင္ဘက္ၾကားဗ်ာမ်ားရမည္ ။

အလုပ္အဆင္ေျပေနလို႔ အလုပ္ထဲစိတ္ႏွစ္မယ္ႀကံၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ေနရမည္။ ပညာေရးအခန္းက႑ကေတာ့ အားနည္းေန ပါတယ္။ ပညာေရးမွာ စာေမးပြဲခန္းေရာက္မွစာ ေတြေမ့လြယ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၈/၂ ။အထူးေဟာ အလုပ္ပိုကိစၥပိုေတြမ်ားေနရတတ္ပါတယ္။ယၾတာ ဗုဒၶဟူးေထာင့္မွာ ရြက္လွ၄ၫြန္႔လႉတန္း ေပးပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

Credit:ဆရာၿငိမ္းေအးလူ

Unicode ဖြင့်ဖတ်ရန်

တနင်္ဂနွေသားသမီးများအတွက်

ဒီကာလဟာတစ်ယောက်ထဲ အထီးကျန်ဆန်နေရတတ်တဲ့အချိန်ပါပဲ။ အိမ်မှာမနေချင်တာမျိုးနဲ့ လက်ရှိနေရာ ကနေ အဝေးထွက်သွားချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေကြောင့်သောက ပိုရောက်ရ ပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလဲ စိတ်ခံစားမှုတွေ ပြင်းထန်နေတတ်တဲ့ကာလပါပဲ။

အရမ်းရင်းနှီးတဲ့သူတွေ ရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ကိစ္စများ မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ အလုပ်ထဲမှာ စိတ်နှစ်ထား လို့မရဖြစ်နေတတ်ပါတယ်။လုပ်သလောက်လဲအကျိုးရရှိမှု နည်းနေတတ်ပါတယ်။ကျန်းမာရေးကတော့ကောင်းနေ တတ်တဲ့အချိန်ပါပဲ။ကိုယ်တိုင်လဲစိတ်လွတ်ကိုယ်လွတ် အနားယူသင့်တဲ့အချိန်ပါပဲ။ အချစ်ရေးကတော့အဆင်ပြေ နေမဲ့ကာလပါပဲ။

ချစ်ရသူကို ဖွင့်ပြောဖို့အတွက် ဒီကာလဟာ အကောင်းဆုံးအချိန်ပါပဲ။ အိမ်ထောင်ရေးကံ အထူးညံ့နေချိန်ပါ။ အိမ်ထောင်ဘက်နဲ့မျက်နှာချင်းဆိုင် တာနဲ့ပြဿနာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေကြုံရပါလိမ့်မယ်။ ပညာရေးမှာထပ်တလဲလဲ သင်နေတဲ့ သင်ခန်းစာတွေကြောင့် စိတ်ကုန်နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၀ အထူးဟော လုပ်နေကြအလုပ်တွေမေ့ထားပြီးသက်သောင့်သက်သာနေပါ။ ယတြာ ရဟန်းတစ်ပါးအား ထီးလှူပေးပါ။

တနင်္လာ

အဘက်ဘက်ကဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကိုရောက်မည်။လုပ်ငန်းစီးပွားအထူးတိုး တတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း၊နေရာကောင်းရခြင်းတွေရှိလာ ပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊နှုတ်၏ဆောင်မခြင်းဖြင့် ထိုသူတွေအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။

မိမိသြဇာညောင်းမဲ့အချိန်ပါ။ကောင်းသောခရီးဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲသွားရပါလိမ့်မယ်။ခက်ခဲနေမဲ့ငွေကြေးကဏ္ဍတွေလဲ ပြေလည်လာမဲ့အနေအထားမျို းတွေ့ရပါတယ်။ ဆံုံးပြီလို့ထင်ထားတဲ့အကြွေးတွေရပါလိမ့်မယ်။ လုပ်ငန်းအဆင်ပြေမည်။ အလုပ်ထဲမှာမိတ်ဆွေတွေနဲ့လဲ အတွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။ အချစ်ရေးကံကောင်းနေပေမဲ့ ချစ်သူရောကိုယ်ပါ အလုပ်ကိစ္စတွေကြောင့်နှစ်ဦးသားတွေ့ဖို့ အချိန်မပေးနိုင်ဖြစ်တတ်ပါတယ်။

ကျန်းမာရေး အကောင်းဆုံး ကာလပါပဲ။ အိုးသစ် အိမ်သစ် နေရာသစ်မှာနေရတတ်တယ်။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့အနည်းငယ်ညံ့နေမဲ့ကာလပါပဲ။ အထူးသဖြင့် အမျိုးူသမီးတွေသတိရှိပါ။ လင်ယောကျာ်းနဲ့ စကားအခြေအတင်ပြောရကိန်းရှိပါတယ်။ပညာရေးအနေနဲ့ ကျောင်းပညာအတန်းပညာထက် ဘာသာရေးနဲ့ နွယ်သောပညာများရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၇၊ဝ၊၆ ။ အထူးဟော -ပြောသမျှဖြစ်မည်။ ။ ယတြာ -မွေးနေ့တွင် သစ်သီး ၆မျိုးဘုရားလှူပါ။

အင်္ဂါ

လူမှုရေး ပရဟိတကိစ္စတွေကိုအားတတ်သရော လုပ်မိနေတတ်ပါတယ်။ စိတ်ကိုလွတ်လပ်ပေါ့ပါးစွာ နေချင် နေပြီး အရာရာကိုအကောင်းမြင်နေ တတ်ပါတယ်။ စီးပွားရေးကတော့ ဟုန်းခနဲမအောင်မြင်ပေမဲ့ တဖြည်းဖြည်းတိုး တတ်မှာပါ။ အလုပ်စီးပွားက အတိုက်အခိုက်လေးတွေရှိပေမဲ့တိုးတတ်မဲ့သဘောရှိတယ်။ အဆိုးဆုံးက သူများအကြံပေးလို့ဘာတစ်ခုမှမလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။

မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကိုပုံဖော်သင့်တဲ့အချိန်ပါ။ငွေကြေးလာဘ်လာဘလဲပေါများနေတတ်တဲ့အချိန်ပါ။ငွေအထူးဝင်မယ်။စပ်တူရှယ်ယာအလုပ်တွေ ကောင်းမွန်စွာတိုးတတ်နေချိန်ပါပဲ။ ကျန်းမာရေး အားနည်းမှုတွေလျော့ပါးသက်သာလာပါပြီ။ နာတာရှည်ဖြစ်နေ သူတောင် ဆေးတိုးသွားမဲ့အချိန်ပါပဲ။

အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ် နေမှာပါ။ အိမ်ထောင် ဘက်ရဲ့ အိမ်ထောင်ရေးရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့်မိမိဗျာများ ရတတ် တယ်။ ပညာရေး ကြောင့်တစ်ဖက်တစ်လမ်းက ငွေဝင်မဲ့ကံမျိုးတွေ့ရပါတယ်ဗျာ။ ပညာရေးအတွက် ကျောင်းစတင် အပ်နှံဖို့ အကောင်းဆုံးအချိန်ကာလပါပဲ။

အကျိုးပေးဂဏန်း ၇/ဝ/၃ ။ အထူးဟော ငွေရွှင်မည် ။ ယတြာ ကြံ ရည်တစ်ခွက်ဘုရားကပ်လှူပူဇော်ပါ

ဗုဒ္ဓဟူး/ရာဟု

ဒီတစ်ပတ်အတွင်း သူများကိစ္စကြားဝင်ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက်တတ်ပါတယ်။ လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှမဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာလဲ အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေကြုံနိုင်တယ်။ အလုပ်မှာရန်ပေါ်နိုင်တဲ့ကာလပါ။

လူမျိုးခြားဘာသာခြားတွေနဲ့ ဆက်ဆံတာ၊ တွဲဖက်လုပ်တာမျိုးဆို သတိနဲ့လုပ်ပါ။ ထိုသူတွေရဲ့ ဝိုင်းဝန်းချောက်ချခြင်းကိုခံရနိုင်ပါတယ်။ ငွေအသုံးဆင်ခြင်ပါ။ ငွေအရမ်းမသုံးမိပါစေနဲ့။ မလိုအပ်တာ တွေဝယ်မိ တတ်ပါတယ်။ ကျန်းမာရေး အနေနဲ့ကတော့အစား အသောက် ဆင်ခြင်ပါ။ ဆီမသန့်တာတွေမစားပါနဲ့ ။ အစားမှားဆေးမှားဆိုတာမျိုး ကြုံရတတ်ပါတယ်။ စက်ပစ္စည်း ဝယ်ဖို့စိတ်ကူး ထားရင် ဒီကာလအတွင်းမဝယ်ပါနဲ့အုံး။

စီးပွားတွက်တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ ထူးထူးခြားခြား သာယာပါလိမ့်မယ်။ ပညာရေးမှာတွက်စာကို မလိုက်နိုင်တာမျိုးကြုံရပါလိမ့်မယ်။ စာရှင်းပြချိန် သေချာအာရုံစိုက် ထားဖို့တော့လိုပါတယ်။

အကျိုးပေးဂဏန်း ၂၊၄၊၆ ။ အထူးဟော ကံညံ့နေသည်။ ယတြာ သင်္ဘောသီးဖျော်ရည်တစ်ခွက် ဘုရားကပ်လှူလိုက်ပါဗျာ။

ကြာသပတေး

မိမိလုပ်လိုက်တဲ့ကိစ္စရပ်တစ်ခုအပေါ် မနာလိုသူတွေများနေတတ်ပါတယ်။အဲဒါကြောင့် မိမိအမှားကိုစောင့် ဒုက္ခပေးမယ်သူတွေရှိပါတယ်။ မိမိဘက်ကမှန်နေရင်တော့အရာရာကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ စပ်တူလုပ်ငန်းထဲငွေရင်းနှီးထားသူများ ဒီကာလကစလို့ အကျိုးအမြတ်စတင်ရရှိပါပြီ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ ရပါလိမ့်မယ်။

အိမ်မွေးတိရစ္ဆာန်လေးများ လက်ဆောင်ရတတ်ပါတယ်။ ကျန်းမာရေးလဲ အနည်းငယ်အားနည်း နေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ အချစ်ရေးကံ အလွန်ကောင်းပါတယ်။ မိမိကိုယ်တိုင်လဲစန်း ပွင့်နေတတ်ပါတယ်။ စိတ်ပြေလက် ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။

အိမ်ထောင်ရေး မှာ အိမ်ထောင်ဘက်နဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ ပညာရေးမှာ မိမိရဲ့ အတွေးသစ် အမြင်သစ်စိတ် ကူးသစ်တွေက အထောက်အကူရမှာပါ။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၆/၅/၂ ။ အထူးဟော အတိုက်အခိုက်များနေမည် ။ယတြာ စံပယ်ပန်းဘုရားလှူပါ

သောကြာ

ကံဇာတာအထူးမြင့်မားနေချိန်ပါပဲ။ ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ကောင်းပါပြီ။ တစ်ခုသတိထားရမှာက လူများများနဲ့အုပ်စုဖွဲ့သွား လာခြင်း ၊ညဉ့်နက်သန်းခေါင်အပြင်ထွက်ခြင်းကို ဒီကာလအတွင်းလျှော့ပါ။

ပြဿနာက မဖိတ်ခေါ်ဘဲရောက် လာတတ်လို့ပါ။ အစုစပ်အလုပ်၊ရှယ်ယာအလုပ်တွေခဏဆိုင်းထားပါအုံး။ အထိုင်စီးပွားရေးလုပ်ငန်းများလူစည်ကား အောင်မြင်ပါလိမ့်မည်။ ရပ်ဝေးသွားပြီးကုန်သွယ်ခြင်းမျိုးက ဒီအချိန်မှာအရှုံးပေါ်တတ်ပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေ ပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။နာတာရှည် ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။

အချစ်ရေးကံမကောင်းတဲ့အချိန်ပါ။ မိမိစေတနာက ဝေဒနာဖြစ်ရတတ်ပါတယ်။မိသားစုအတွက်ပူပန်သောကရောက်ရတတ်ပါတယ်။ အထူးသဖြင့်အောက်လက်ငယ် သား သားသမီးတွေကြောင့် စိတ်ညစ်ရတာမျိုးပါ။ အရွယ်ရောက်ပြီးသားသမီးရှိက ရုတ်တရက်အိမ်ထောင်ကျ တတ်ပါတယ်။ ပညာရေးအတွက်အထောက်အပံ့ကောင်းတွေအကူအညီကောင်းတွေရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၃၊၆၊၂ ။အထူးဟော -ကံအထူးကောင်းသည်။ ။ယတြာ -ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။

စနေ

ခရီးကိစ္စပေါ်လာတတ်ပါသည်။ အောက်လူတွေနဲ့ လွှဲထားလို့မရဘဲအသေးအမွှားကအစ မိမိကိုယ်တိုင် လုပ်နေရတတ်ပါတယ်။ဗျာများနေရမည်။စိတ်ထဲမတင်မကျကိစ္စတွေကြုံလာတတ်ပါတယ်။ဆုံးဖြတ်ရခက်ခဲနေတဲ့သဘောပါပဲ။ အရေးကြီးကိစ္စတွေကိုလဲ ဒီကာလအတွင်းဆုံးဖြတ်ချက်မချပါနဲ့အုံး။ စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့အကောင်းဆုံးကာလပါပဲ။

လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုးရှိ နေလိမ့်မယ်။လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့အဆုံးသတ်မိမိသာအနိုင်ရမည်။ ကျန်းမာရေးအနေနဲ့ထိခိုက်ရှနာ သွေးထွက်သံယိုဖြစ်တတ်ပါတယ်။ လျှပ်စစ်ပစ္စည်း၊စက်ပစ္စည်းတွေနဲ့ထိတွေ့ လုပ်ကိုင်ရသူများသတိရှိရှိကိုင်တွယ်လုပ်ကိုင်ပါ။ အချစ်ရေးကိစ္စများမှာမိမိအနေနဲ့ ရွေးချယ်ရခက်ခဲတာမျိုးကြုံရပါ လိမ့်မယ်။ မိသားစုနဲ့အိမ်ထောင်ဘက်ကြားဗျာများရမည် ။

အလုပ်အဆင်ပြေနေလို့ အလုပ်ထဲစိတ်နှစ်မယ်ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေရမည်။ ပညာရေးအခန်းကဏ္ဍကတော့ အားနည်းနေ ပါတယ်။ ပညာရေးမှာ စာမေးပွဲခန်းရောက်မှစာ တွေမေ့လွယ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၂ ။အထူးဟော အလုပ်ပိုကိစ္စပိုတွေများနေရတတ်ပါတယ်။ယတြာ ဗုဒ္ဓဟူးထောင့်မှာ ရွက်လှ၄ညွန့်လှူတန်း ပေးပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

Credit:ဆရာငြိမ်းအေးလူ