Zawgyi ဖြင့်ဖတ်ရန်



 

 



Unicode ဖြင့်ဖတ်ရန်

၇သိန်းကျော် Gucci အကျီ င်္ကို ၇သောင်းကျော်ထင်ပြီး မှားဝယ်မိလို့ ကြေကွဲနေတဲ့ ဇေရဲထက်

မင်းသားချောလေး ဇေရဲထက်ကတော့ အနုပညာ ကို ချစ်မြတ်နိုးလွန်းလို့ အကောင်းဆုံးကြိုးစားပြီး ရှေ့ဆက်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ မင်းသားပေမယ့်လည်း အသုံးအစွဲချွေတာတတ်တဲ့ ဇေရဲထက်ကတော့ လတ်တလောမှာ ၇သိန်းကျော်တန် Gucci အကျီင်္ကို ၇သောင်းကျော်ထင်ပြီး မှားဝယ်မိလို့ ကြေကွဲနေတဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ၇သောင်းတန်ထင်ပြီး ပစ္စည်းရောက်လာတော့ အံ့သြကြေကွဲသွားတဲ့ ဇေရဲထက်ရဲ့အဖြစ်ကတော့ ရယ်ရခက်ငိုရခက်ပါပဲနော်။

ဇေရဲထက်ကတော့ “Gucciလေးတထည်မှာတာ ၇၈၀၀၀၀လို့ရေးတာကို ၇၈၀၀၀ဆိုမှာတာ အခုရှင်းပေးရတော့🤧🤧🤧😡😡😡” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ဇေရဲထက်ကတော့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်ကို တစ်နေ့တစ်ခြား ပိုပိုပြီးရလာတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇေရဲထက်ကတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး အကောင်းဆုံးဆက်ပြီးကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ၇သိန်းကျော်တန် Gucci အကျီင်္ကို ၇သောင်းထင်ပြီး မှားဝယ်မိတဲ့ ဇေရဲထက်ကို အားပေးစကားလေးတွေ ပြောသွားခဲ့ပါဦးနော်။

Source;Zay Ye Htet’s Facebook