Zawgyi ဖြင့်ဖတ်ရန်



Credit:dvb

Unicode ဖြင့်ဖတ်ရန်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မနက် ၁၁ နာရီခွဲ တိုင်းထွာချက်တွေအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Credit:dvb

LEAVE A REPLY