Zawgyi ျဖင့္ဖတ္ရန္

Best Actor In A Leading Role Award ဆုကို တိမ္တုိက္တံတား ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အကယ္ဒမီေနတုိးက ရရွိပုိင္ဆုိင္ခဲ့ပါတယ္။

ပထမဆုံးအႀကိမ္ က်င္းပျပဳလုပ္တဲ့ Star Awards ဆုေပးပြဲမွာေတာ့ Best Actor In A Leading Role Award ဆုကုိ ေနတုိးက ‘’တိမ္တုိက္တံတား’’ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဆုရရွိခဲ့ပါတယ္။ ဒီဆုကုိေတာ့ ထုတ္လုပ္သူ ကုိေရႊမန္း က ဆုလက္ခံရယူခ့ဲပါတယ္။ ဒီကားထဲမွာ သရုပ္ေဆာင္ ေနတုိး၊ ထြန္းထြန္း၊ ခင္ဝင့္ဝါနဲ႔ ငုရင္ထရန္ဟုရန္ေမ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။

Star Awards ဆုေပးပြဲမွာေတာ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြအတြက္ ဆု(၁၅)ဆု၊ ရုပ္ရွင္ဇာတ္လမ္းတြဲအတြက္ ဆု (၅) ဆု ခ်ီးျမွင့္သြားမယ္လုိ႔ သိရပါတယ္။ Fashion ဆု ၃ ဆု တုိ႔ကုိ ခ်ီးျမွင့္သြားမွာျဖစ္ပါတယ္။ ရုပ္ရွင္ထူးခၽြန္ဆု ရရွိသူမ်ားကို ေရႊေရာင္ဆုတံဆိပ္နဲ႕အတူ ဆုေၾကးေငြ သိန္း(၅၀) စီ၊ ႐ုပ္သံဇာတ္လမ္းတြဲ ဆုရရွိသူမ်ားကို ေရႊေရာင္ဆုတံဆိပ္နဲ႔ သိန္း (၃၀) စီ၊ ဖက္ရွင္ဆုရရွိသူမ်ားကို ေရႊ ၂ က်ပ္သားရွိတဲ့ ေရႊရင္ထိုးတုိ႔ကို ခ်ီးျမႇင့္္ေပးသြားမယ္လို႔ သိရပါတယ္။

ျမန္မာႏုိင္ငံ သတင္းစာ ဆရာမ်ားအသင္းက ၾကီးမွဴးက်င္းပၿပီး Stellar Seven Entertainment က Organizer အျဖစ္ ျပဳလုပ္တဲ့ StarAwards ဆုေပးပြဲႀကီးကုိ ဧၿပီလ ၅ ရက္ေန႔ ညေနပုိင္းက ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰဘူမိ EvenPark မွာ က်င္းပျပဳလုပ္ေနတာျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actor In A Leading Role Award ဆုကို ရရှိသွားတဲ့ နေတိုး

Best Actor In A Leading Role Award ဆုကို တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီနေတိုးက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Actor In A Leading Role Award ဆုကို နေတိုးက ‘’တိမ်တိုက်တံတား’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆုရရှိခဲ့ပါတယ်။ ဒီဆုကိုတော့ ထုတ်လုပ်သူ ကိုရွှေမန်း က ဆုလက်ခံရယူခဲ့ပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါနဲ့ ငုရင်ထရန်ဟုရန်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ StarAwards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ EvenPark မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY