Zawgyi ဖြင့်ဖတ်ရန်




 

 





Unicode ဖြင့်ဖတ်ရန်

လွှမ်းပိုင် ကို ရှစ်သိန်းကျော်တန် Gucci ခါးပတ် မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ Bobby Soxer

ချစ်သက်တမ်းဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့လွှမ်းပိုင်နဲ့ ထက်ထက်အောင်တို့နှစ်ယောက်သားရဲ့အချစ်ရေးကတော့လက်ရှိအချိန်ထိအဆင်ပြေပြေနဲ့လက်တွဲနေကြဆဲပါပဲ။

နှစ်ယောက်အတူတူလည်းHighSkoolဆိုတဲ့အင်္ကျီဆိုင်လေးဖွင့်လှစ်ထားပြီးစီးပွားတူပူးပေါင်းထားကြတာပဲဖြစ်ပါတယ်။အောင်မြင်တဲ့အဆိုတော်တွေဖြစ်ကြပြီးပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုလည်း ရရှိခဲ့ကြသူတွေပါပဲ။ ချစ်စရာကောင်းတဲ့ စုံတွဲလေးမို့ အားလုံးရဲ့ Idol Couple ပါပဲ။

ပြီးခဲ့တဲ့လကပြီးဆုံးသွားခဲ့တဲ့လွှမ်းပိုင်ရဲ့မွေးနေ့အတွက်ထက်ထက်တစ်ယောက်မနေ့ကမှလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ချစ်သူကိုနောက်ကျမှလက်ဆောင်ပေးပေမယ့်ပေါ့သေးသေးတော့မဟုတ်ဘူးနော်ပရိသတ်ကြီး

ကမ္ဘာကျော်GucciBrandကထုတ်တဲ့ခါးပတ်လေးကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီခါးပတ်လေးဟာကာလပေါက်ဈေးနဲ့ဆိုရှစ်သိန်းကျော်လောက်တန်ကြေးရှိနေတာပဲဖြစ်ပါတယ်။ မေတ္တာနဲ့ ပေးတဲ့ လက်ဆောင်မို့ တန်ကြေးဟာ အဓိကမကျပါဘူးနော်။

လက်ဆောင်ပေးဖို့ပြင်နေတဲ့ချစ်သူရဲ့ပုံလေးကိုမြတ်မြတ်နိုးနိုးရိုက်ပြီး”ကျွန်တော့်ကိုမွေးနေ့လက်ဆောင်အခုမှပေးတယ်” ဆိုပြီးလွှမ်းပိုင်သူ့ရဲ့FacebookMyDayမှာကြည်ကြည်နူးနူးလေးတင်ထားတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ဒီစုံတွဲလေးရဲ့ ကြည်နူးစရာအခိုက်အတန့် လေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း အားကျနေကြပါ တယ်

share from : burmese.asia

LEAVE A REPLY