Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဥပါယ်တံမျဉ် ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆု ကို ရရှိသွားခဲ့ပြီဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
အကယ်ဒမီပေးပွဲကြီးလို အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုကို စိုက်ထူနိုင်မယ့် Star Awards ပွဲလေးတစ်ပွဲကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများ ကြီးမှူးပြီးတော့ ကျင်းပမယ့် ဒီ Star Awards ပွဲကြီးကနေတဆင့် အနုပညာပန်းတိုင်လေးတွေကိုဆောက်တည်သွားနိုင်မှာလည်းဖြစ်ပါတယ်။ ဒီ Star Awards ဆုပေးပွဲကိုတော့ ဒီကနေ့ ဧပြီလ ၅ ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်လောကကြီးရဲ့ အရွေ့တစ်ခုကိုဖန်တီးပေးနိုင်ခဲ့တဲ့ ဒါရိုက်တာခရစ္စတီးနားခီဟာ ပရိသတ်တွေရဲ့ ရင်ထဲက အကယ်ဒမီကို ပေးအပ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။ သူမကတော့ ဥပါယ်တံမျဉ်နဲ့ မုဒြာခေါ်သံဆိုတဲ့ ပြောင်မြောက်တဲ့ရုပ်ရှင်ကားတွေကို ဖန်တီးခဲ့သူတစ်ဦးဖြစ်ပြီးတော့ ပရိသတ်တွေရဲ့အားပေးမှုနဲ့သာ အမြဲလိုလို ရပ်တည်နေတာတွေ့ရပါတယ်။
ဒီကနေ့ကျင်းပခဲ့တဲ့ Star Awards ပွဲမှာတော့ ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပါတယ်။ အဲ့ဒါကတော့ ဥပါယ်တံမျဉ်ဇာတ်ကားနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက ဒါရိုက်တာဆုကိုရရှိသွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အင်မတန်ကို ဂုဏ်ယူပါတယ် ခရစ္စတီးနားခီ။We Lov e Cele
share from : burmese.asia
LEAVE A REPLY