Zawgyi ဖြင့်ဖတ်ရန်



 

 

 



Unicode ဖြင့်ဖတ်ရန်

DJ တီးကာ ကမ္ဘာပတ်ပြီး ဖျော်ဖြေရတဲ့ ပျော်ရွှင်မှုတွေကို ချပြလိုက် မိန်းမလှလေး DJ Soda

တောင်ကိုရီးယားနိုင်ငံ သူတွေရဲ့ အလှသတင်းကြီးသူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ DJ Soda ကတော့ သူမရဲ့ ကြည်လင်လှပတဲ့ အသားအရေနဲ့ ချစ်စရာကောင်းတဲ့ မျက်နာပေါက်လေးနဲ့ တကယ့်ကို ပရိသတ်တွေကို အမြဲဆွဲဆောင်ထားနိုင်သူပါ။ရှားရှားပါးပါး မိန်းကလေး Dj တွေထဲက အမိုက်စားနဲ့ ပုရိသတွေရဲ့ အသည်းကျော်ဖြစ်တဲ့ DJ Soda ကတော့ (၁၉၈၆)ခုနှစ် ဧပြီ (၇)ရက်နေ့ မှာ တောင်ကိုရီးယား၊ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာ တော့ အသက်(၃၃) နှစ်ရှိပြီ ဖြစ်ပါတယ်။

အသက်(၃၂) နှစ်လို့ မထင်ရလောက်အောင် ဆက်ကျော်သက်လေးအလား ငယ်ရွယ်နုပျိုမှုတွေကို ပိုင်ဆိုင်ထားသလို DJ Sodaရဲ့ နောက်ထပ် ဆုလာဘ်တစ်ခုကတော့ လှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို ပိုင်ဆိုင်ထားခြင်းပါပဲ။ လှပပြီး စီးမျောဖွယ်ကောင်းတဲ့ သံစဉ်နဲ့ Beats တွေကို စင်မြင့်ထက်မှာ ဖန်တီးရင်း သူမရဲ့ sexy ကျတဲ့ အကအလှတွေကြောင့် ပိုကြွေပြီးရင်း ကြွေနေရသူလေးလည်းဖြစ်ပါတယ်။ အာရှ ဂီတလောက မှာ သာမက ယူရို DJ လောကထိ နာမည်ကြီးသူလေးဖြစ်သလို ငယ်ရွယ်နုပျို ပြီး ချစ်စရာကောင်းတဲ့ Sexy ကျကျ အလှကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

အာရှရဲ့ အတော်ဆုံးနဲ့ အလှဆုံးအမျိုးသမီး DJ(၁၀)ယောက် စာရင်းမှာ ၂၀၁၇ ခုနှစ်က ပါဝင်ခဲ့ပေမဲ့လည်း ဒီနှစ်စာရင်းမှာတော့ DJ Sodaတစ်ယောက် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ အမျိုးသမီး DJ တစ်ယောက်အနေနဲ့ သူမဟာ လက်ရှိမှာ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့
ကမ္ဘာတလွှားက မလေးရှား၊ ဂျပန်၊ ကွာလမ်လာပူ၊ မီယာမီ မြို့ အစရှိတဲ့ မြို့တွေကို ဖြတ်ကျော်ပြီး ဖျော်ဖြေနေတာဖြစ်ပြီး သူမရဲ့ ပျော်ရွှင်စရာကောင်းတဲ့ DJတစ်ယောက် ရဲ့ဘဝကို Video လေးနဲ့ ကတွ ချပြလိုက်တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးတို့ရေ .. Soda လေးကို ချစ်ကြတယ် မဟုတ်လား..?

share from : burmese.asia

LEAVE A REPLY