Zawgyi ဖြင့်ဖတ်ရန်

 





Unicode ဖြင့်ဖတ်ရန်

ချစ်သူချောချောလေးကို Instagram မှာချပြလိုက်တဲ့ ပိုပို

ခံစားချက် သီချင်းလေးတွေနဲ့ ပရိသတ်တွေလက်ခံ အားပေးလာတဲ့ အဆိုတော်ပိုပိုဟာ ဆိုရင်တော့ လက်ရှိမှာ တော်တော်လေးကို အောင်မြင်တဲ့ အတိုင်းအတာ တခုထိကိုရောက်နေပါပြီ။ တမူထူးခြားတဲ့ သူ့ရဲ့ အသံနဲ့ ဆိုဟန်လေးတွေကြောင့် ပရိသတ် တွေ အားပေးမှု အပြည့်အဝ ရရှိထားတဲ့ ပိုပို တယောက်ကတော့ လက်ရှိမှာ သူချစ်ရတဲ့ ချစ်သူလေးကို ချပြလိုက်ပါပြီ။ ပိုပိုကတော့ သူ့အနေနဲ့ သူမရဲ့ချစ်သူကို သိပ်ပြီးတော့ ချပြလေ့မရှိပေမယ့်လည်း ဒီတခေါက်မှာတော့ Instagram မှာ ချပြလိုက်တာ ဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတော့ ဖေ့ဘုတ်ပေါ်မှာတော့ ချပြထားခြင်းမရှိပဲ သူမရဲ့ Instagram မှာတော့ သူ့ရဲ့ ချစ်ရတဲ့ ကောင်လေးပုံလေးတွေကို စုစည်းပြီးတော့ တင်ပြထားပြီး သူ့ပုံမတင်ရင် စိတ်ကောက်မှာ စိုးလို့ စတာစတာ Love you miss u so much ဆိုပြီးတော့တင်ထားတာ ဖြစ်ပါတယ်။

ဒီပုံလေးရဲ့ အောက်က Comment တွေမှာလည်း သူ့ရဲ့ကောင်လေးကတော့ လွမ်းလည်းအရမ်းလွမ်းနေပါတယ်။ ဘယ်သူကစိတ်ကောက်မယ် ပြောနေလို့လဲ။ ကောက်ချိတ်ပဲ ဖြစ်ဖြစ် ကောက်စိန်ပဲ ဖြစ်ဖြစ် အပျိုကြီးပိုပို ချစ်တဲ့ချစ်သူဖြစ်ရင် ပျော်နေသူပါ ဆိုပြီးတော့ ပိုပိုတယောက် သူ့ပုံတင်ထားတာကို ပြန်ပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ပိုပိုတယောက်ကတော့ ချွဲတတ်တဲ့ကောင်လေးယောက်ကို ချစ်သူတော်ထားရတဲ့ ပုံပါပဲ။ ချစ်သူလေး စိတ်ကောက်မှာစိုးလို့ ချစ်သူလေးရဲ့ပုံကို သူ့ရဲ့ Insatgram မှာ တင်ပြထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း အဆိုတော်ပိုပို တယောက်တော့ ကောင်လေးချောချောလေးနဲ့ စွံသွားလို့ အားကျနေကြမယ်လို့ ထင်ပါတယ်။

share from : burmese.asia

LEAVE A REPLY