Zawgyi ျဖင့္ဖတ္ရန္

ကမာၻအရပ္ရပ္မွာ လူေတြက မစင္ဆိုရင္ လူ႔ခႏၶာကိုယ္ ထဲက ထြက္တဲ့အညစ္အေၾကးဆိုၿပီး ေရွာင္ရွားခဲ့ၾကတာပါ။လူၾကားထဲမွာ မစင္အေၾကာင္းမေျပာရဘူးဆိုတာက လူတိုင္းနားလည္ထားၾကတဲ့က်င့္ဝတ္တစ္ခုလိုကိုျဖစ္ေနတာလည္းျဖစ္ပါတယ္။ အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ မစင္အေရာင္ေကာင္းရဲ႕လားဆိုတာကို ပဋိသႏၶာရစကားအျဖစ္ႏႈတ္ဆက္တဲ့လူေတြလည္းရွိပါတယ္။ ဒါေပမယ့္ လူ႔အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားကေတာ့ မစင္ကို သိပ္ၿပီးေနရာမေပးခ်င္ၾကပါဘူး။

ဂ်ပန္ႏိုင္ငံကေတာ့ အဲဒါနဲ႔ေျပာင္းျပန္ပါ။ မစင္ကို တန္ဖိုးထားၾကၿပီး လူေတြကိုက်န္းမာေစတဲ့အရာအျဖစ္သတ္မွတ္ၾကပါတယ္။ မၾကာေသးမီက ဂ်ပန္ႏိုင္ငံမွာ pop up museum တစ္ခုေပၚလာခဲ့ၿပီး အဲဒီ ျပတိုက္ရဲ႕နာမည္ကေတာ့ Unko Museum ျဖစ္ၿပီး မစင္ျပတိုက္လို႔အဓိပၸါယ္ရပါတယ္။ မစင္ပုံတူေလးေတြကို ခ်စ္ဖို႔ေကာင္းတဲ့အေရာင္ေလးေတြနဲ႔ ျပတိုက္ထဲမွာ အ႐ြယ္အစားေပါင္းစုံျပသထားၿပီး မစင္႐ုပ္တုအႀကီးႀကီးေတြကိုလည္း ဆလိုက္မီးေတြနဲ႔ျပထားပါေသးတယ္။ မစင္ျပတိုက္ဟာ နည္းနည္းေတာ့ထူးဆန္းတဲ့အရာျဖစ္ေပမယ့္ ျပတိုက္ဖြင့္ၿပီး ပထမဆုံးအပတ္မွာတင္ လာေရာက္လည္ပတ္သူ တစ္ေသာင္းခန႔္ရွိခဲ့တယ္လို႔ိသိရပါတယ္။

 

 

 

မစင္ျပတိုက္ထဲကိုသြားေရာက္လည္ပတ္သူေတြမွာ ကေလးေတြလည္းပါဝင္ၿပီး ကေလးေတြက မစင္ေရာင္စုံေတြၾကားေဆာ့ကစားရင္းေပ်ာ္႐ႊင္ေနၾကတာကိုေတြ႕ရပါတယ္။ မစင္ျပတိုက္ထဲမွာ မစင္အ႐ုပ္ေရာင္စုံေတြနဲ႔ေဆာ့ႏိုင္႐ုံတင္မကပဲ မစင္အေၾကာင္းကိုလည္း အက်ယ္ႀကီးေအာ္ေျပာဖို႔ မိုက္က႐ိုဖုန္းေတြထားေပးထားပါတယ္။ လူ႔အဖြဲ႕အစည္းၾကားမွာအသံထြက္လို႔မရခဲ့တဲ့ မစင္ဟာ မစင္ျပတိုက္ထဲမွာေတာ့ ဇာတ္လိုက္ပါပဲ။ ကေလးေတြက မိုက္က႐ိုဖုန္းကေန မစင္အေၾကာင္းေတြအက်ယ္ႀကီးေအာ္ေျပာရတာကို ႏွစ္ၿခိဳက္ၿပီး လူႀကီးေတြကလည္း မစင္အ႐ုပ္ေရာင္စုံေတြကိုလြပ္လြပ္လပ္လပ္ကိုင္ၿပီးဓာတ္ပုံေတြ႐ိုက္ရလို႔ေပ်ာ္႐ႊင္ေနပါတယ္။

မစင္ျပတိုက္ဟာ ဂ်ပန္ႏိုင္ငံ ယိုကာဟားမားမွာတည္ရွိၿပီး Pop Up Museum ျဖစ္တာေၾကာင့္အၿမဲတမ္းရွိေနမွာေတာ့မဟုတ္ဘဲ ရက္သတၱပတ္အနည္းငယ္သာဖြင့္လွစ္မွာျဖစ္ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ျပတိုက္ရဲ႕ပဲ့ကိုင္ရွင္ေတြက တစ္စုံတစ္ခုစီစဥ္ေနတယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြထြက္လာၿပီးအဲဒါက ဘာမွန္းေတာ့ဘယ္သူမွမသိၾကေသးပါဘူး။ လက္တေလာမွာေတာ့ မစင္ျပတိုက္ဟာအနယ္နယ္အရပ္ရပ္က လာေရာက္ေလ့လာလည္ပတ္သူေတြနဲ႔ ႀကိတ္ႀကိတ္တိုးစည္ကားလို႔ေနပါတယ္။

ပရိသတ္ႀကီးေရာ မစင္ျပတိုက္ကိုသြားေရာက္လည္ပတ္ခ်င္ၾကလား။ ကိုယ့္မစင္ေတြအေၾကာင္း ခေရေစ့တြင္းက်သိရမယ့္အခြင့္အေရးကိုမလိုခ်င္ၾကဘူးလား။ ျမန္မာႏိုင္ငံမွာေရာ မစင္ျပတိုက္ဖြင့္ေစခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

လူတွေကြိတ်ကြိတ်တိုးနေတဲ့ ဂျပန်ရဲ့ မစင်ပြတိုက်

ကမ္ဘာအရပ်ရပ်မှာ လူတွေက မစင်ဆိုရင် လူ့ခန္ဓာကိုယ် ထဲက ထွက်တဲ့အညစ်အကြေးဆိုပြီး ရှောင်ရှားခဲ့ကြတာပါ။လူကြားထဲမှာ မစင်အကြောင်းမပြောရဘူးဆိုတာက လူတိုင်းနားလည်ထားကြတဲ့ကျင့်ဝတ်တစ်ခုလိုကိုဖြစ်နေတာလည်းဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ မစင်အရောင်ကောင်းရဲ့လားဆိုတာကို ပဋိသန္ဓာရစကားအဖြစ်နှုတ်ဆက်တဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းတော်တော်များများကတော့ မစင်ကို သိပ်ပြီးနေရာမပေးချင်ကြပါဘူး။

ဂျပန်နိုင်ငံကတော့ အဲဒါနဲ့ပြောင်းပြန်ပါ။ မစင်ကို တန်ဖိုးထားကြပြီး လူတွေကိုကျန်းမာစေတဲ့အရာအဖြစ်သတ်မှတ်ကြပါတယ်။ မကြာသေးမီက ဂျပန်နိုင်ငံမှာ pop up museum တစ်ခုပေါ်လာခဲ့ပြီး အဲဒီ ပြတိုက်ရဲ့နာမည်ကတော့ Unko Museum ဖြစ်ပြီး မစင်ပြတိုက်လို့အဓိပ္ပါယ်ရပါတယ်။ မစင်ပုံတူလေးတွေကို ချစ်ဖို့ကောင်းတဲ့အရောင်လေးတွေနဲ့ ပြတိုက်ထဲမှာ အရွယ်အစားပေါင်းစုံပြသထားပြီး မစင်ရုပ်တုအကြီးကြီးတွေကိုလည်း ဆလိုက်မီးတွေနဲ့ပြထားပါသေးတယ်။ မစင်ပြတိုက်ဟာ နည်းနည်းတော့ထူးဆန်းတဲ့အရာဖြစ်ပေမယ့် ပြတိုက်ဖွင့်ပြီး ပထမဆုံးအပတ်မှာတင် လာရောက်လည်ပတ်သူ တစ်သောင်းခန့်ရှိခဲ့တယ်လို့ိသိရပါတယ်။

မစင်ပြတိုက်ထဲကိုသွားရောက်လည်ပတ်သူတွေမှာ ကလေးတွေလည်းပါဝင်ပြီး ကလေးတွေက မစင်ရောင်စုံတွေကြားဆော့ကစားရင်းပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။ မစင်ပြတိုက်ထဲမှာ မစင်အရုပ်ရောင်စုံတွေနဲ့ဆော့နိုင်ရုံတင်မကပဲ မစင်အကြောင်းကိုလည်း အကျယ်ကြီးအော်ပြောဖို့ မိုက်ကရိုဖုန်းတွေထားပေးထားပါတယ်။ လူ့အဖွဲ့အစည်းကြားမှာအသံထွက်လို့မရခဲ့တဲ့ မစင်ဟာ မစင်ပြတိုက်ထဲမှာတော့ ဇာတ်လိုက်ပါပဲ။ ကလေးတွေက မိုက်ကရိုဖုန်းကနေ မစင်အကြောင်းတွေအကျယ်ကြီးအော်ပြောရတာကို နှစ်ခြိုက်ပြီး လူကြီးတွေကလည်း မစင်အရုပ်ရောင်စုံတွေကိုလွပ်လွပ်လပ်လပ်ကိုင်ပြီးဓာတ်ပုံတွေရိုက်ရလို့ပျော်ရွှင်နေပါတယ်။

မစင်ပြတိုက်ဟာ ဂျပန်နိုင်ငံ ယိုကာဟားမားမှာတည်ရှိပြီး Pop Up Museum ဖြစ်တာကြောင့်အမြဲတမ်းရှိနေမှာတော့မဟုတ်ဘဲ ရက်သတ္တပတ်အနည်းငယ်သာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့် ပြတိုက်ရဲ့ပဲ့ကိုင်ရှင်တွေက တစ်စုံတစ်ခုစီစဉ်နေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်လာပြီးအဲဒါက ဘာမှန်းတော့ဘယ်သူမှမသိကြသေးပါဘူး။ လက်တလောမှာတော့ မစင်ပြတိုက်ဟာအနယ်နယ်အရပ်ရပ်က လာရောက်လေ့လာလည်ပတ်သူတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားလို့နေပါတယ်။

ပရိသတ်ကြီးရော မစင်ပြတိုက်ကိုသွားရောက်လည်ပတ်ချင်ကြလား။ ကိုယ့်မစင်တွေအကြောင်း ခရေစေ့တွင်းကျသိရမယ့်အခွင့်အရေးကိုမလိုချင်ကြဘူးလား။ မြန်မာနိုင်ငံမှာရော မစင်ပြတိုက်ဖွင့်စေချင်ကြလား။ပြောခဲ့ကြပါဦး။

share from : burmese.asia

LEAVE A REPLY