Zawgyi ဖြင့်ဖတ်ရန်

 


ကျိုက်မရော ၂၀၁၉ သင်္ကြန်တွင်း



ဖြစ်စဉ်မှာ နိတုံကျေးရွာနေ ဦးငွေထွန်း၏ သမီးအငယ်ဆုံး မစန်းထွေး (၁၁) နှစ်သည် အခင်းဖြစ်နေ့ ညနေ ၄ နာရီခန့့် က အစ်မဖြစ်သူ မသီတာထွန်းအိမ်သို့ သွားရောက်လည်ပတ်စဉ် အစ်မအိမ်ရှေ့ရှိ ဦးကဝ+ဒေါ်ကရင် တို့၏ အိမ်အောက်၌ ကလေးများနှင့်​ဆော့ကစားရင်းအိပ်ပျော်နေစဉ် ဦးကဝ၏ သားမက်ဖြစ်သူ အဗလိုင်မှ ပွေ့ချီသွားပြီး အိမ်သာအနီးတွင် အဓမ္မပြုကျင့်ရန်ကြံစည်ရာ မစန်းထွေး မှာ နိုးသွားပြီး ​အော်သဖြင့် လည်ပင်းအားညှစ်ထားစဉ် လူတစ်ဦးမှအော်ခေါ်သံကြားသောကြောင့်




Unicode ဖြင့်ဖတ်ရန်

ကာမ ဘီလူး၏ လက်မှ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တဲ့ (၁၁) နှစ်သမီးလေး

“သက်ငယ်မုဒိန်း ကျူးလွန်ရန် ကြံစည်မှု ကျိုက်မရော နိတုံကျေးရွာတွင် ဖြစ်ပွား”

ကျိုက်မရော ၂၀၁၉ သြင်္ကန်တွင်း

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ သက်ငယ်မုဒိန်း ကျူးလွန်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

(၁၅.၄.၂၀၁၉) ညနေ ၄ နာရီခန့်က အသက် ၁၁ နှစ် မိန်းခလေးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်မှုနှင့် အသက်သေစေရန်အတွက် လည်ပင်းညှစ်မှုကြောင့် ကျိုက်မရောဆေးရုံ၌ ၁၇.၄.၂၀၁၉ ညနေပိုင်းအထိ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

ဖြစ်စဉ်မှာ နိတုံကျေးရွာနေ ဦးငွေထွန်း၏ သမီးအငယ်ဆုံး မစန်းထွေး (၁၁) နှစ်သည် အခင်းဖြစ်နေ့ညနေ ၄ နာရီခန့့်က အစ်မဖြစ်သူ မသီတာထွန်းအိမ်သို့သွားရောက်လည်ပတ်စဉ် အစ်မအိမ်ရှေ့ရှိ ဦးကဝ+ဒေါ်ကရင် တို့၏ အိမ်အောက်၌ ကလေးများနှင့်ဆော့ကစားရင်းအိပ်ပျော်နေစဉ် ဦးကဝ၏ သားမက်ဖြစ်သူ အဗလိုင်မှ ပွေ့ချီသွားပြီး အိမ်သာအနီးတွင် အဓမ္မပြုကျင့်ရန်ကြံစည်ရာ မစန်းထွေး မှာ နိုးသွားပြီး အော်သဖြင့် လည်ပင်းအားညှစ်ထားစဉ် လူတစ်ဦးမှအော်ခေါ်သံကြားသောကြောင့်

အဆိုပါ အဗလိုင် မှ မစန်းထွေးအား လည်ပင်းညှစ်ထားရာမှ လွှတ်ပေးလိုက်သဖြင့် နေအိမ်သို့ငိုယို၍ ပြန်ပြေးလာကြောင်းပြောပြသဖြင့် သမီးဖြစ်သူအား ကြည့်ရှုရာ လည်ပင်းနာကျင်ဒဏ်ရာ၊ ပါးစပ်မှသွေးထွက်၊ ဝဲတတောင်ဆစ်ပွန်းခြစ်၊နှာခေါင်းမှသွေးထွက်ဒဏ်ရာနှင့်မျက်နှာပြာနှမ်းဒဏ်ရာများတွေ့ရှိရပြီးတရားခံမှာ နောက်တစ်နေ့မနက်စောစောမှာ စတင်ထွက်ပြေး တိမ်းရှောင်သွားကြောင်းသိရသည်။

၁၇.၄.၂၀၁၉ ရက်နေ့နေ့လည် ၁ နာရီတွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးကော်မတီအဖွဲ့ဝင် ပြည်နယ် ၁ လွှတ်တော်ကိုယ်စားလှယ်ေဒေါ်ခင်မျိုးမြင့် မှ နိတုံကျေးရွာနှင့် ကျိုက်မရောဆေးရုံသို့သွားရောက်၍ တရားခံဖမ်းမိ၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကူညီပေးရန်အားပေးစကားပြောကြား ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

share from : burmese.asia

LEAVE A REPLY