Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
စစ်မှန်တဲ့ ဘဝ အလင်းတန်းရောင်ခြည်လေးတွေ ပြန်မြင်ခွင့်ရခဲ့ရပြီ ဆိုပြီး ချစ်သူလေးကို ချပြလိုက်တဲ့ ကျော်ဇင်ထွဋ်
နိုင်ငံကျော် ဝါရင့် ဇာတ်ပို့ သရုပ်ဆောင် ကျော်ဇင်ထွဋ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ ကျော်ဇင်ထွဋ်က
သရုပ်ဆောင် ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကျော်ဇင်ထွဋ် က သူ့ရဲ့ ချစ်သူလေးကို ချပြလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်ဇင်ထွဋ်က သူ့အိမ်ထောင်ကွဲ ပြီးသူ့မိသားစု ပြန်အလာကို စောင့်နေခဲ့သူပါ။ ခံစားချက်တွေကို ဖေ့စ်ဘွတ်ပေါ်မှာ ချရေးပြီး သူချစ်တဲ့ မိသားစု ကိုလွမ်းတဲ့ စိတ်ကို ဖြေရင်း ခု အချိန်မှာတော့ ကျော်ဇင်ထွဋ်က အချစ်သစ်တစ်ဖန် ပေါက်ဖွားလာပြီ ထင်ပါတယ်။
ကျော်ဇင်ထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ချစ်သူလေးကို ချပြလိုက်တာပါ။ နောက်ပြီး ခုလိုရေးထားပါသေးတယ်။” 20-4-2019 သန့်ရှင်းဖြူစင်တဲ့ စိတ်နဲ့ ဒီကောင်လေး ရဲ့ စိတ်ဒဏ်ရာတွေကို လာရောက် ကုစားပေးတဲ့ ဒီကယ်တင်ရှင်မလေး ရဲ့ စေတနာကြောင့် ဒီကောင်လေး တစ်ယောက် စစ်မှန်တဲ့ ဘဝအလင်းတန်းရောင်ခြည်လေးတွေ ပြန်မြင်ခွင့်ရခဲ့ရပြီလို့ ” ဆိုပြီး ပြောထားပါတယ်။
နောက်ပြီး ” 22-4-2019 အရှှုပ်တွေကိုရှင်းပေးနေတဲ့ အဲ့ကောင်မလေး နဲ့ 100%ကျော်ဇင်ထွဋ် )” ဆိုပြီးရေးထားပါသေးတယ်။ကျော်ဇင်ထွဋ် ကတော့ ခုဆိုရင် စစ်မှန်တဲ့ ဘဝအလင်းတန်းရောင်ခြည်လေးတွေ ပြန်မြင်ခွင့်ရခဲ့ရပြီ ဆိုပြီး သူ့ရဲ့ ချစ်သူလေးကို ဖော်ပြလိုက်ပြီပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ကျော်ဇင်ထွဋ် တင်ထားတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်
share from : burmese.asia
LEAVE A REPLY