Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာႏိုင္ငံ ၌ ခရမ္းလြန္ေရာင္ျခည္ အၫြန္းကိန္း လြန္ကဲအဆင့္ ေရာက္ရွိေနခ်ိန္တြင္ မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္စီးသူမ်ား အပူဒဏ္ကာကြယ္ႏိုင္ေရးအတြက္ မီးပြိဳင့္အနီးတြင္ အမိုးမ်ား တပ္ဆင္လိုက္သည္။

“ဆိုင္ကယ္စီးသူမ်ားအတြက္ ပူျပင္းတဲ့ ေန႔လယ္ေနဒဏ္ကို ကာကြယ္ေပးဖို႔ပါ။ ဒီႏွစ္ေႏြက ခါတိုင္းထက္ ပိုပူလို႔ ဆိုင္ကယ္စီးသူမ်ားအတြက္ ေန႔လယ္ အပူဒဏ္ကို အထိုက္အေလ်ာက္ ေလွ်ာ့ခ်ႏိုင္ဖို႔ Construction Safety Net ေတြနဲ႔ အမိုး မိုးေပးလိုက္ပါတယ္။”ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာသည္။

ဧၿပီ ၂၂ ရက္ေန႔က ၇၈ လမ္း၊ စစ္ကိုင္းလမ္းဆုံမွ စတင္ကာ မီးပြိဳင့္အနီးတြင္ စည္ပင္သာယာေရးေကာ္မတီမွ အမိုးမ်ား မိုးေပးခဲ့ျခင္း ျဖစ္သည္။

“ေလဒဏ္ခံႏိုင္ေအာင္လည္း ဂ႐ုစိုက္ရေသးလို႔ ၉ မီတာ မီးတိုင္ေတြကို ၂ ေပခြဲ Concrete Footing ေတြနဲ႔ စိုက္ထူရတာပါ။ ပိုခိုင္ခံ့ေအာင္ Steel Wire Rope ေတြသုံးၿပီး ေလအတိုးခံႏိုင္ေအာင္ ၄ ေပအက်ယ္ Construction Safety Net ေတြကိုလည္း တစ္ခုနဲ႔တစ္ခု ပူးမခ်ဳပ္ပါဘူး။အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး အႏၲရာယ္ကင္းေအာင္ လုပ္ေပးထားတာပါ။ ေနာက္ထပ္ေနရာေတြကိုလည္းေ႐ြးၿပီး တပ္ဆင္ေပးသြားပါမယ္။” ဟု ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ကေျပာသည္။

ဆိုင္ကယ္အသြားမ်ားသည့္ေနရာမ်ားကို ဦးစားေပး တပ္ဆင္ေပးသြားမည္ ျဖစ္ၿပီး လူအသြားအလာမ်ားသည့္ လမ္းဆုံမီးပြိဳင့္မ်ားအားလုံးတြင္ တပ္ဆင္ေပးသြားမည္ ျဖစ္သည္။

အဆိုပါ အမိုးအားလုံးကို ေႏြရာသီကုန္ဆုံးလွ်င္ ျပန္လည္ျဖဳတ္သိမ္းသြားမည္ျဖစ္ၿပီး ေနာက္လာမည့္ ေႏြရာသီေရာက္တိုင္း အမိုးမ်ား ျပန္လည္တပ္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မႏၲေလးၿမိဳ႕သည္ ဆိုင္ကယ္အသြားအလာ ထူထပ္ေသာၿမိဳ႕ေတာ္ ျဖစ္ၿပီး ၿမိဳ႕ေနအမ်ားစုက ဆိုင္ကယ္ျဖင့္သာ သြားလာၾကျခင္း ျဖစ္သည္။

Credit :mizimma

Unicode ဖြင့်ဖတ်ရန်

မန္တလေးတွင် ဆိုင်ကယ်စီးသူများ အပူဒဏ်ကာကွယ်နိုင်ရေး မီးပွိုင့်အနီး အမိုးများ တပ်ဆင်နေ

မြန်မာနိုင်ငံ ၌ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း လွန်ကဲအဆင့် ရောက်ရှိနေချိန်တွင် မန္တလေးမြို့တွင် ဆိုင်ကယ်စီးသူများ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် မီးပွိုင့်အနီးတွင် အမိုးများ တပ်ဆင်လိုက်သည်။

“ဆိုင်ကယ်စီးသူများအတွက် ပူပြင်းတဲ့ နေ့လယ်နေဒဏ်ကို ကာကွယ်ပေးဖို့ပါ။ ဒီနှစ်နွေက ခါတိုင်းထက် ပိုပူလို့ ဆိုင်ကယ်စီးသူများအတွက် နေ့လယ် အပူဒဏ်ကို အထိုက်အလျောက် လျှော့ချနိုင်ဖို့ Construction Safety Net တွေနဲ့ အမိုး မိုးပေးလိုက်ပါတယ်။”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ဧပြီ ၂၂ ရက်နေ့က ၇၈ လမ်း၊ စစ်ကိုင်းလမ်းဆုံမှ စတင်ကာ မီးပွိုင့်အနီးတွင် စည်ပင်သာယာရေးကော်မတီမှ အမိုးများ မိုးပေးခဲ့ခြင်း ဖြစ်သည်။

“လေဒဏ်ခံနိုင်အောင်လည်း ဂရုစိုက်ရသေးလို့ ၉ မီတာ မီးတိုင်တွေကို ၂ ပေခွဲ Concrete Footing တွေနဲ့ စိုက်ထူရတာပါ။ ပိုခိုင်ခံ့အောင် Steel Wire Rope တွေသုံးပြီး လေအတိုးခံနိုင်အောင် ၄ ပေအကျယ် Construction Safety Net တွေကိုလည်း တစ်ခုနဲ့တစ်ခု ပူးမချုပ်ပါဘူး။အတတ်နိုင်ဆုံးကြိုးစားပြီး အန္တရာယ်ကင်းအောင် လုပ်ပေးထားတာပါ။ နောက်ထပ်နေရာတွေကိုလည်းရွေးပြီး တပ်ဆင်ပေးသွားပါမယ်။” ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

ဆိုင်ကယ်အသွားများသည့်နေရာများကို ဦးစားပေး တပ်ဆင်ပေးသွားမည် ဖြစ်ပြီး လူအသွားအလာများသည့် လမ်းဆုံမီးပွိုင့်များအားလုံးတွင် တပ်ဆင်ပေးသွားမည် ဖြစ်သည်။

အဆိုပါ အမိုးအားလုံးကို နွေရာသီကုန်ဆုံးလျှင် ပြန်လည်ဖြုတ်သိမ်းသွားမည်ဖြစ်ပြီး နောက်လာမည့် နွေရာသီရောက်တိုင်း အမိုးများ ပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့သည် ဆိုင်ကယ်အသွားအလာ ထူထပ်သောမြို့တော် ဖြစ်ပြီး မြို့နေအများစုက ဆိုင်ကယ်ဖြင့်သာ သွားလာကြခြင်း ဖြစ်သည်။

Credit :mizimma

LEAVE A REPLY