Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံ အတြင္း အယ္နီညိဳေၾကာင့္ ေမလတြင္ အပူခ်ိန္ပိုမိုျမင့္တက္လာႏိုင္ ။ ျမန္မာႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္ ေမလသည္ အယ္နီညိဳျဖစ္စဥ္ေၾကာင့္ အပူခ်ိန္ပိုမိုျမင့္တက္လာမည္ျဖစ္ကာ အပူခ်ိန္ကို ပိုမိုခံစားရလာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရွိရသည္။

“အယ္နီညိဳေၾကာင့္ အဓိကျဖစ္တာေပါ့ အခုဧၿပီလမွာေတာင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အပူဒဏ္ ကိုခံစားေန ရတယ္။ ေမလလယ္ေလာက္မွာ အပူခ်ိန္ကို ဒီထက္ေတာင္ပိုခံစားရလာဖို႔ရွိေနတယ္။ ျပည္သူေတြအေနနဲ႔ အပူနဲ႔ အေအးကို မွ်တေအာင္ေနဖို႔ ေရမ်ားမ်ားေသာက္ဖို႔လိုတယ္။

ျပင္ဆင္မႈေတြကေတာ့ လုပ္ထားဖို႔ လိုအပ္တယ္။“ ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ေအာက္ျမန္မာျပည္ဌာနခြဲ တာဝန္ခံ ေဒၚရီရီၿငိမ္းက ေျပာသည္။

ျမန္မာႏိုင္ငံသည္ အယ္နီညိဳကို ယခင္ကလည္း ခံစားခဲ့ရၿပီး ကမာၻ႔ႏိုင္ငံအသီးသီးတြင္လည္း အပူခ်ိန္ကို စံခ်ိန္ တင္ခံစားခဲ့ရသည့္ ျဖစ္စဥ္မ်ားေၾကာင့္ ၂၀၁၉ ခုႏွစ္တြင္ အပူခ်ိန္ျမင့္တက္ေနေၾကာင္း သိရသည္။

အယ္နီညိဳျဖစ္ပြားပါက ျမန္မာႏိုင္ငံတြင္ ေရရွားပါးျခင္း၊ သီးႏွံမ်ားထိခိုက္ျခင္း အျပင္ကူးစက္တတ္ေသာ က်န္း မာေရးျပသာနာမ်ားပါႀကဳံေတြ႕ႏိုင္ေၾကာင္း မိုးေလဝသပညာရွင္ ဦးထြန္းလြင္က ၎၏ လူမႈကြန္ယက္စာမ်က္ ႏွာတြင္ေရးသားထားသည္။

“ပူတာကေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ပိုဆိုးလာတယ္ AIR CON ခန္းထဲလည္း သိပ္မေနရဲဘူး အပူခ်ိန္မမွ်မတ ျဖစ္တာေတြဆိုရင္ လူအသက္အႏၲရာယ္ထိခိုက္ႏိုင္တယ္။ အခုအရိပ္ရတဲ့ေနရာမွာေနတယ္ ေရမ်ားမ်ား ေသာက္ တယ္။ ဓါတ္ဆားရည္လည္း ေဆာင္ထားတယ္။“ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုေအာင္ကိုကိုက ေျပာသည္။

အယ္နီညိဳရာသီဥတုသည္ ၂ဝ၁၅-၂ဝ၁၆ က ျဖစ္ခဲ့ဖူးၿပီး ျမန္မာႏိုင္ငံအပါအဝင္ အာရွ-ပစိဖိတ္ေဒသ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံ၌ အပူခ်ိန္အလြန္ျမင့္မားကာ လူေသဆုံးသည္အထိ ျဖစ္ပြားမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံ အတွင်း မေလတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင်

မြန်မာနိုင်ငံ အတွင်း အယ်နီညိုကြောင့် မေလတွင် အပူချိန်ပိုမိုမြင့်တက်လာနိုင် ။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် မေလသည် အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်ပိုမိုမြင့်တက်လာမည်ဖြစ်ကာ အပူချိန်ကို ပိုမိုခံစားရလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

“အယ်နီညိုကြောင့် အဓိကဖြစ်တာပေါ့ အခုဧပြီလမှာတောင် နေရာတော်တော်များများမှာ အပူဒဏ် ကိုခံစားနေ ရတယ်။ မေလလယ်လောက်မှာ အပူချိန်ကို ဒီထက်တောင်ပိုခံစားရလာဖို့ရှိနေတယ်။ ပြည်သူတွေအနေနဲ့ အပူနဲ့ အအေးကို မျှတအောင်နေဖို့ ရေများများသောက်ဖို့လိုတယ်။

ပြင်ဆင်မှုတွေကတော့ လုပ်ထားဖို့ လိုအပ်တယ်။“ ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး အောက်မြန်မာပြည်ဌာနခွဲ တာဝန်ခံ ဒေါ်ရီရီငြိမ်းက ပြောသည်။

မြန်မာနိုင်ငံသည် အယ်နီညိုကို ယခင်ကလည်း ခံစားခဲ့ရပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အပူချိန်ကို စံချိန် တင်ခံစားခဲ့ရသည့် ဖြစ်စဉ်များကြောင့် ၂၀၁၉ ခုနှစ်တွင် အပူချိန်မြင့်တက်နေကြောင်း သိရသည်။

အယ်နီညိုဖြစ်ပွားပါက မြန်မာနိုင်ငံတွင် ရေရှားပါးခြင်း၊ သီးနှံများထိခိုက်ခြင်း အပြင်ကူးစက်တတ်သော ကျန်း မာရေးပြသာနာများပါကြုံတွေ့နိုင်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ၎င်း၏ လူမှုကွန်ယက်စာမျက် နှာတွင်ရေးသားထားသည်။

“ပူတာကတော့ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတယ် AIR CON ခန်းထဲလည်း သိပ်မနေရဲဘူး အပူချိန်မမျှမတ ဖြစ်တာတွေဆိုရင် လူအသက်အန္တရာယ်ထိခိုက်နိုင်တယ်။ အခုအရိပ်ရတဲ့နေရာမှာနေတယ် ရေများများ သောက် တယ်။ ဓါတ်ဆားရည်လည်း ဆောင်ထားတယ်။“ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ကိုအောင်ကိုကိုက ပြောသည်။

အယ်နီညိုရာသီဥတုသည် ၂ဝ၁၅-၂ဝ၁၆ က ဖြစ်ခဲ့ဖူးပြီး မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၂၈ နိုင်ငံ၌ အပူချိန်အလွန်မြင့်မားကာ လူသေဆုံးသည်အထိ ဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။

share from : burmese.asia

LEAVE A REPLY