Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
“မင်း ဟက်ထရစ် အကြိမ် ၅၀ ပြည့်သွားပြီ”ပြောတာကို ကိုယ့်ဂုဏ်ကိုယ်နိမ့်ချထားတဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့တဲ့ မက်ဆီ
ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီဟာ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် မာန်မာနထောင်လွှားတာမျိုးမရှိ၊ ကိုယ့်ကိုကိုယ် ဝင့်ကြွားတာမျိုးမရှိတဲ့ ကစားသမားဆိုတာ အားလုံးလည်းသိပြီးသားပါ။ အခုတော့ မက်ဆီရဲ့ ကိုယ့်ဂုဏ်ကိုယ်နိမ့်ချတတ်တဲ့ပုံစံကို ထပ်မံမြင်တွေ့ခဲ့ရပြန်တယ်။ ဆီဗီးလားနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဖြစ်ပွားခဲ့တာပါ။ အဲဒီပွဲစဉ်မှာ ဘာစီလိုနာက ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မက်ဆီကလည်း ဟက်ထရစ်သွင်းဂိုးကို သွင်း ယူနိုင်ခဲ့ပါတယ်။ အဲဒါက သူ့ရဲ့ကစားသမားဘ၀ အကြိမ် ၅၀ ပြည့်မြောက်တဲ့ ဟက်ထရစ်သွင်းဂိုးလည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် မက်ဆီက အဲဒီအတွက် ဂုဏ်မဆာနေဘူး။ ဝင့်မကြွားနေပါဘူး။ မက်ဆီက တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့ပုံစံကို ပြသခဲ့တယ်။
ပွဲပြီးတော့ အဝတ်လဲခန်းထဲမှာ မက်ဆီတစ်ယောက် အင်တာဗျူးပြုလုပ်ခဲ့တယ်။ အဲဒီမှာ သတင်းထောက်က “မင်းသိရဲ့လား။ ဒါက မင်းရဲ့ အကြိမ် ၅၀ မြောက် ဟက်ထရစ်ဆိုတာ” လို့ ဆိုခဲ့တယ်။ အဲဒီမှာ မက်ဆီက “အို.. ဟုတ်လား”လို့ ပြန်ဖြေခဲ့တယ်။
သတင်းထောက်က “ဒါပေါ့ အကြိမ် ၅၀ ပေါ့။ အာဂျင်တီးနားနဲ့ ၆ ကြိမ်ဖြစ်ပြီး ကျန်တာအားလုံး ဘာစီလိုနာနဲ့လို့ ငါထင်တာပဲ”လို့ ပြောပါတယ်။ အဲဒီနောက် မက်ဆီက သိပ်အရေးမပါတဲ့ပုံစံနဲ့ “အချက်အလက်တွေကို ကျွန် တော်သေချာမသိဘူး”လို့ ပြန်ဖြေသွားခဲ့ပါတယ်။
မက်ဆီကတော့ တကယ့်ကို လေးစားစရာကောင်းတဲ့လူသားတစ်ယောက်ပါပဲ။ မက်ဆီဟာ ပြီးခဲ့တဲ့ မန်ယူနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘာစီလိုနာအတွက် အရေးပါတဲ့သွင်းဂိုးနှစ်ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့သူပါ။ ဒီနှစ်ရာသီမှာ မက်ဆီအနေနဲ့ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ပြီး ဥရောရွှေဖိနပ်ဆု၊ လာလီဂါဂိုးသွင်းအများဆုံးဆု၊ ချန်ပီယံလိဂ်ဂိုးသွင်းအများဆုံးဆု စတဲ့တစ်ဦးချင်းဆုတံဆိပ်တွေကို ရရှိဖို့ နီးစပ် နေပြီဖြစ်သလို ဒီအတိုင်းဆိုရင် Ballon d’Or ဆုကိုလည်း ရရှိဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
share from : burmese.asia
LEAVE A REPLY