Zawgyi ဖြင့်ဖတ်ရန်

 









Unicode ဖြင့်ဖတ်ရန်

စိမ်းစိုလှတဲ့ မင်းရဲဆက် ရဲ့ စိုက်ခင်းလေးဆီ သွားရောက်လည်ပတ် လေ့လာခဲ့တဲ့ ဝေဠုကျော်

လူကြမ်းနေရာကနေ ပိုင်နိုင်ပီပြင်စွာ သရုပ်ဆောင်ပြသပေးခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ဟာဆိုရင် အနုပညာလုပ်ရှားမှုပိုင်းမှာ ပြောစရာ မလိုလောက်အောင် သရုပ်ဆောင်ကောင်းလွန်းခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမုန်းခြင်းကို တစ်ပြိုင်နက်တည်း လက်ခံရရှိခဲ့ရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အရမ်းကို သရုပ်ဆောင် ကောင်းလွန်းတဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် အနုပညာ အလုပ်ကနေ ရပ်နားလိုက်တာ (၈) နှစ်ကျော် (၉) နှစ်နီးနီး ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ အနုပညာအလုပ်ကနေ အပြီးတိုင်ရပ်နားလိုက်တဲ့ သူကတော့ ယခုဆိုရင် သာယာတဲ့ မိသားစုဘဝလေးနဲ့အတူ ဘဝခရီးကို ပျော်ရွှင်စွာလျှောက်လှမ်းနေထိုင်နေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

အနုပညာအလုပ်ကို ၂၀၁၀ ခုနှစ်မှာ အပြီးအပိုင်ရပ်နားလိုက်တဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် ချစ်ရတဲ့ ဇနီး၊ သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးဟာဆိုရင် သူထက် အသက် ၁၂ နှစ်ကျော် ငယ်ပေမယ့်လည်း အလိုက်သိပြီး လိမ္မာရေးခြားရှိလွန်းလှတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရှိခဲ့တာဖြစ်ပြီး သမီးလေးက အသက် ၃ နှစ်အရွယ်ကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အမုန်းများမှာကြောင့် အနုပညာအလုပ်ကနေ ရပ်နားထားတာပါဆိုပြီး စနောက်ပြီး ပြောထားတဲ့ မင်းရဲဆက်ကတော့ ယခုဆိုရင် ပြင်ဦးလွင်မှာ ခြံလုပ်ငန်းကို အေးအေးလူလူလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေခဲ့ပြီပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့မှာ အခြေချပြီး စီးပွားရေးအလုပ်ဖြစ်တဲ့ ခြံလုပ်ငန်းကို လုပ်ကိုင်နေတဲ့ မင်းရဲဆက်ထံကို သရုပ်ဆောင် မင်းသားကြီး ဝေဠုကျော်က ဒီကနေ့မှာ အလည်သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်ဦးလွင်မှာရှိတဲ့ မင်းရဲဆက်ရဲ့ စိုက်ခင်းလေးဆီကို သွားရောက်ဖြစ်ခဲ့ကြောင်းကိုတော့ ဝေဠုကျော်က ” ကသာမှအပြန် ပြင်ဦးလွင်ရှိ စိုက်ပျိုးရေး လုပ်နေသည့် မင်းရဲဆက် ရဲ့လီလီ နဲ့ စပျစ်ခြံသို့ ဝင်ရောက် လေ့လာဖြစ်ခဲ့ပါသည်။ ” ဆိုပြီး ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်ဦးလွင်မှာ စိုက်ပျိုးရေးအလုပ်တွေလုပ်ပြီး မိသားစုနဲ့အတူနေထိုင်နေတဲ့ သရုပ်ဆောင် မင်းရဲဆက်ရဲ့ မိသားစုဘဝလေးကတော့ အရမ်းကို အေးချမ်းမှုရှိပြီး သာယာလွန်းလှပါတယ်နော်။ အများသူငှာ လေးစားအားကျဖွယ်ကောင်းလောက်အောင် သာယာလွန်းလှတဲ့ မင်းရဲဆက်ရဲ့ ဘဝလေးကတော့ ယခုဆိုရင် ပြီးပြည့်စုံမှုတွေနဲ့ ပြည့်နှက်လို့ နေခဲ့ရပါပြီ ပရိသတ်ကြီးရေ။

နေထိုင်လို့ကောင်းတဲ့ ပြင်ဦးလွင်မြို့ရဲ့ သာယာလှပ စိမ်းလန်းစိုပြည်တဲ့ မင်းရဲဆက် စိုက်ခင်းလေးဆီကို အလည်သွားခဲ့တဲ့ သရုပ်ဆောင် မင်းသား ဝေဠုကျော်ကတော့ မင်းရဲဆက်ရဲ့ စိမ်းစိုလှပတဲ့ စိုက်ခင်းလေးကို မြင်တွေ့ရလို့ အရမ်းကို စိတ်ကျေနပ်မှု ရရှိခဲ့ရပါပြီနော်။

အနုပညာအလုပ်ကို ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ယနေ့အချိန်အထိ လက်ခံရယူနေဆဲဖြစ်တဲ့ မင်းရဲဆက်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ လွမ်းမောဖွယ်ကောင်းတဲ့ စိုက်ခင်းလေးနဲ့ သာယာအေးချမ်းလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရှိခဲ့တဲ့ မင်းရဲဆက်ရဲ့ စိုက်ခင်းလေးဆီကို သွားရောက်လည်ပတ်ရင်း လေ့လာရေးဆင်းခဲ့တဲ့ ဝေဠုကျော်ရဲ့ ဒီပို့စ်လေးအတွက် Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များနဲ့ ကြည့်ရှုအားပေးသွားကြပါသော ချစ်ပရိသတ်များ အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

share from : burmese.asia

LEAVE A REPLY