Zawgyi ဖြင့်ဖတ်ရန်

 








Unicode ဖြင့်ဖတ်ရန်

သြင်္ကန် အမီ ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်သား (၁၁) ဦး ကားတွင်း သတိမေ့ မြောသွားသဖြင့် အရေးပေါ်ဆေးရုံတင်ရ

ဧပြီ(၃) ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရဌာနီကနေ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို ဗင်ကားနဲ့စီးလုံးဌားဆင်းလာကြတဲ့ မြန်မာနိုင်ငံသား(၁၁)ဦး(နှစ်နှစ်အရွယ် ကလေးပါ) ဟာ ည(၈) နာရီ ကျော် ချိုင်းနားခရိုင် အမှတ် ၁၄၇ အဝေးပြေးလမ်းမ အရောက်မှာ ကားနောက်က အော်ဟစ် သံတွေကြောင့်ကားရပ်ပြီး ကား တံခါးဖွင်းပေးတဲ့အခါ ကားပေါ်မှာ လိုက်ပါလာတဲ့သူတွေဟာ တချို့ သတိလစ်မေ့နေပြီး တချို့တွေလည်း ကြင်ငယ်တွေထွက် အော်ဟစ်နေကြတာကို တွေ့ခဲ့ရတာပါ။

ကားမောင်းသမား ဟာ ၁၆၆၉ ကို အရေးပေါ် အကြောင်း ကြားခဲ့လို့ လူမှုရေးအဖွဲ့နဲ့ ဆေးရုံကားတွေ လာရောက်ပြီး ကူညီပေးခဲ့ရပါတယ်။သတိမေ့နေတဲ့ မြန်မာနိုင်ငံသားတွေကို အရေးပေါ်အောက်ဆီဂျင် ကရိယာတွေနဲ့ အသက်ပြန်ရူလာအောင် ကုသပေးခဲ့ပြီး ဆေးရုံတင် ကုသပေးခဲ့ရပါတယ်။

မြန်မာအလုပ်သမားထဲက ဒေါ် ချိုချို (၅၄) နှစ် တစ်ဦးသာ သတိပြန်လည်မလာခဲ့သို့ အရေးပေါ် ကုသဆောင်ကိုပို့ခဲ့ရတယ်လို့ သိရပါတယ်။

ရှေ့ခန်းမှာ မောင်းနေတဲ့ ကားသမား ထိုင်းနိုင်ငံသား Prakai Thong Phichit ပကိုင်ထုန် ဖိကျစ် အသက်(၄၃) နှစ်ပြောပြတာကတော့ပြည်တော်အလုပ်သမားတွေဟာ ပါလာတဲ့ပစ္စည်းတွေ ဝန်နဲ့ မဆန့်အောင့် ကားတွင်းမှာ ဖိသိတ်တင်လာခဲ့ကြတယ် ။

ခေါင်းမိုးပေါ်မှာ ပိတ်ပြီးတင်လာတဲ့ အထုတ်တွေကြောင့် လေးအေးထုတ် အဲရာကွန်း စနစ်အပေါက်ကို ပိတ်မိထားသလိုဖြစ်ပြီး ကားတွင်းမှာ လေရူခက်ခဲ့လာကာ သတိမေ့ကုန်ကြတာလို့ သိရပါတယ်။

တကယ်လို့ ကားသမားကို အော်ဟစ်အကူညီမတောင်းခဲ့လို့ ကားပေးကသူတွေ အချိန်ကြာမေ့နေခဲ့ရင် အသက်သေဆုံးနိုင်တယ်လို့ ဆေးရုံ တာဝန်ရှိသူတွေကပြောပါတယ်။

share from : burmese.asia

LEAVE A REPLY