Zawgyi ျဖင့္ဖတ္ရန္

 

အေနာက္ အာဖရိက မွ အိုင္ဗရီကို႔စ္ႏိုင္ငံရွိ က်န္းမာေရး တာဝန္ရွိသူမ်ားသည္ ျမန္မာႏိုင္ငံမွ ဆန္ တန္ခ်ိန္၁၈၀၀၀ အား စားသုံးရန္မသင့္ဟု သတ္မွတ္ေၾကညာခဲ့ၿပီး ဖ်က္ဆီးခဲ့‌ေၾကာင္း BBC Africa Live စာမ်က္ႏွာက ေဖာ္ျပခဲ့သည္ဟု africanews.com က ေဖာ္ျပခဲ့သည္။

ျမန္မာႏိုင္ငံမွ ဟုဆိုေသာ ယင္းဆန္မ်ားအား တာဝန္ရွိသူမ်ားက ကုန္တင္ကားတစ္စီးႏွင့္ တင္ေဆာင္ၿပီး စြန႔္ပစ္ပစၥည္း စုပုံသည့္ေနရာတြင္ ဖ်က္ဆီးခဲ့ေၾကာင္း ဓာတ္ပုံမ်ားက ေဖာ္ျပခဲ့သည္ဟု ထိုသတင္းက ေရးသားခဲ့သည္။

ထိုဆန္အိတ္မ်ားကို အေနာက္အာဖရိကရွိ ႏိုင္ငံမ်ားက တင္ခ်ခြင့္ မေပးခဲ့ေၾကာင္းလည္း ယင္းသတင္းက ေဖာ္ျပခဲ့သည္။

ဂါနာ၊ ဂီနီအာႏွင့္တိုဂိုႏိုင္ငံတို႔က ထိုဆန္မ်ားအား အရည္အေသြးႏွင့္ ပတ္သက္ၿပီး လက္မခံႏိုင္ဟုဆိုကာ ပယ္ခ်ခဲ့ေၾကာင္း ထိုသတင္းတြင္ ပါရွိခဲ့သည္။

ေနာက္ဆုံးတြင္ ထိုဆန္အိတ္မ်ားသည္ အိုင္ဗရီကို႔စ္ၿမိဳ႕ေတာ္ အာဘစ္ဂ်န္ဆိပ္ကမ္းတြင္ တင္ခ်ခြင့္ရခဲ့ၿပီးေနာက္ အရည္အေသြး ထိန္းခ်ဳပ္စစ္ေဆးခ်က္မ်ားအရ လူမ်ားစားသုံးရန္ မသင့္ဟု ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ယင္းသတင္းက ေဖာ္ျပခဲ့သည္။

အာရွတိုက္မွလာေသာ Ocaen Princess သ‌ေဘၤာက ထိုဆန္အိတ္မ်ားကို အာဘစ္ဂ်န္ဆိပ္ကမ္းတြင္ မတ္လ ၁၁-၁၉ အတြင္း တင္ခ်ခဲ့သည္ဟု အိုက္ဗရီကို႔စ္ အစိုးရက ေျပာၾကားသည္။

ဆန္သည္အာဖရိကႏိုင္ငံ အမ်ားစုအတြက္ အ‌ေရးႀကီး‌ေသာ စားေသာက္ကုန္ ျဖစ္လာေနၿပီး လိုအပ္ခ်က္ ျမင့္တက္လာေနမႈကို ေဒသခံ လယ္သမားမ်ားက မျဖည့္ဆည္းႏိုင္ေသာေၾကာင့္ ျပည္ပတင္သြင္းမႈကို မွီခိုေနၾကရသည္။

၀၁၈-၂၀၁၉ ဘ႑ာႏွစ္ မတ္လဆန္းအထိ ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္ ၂ ဒသမ၂ သန္းေက်ာ္ တင္ပို႔ထားသည္။

ဆန္တင္ပို႔ရာတြင္ ႏိုင္ငံေပါင္း ၅၀ အထိတင္ပို႔ထားၿပီး ဆန္ကြဲတင္ပို႔မႈတြင္ ႏိုင္ငံေပါင္း ၂၅ ႏိုင္ငံသို႔ တင္ပို႔ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။

ျမန္မာႏိုင္ငံမွဆန္ကို ျပည္ပတင္ပို႔ရာ၌ ပင္လယ္ေရေၾကာင္းကုန္သြယ္မႈမွ အီးယူေဈးကြက္၊ အာဖရိကေဈးကြက္သို႔ တင္ပို႔လ်က္ရွိၿပီး မူဆယ္နယ္စပ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ေနျခင္းျဖစ္သည္။

လက္ရွိတြင္လည္း အီးယူႏွင့္တ႐ုတ္ႏိုင္ငံတို႔က ျမန္မာႏိုင္ငံမွ ဆန္ဝယ္ယူျခင္းမရွိဆိုသည့္ သတင္းမ်ားေၾကာင့္ အာဖရိကႏွင့္ အီးယူႏိုင္ငံမ်ားက ျမန္မာ့ဆန္ကို ႏိုင္ငံတကာ ေဈးႏႈန္းထက္ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၇၀ အထိ ေဈးႏွိမ္ဝယ္ယူေနေၾကာင္း ဧၿပီ ၁ ရက္က ရန္ကုန္ၿမိဳ႕ဝါးတန္းကုန္စည္ဒိုင္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ အခမ္းအနားမွ သိရသည္။

share form : burmese.asia

Unicode ဖြင့်ဖတ်ရန်

မြန်မာဆန်တန်ချိန် ၁၈၀၀၀ ကို စားသုံးရန်မသင့်ဟုဆိုကာ အိုင်ဗရီကို့စ် က ဖျက်ဆီ

အနောက် အာဖရိက မှ အိုင်ဗရီကို့စ်နိုင်ငံရှိ ကျန်းမာရေး တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ ဆန် တန်ချိန်၁၈၀၀၀ အား စားသုံးရန်မသင့်ဟု သတ်မှတ်ကြေညာခဲ့ပြီး ဖျက်ဆီးခဲ့‌ကြောင်း BBC Africa Live စာမျက်နှာက ဖော်ပြခဲ့သည်ဟု africanews.com က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှ ဟုဆိုသော ယင်းဆန်များအား တာဝန်ရှိသူများက ကုန်တင်ကားတစ်စီးနှင့် တင်ဆောင်ပြီး စွန့်ပစ်ပစ္စည်း စုပုံသည့်နေရာတွင် ဖျက်ဆီးခဲ့ကြောင်း ဓာတ်ပုံများက ဖော်ပြခဲ့သည်ဟု ထိုသတင်းက ရေးသားခဲ့သည်။

ထိုဆန်အိတ်များကို အနောက်အာဖရိကရှိ နိုင်ငံများက တင်ချခွင့် မပေးခဲ့ကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့သည်။

ဂါနာ၊ ဂီနီအာနှင့်တိုဂိုနိုင်ငံတို့က ထိုဆန်များအား အရည်အသွေးနှင့် ပတ်သက်ပြီး လက်မခံနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း ထိုသတင်းတွင် ပါရှိခဲ့သည်။

နောက်ဆုံးတွင် ထိုဆန်အိတ်များသည် အိုင်ဗရီကို့စ်မြို့တော် အာဘစ်ဂျန်ဆိပ်ကမ်းတွင် တင်ချခွင့်ရခဲ့ပြီးနောက် အရည်အသွေး ထိန်းချုပ်စစ်ဆေးချက်များအရ လူများစားသုံးရန် မသင့်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။

အာရှတိုက်မှလာသော Ocaen Princess သ‌င်္ဘောက ထိုဆန်အိတ်များကို အာဘစ်ဂျန်ဆိပ်ကမ်းတွင် မတ်လ ၁၁-၁၉ အတွင်း တင်ချခဲ့သည်ဟု အိုက်ဗရီကို့စ် အစိုးရက ပြောကြားသည်။

ဆန်သည်အာဖရိကနိုင်ငံ အများစုအတွက် အ‌ရေးကြီး‌သော စားသောက်ကုန် ဖြစ်လာနေပြီး လိုအပ်ချက် မြင့်တက်လာနေမှုကို ဒေသခံ လယ်သမားများက မဖြည့်ဆည်းနိုင်သောကြောင့် ပြည်ပတင်သွင်းမှုကို မှီခိုနေကြရသည်။

၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ၂ သန်းကျော် တင်ပို့ထားသည်။

ဆန်တင်ပို့ရာတွင် နိုင်ငံပေါင်း ၅၀ အထိတင်ပို့ထားပြီး ဆန်ကွဲတင်ပို့မှုတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူဈေးကွက်၊ အာဖရိကဈေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိတွင်လည်း အီးယူနှင့်တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းမရှိဆိုသည့် သတင်းများကြောင့် အာဖရိကနှင့် အီးယူနိုင်ငံများက မြန်မာ့ဆန်ကို နိုင်ငံတကာ ဈေးနှုန်းထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ အထိ ဈေးနှိမ်ဝယ်ယူနေကြောင်း ဧပြီ ၁ ရက်က ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

share form : burmese.asia

LEAVE A REPLY