Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ရုပ်ရှင် ရိုက်ရင်း စိတ်ခြောက်ခြား စရာတွေ ကြုံတွေခဲ့ရတဲ့နန်းဆုဦး
ရုပ်ရှင် သရုပ်ဆောင် အဆိုတော် နန်းဆုဦး ဟာ အကြည့် စူးရှပြီး ဆွဲဆောင်မှု အပြည့် ရှိတဲ့မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။သူမ သီဆိုထားတဲ့ ” လွမ်းနေရဦးမယ် ” သီချင်းဟာ လူငယ် တွေ ကြားမှာ ရေပန်းစား ခဲ့ပြီး သရုပ်ဆောင်အပြင် သီချင်းဆိုရတာကိုလည်း သဘောကျတယ်လို့ လဲ သိရပါတယ်။ လတ်တလောမှာတော့ နန်းဆုဦ းက သူမပါဝင်သရုပ်ဆောင်ထားတဲ့ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကား မှာကြုံတွေ့ ခဲ့ရတာတွေကို စိတ်ခြောက်ခြားစရာတွေကို ပြောပြထားခဲ့ပါတယ်။ မင်းသွးနဲ့ လည်း ပထမဆုံး နဲ့ နောက်ဆုံး ရိုက်ကူးခဲ့ ရတဲ့ အပြင် ဇာတ်ကား ရုံတင်တဲ့အခါ မင်းသွေးမရှိတော့တဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ သိရပါတယ်။
ပုံမှန်သရဲကား ရိုက် နေကျဆို မကြောက်တတ်ပေမယ့်” မဟူရာ ရုပ်ရှင် “ဇာတ်ကား ရိုက်နေစဉ်အတွင်း မှာလည်း စိတ်ခြောက်ခြားခဲ့ရပြီး ရိုက်ကူးရေးနားနေတဲ့ အချိန် အခန်းထဲတစ်ယောက်တည်းနေခဲ့စဉ်အတွင်းမှာလည်း စိတ်ခြောက်ခြားခဲ့ တယ်လို့ သိရပါတယ်။တနေကုန် ရုပ်ရှင်ရုံ ထဲမှာနေရတာမို့ရိုက်နေစဉ်အတွင်း မှာအကုန်အမှတ်တရ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အပြင်မှာ တစ်ခါမှသရဲအခြောက်မခံရဖူးလို့သရဲ ဆိုတာကိုသိပ်အယုံအကြည်မရှိပေမယ့် ဒီဇာတ်ကားရိုက်ရင်းအတွေ့ အကြုံ သစ်တွေလည်း အများကြီးရခဲ့တယ်လို့သိရပါတယ်။ ပရိသတ်ကြီးရော “မဟူရာရုပ်ရှင်” ဇာတ်ကား ကို ကြည့်ပြီးကြပြီလား ပြောသွားပါဦးနော်။
share from : burmese.asia
LEAVE A REPLY