Zawgyi ျဖင့္ဖတ္ရန္

 

မေျပာမျဖစ္ေတာ့တဲ့ က်ြန္မတို႔ရဲ႕အခက္အခဲမ်ားစြာေၾကာင့္ ဒီပိုစ္႔ေလးကိုတင္ၿပီး ေမတၱာရပ္ခံပါတယ္။ ဒီစာကိုလည္းဆံုးေအာင္ဖတ္ေစခ်င္ပါတယ္။

ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းေက်းရြာအုပ္စုမွာရွိတဲ႔ က်ြန္မတို႔ေနထိုုင္ ထိန္းသိမ္းေစာင့္ေရွာက္ေနရတဲ႔အိမ္ဟာ အိမ္တစ္လံုးပါ။ အိမ္ကိုတည္ေဆာက္ခဲ႔တဲ႔ အဖိုးဦးစစ္ဟန္ဟာ ေစာ္ဘြားမဟုတ္သလို အိမ္ဟာလည္း ေစာ္ဘြားေဟာ္ မဟုတ္ပါဘူး။

ဒါေပမဲ႔ အခုေနာက္ပိုင္းမွာ လာလည္ၾကတဲ႔ ဧည့္သည္ မ်ားလာတာနဲ႔အမ်ွ အိမ္က ပိုနာမည္ႀကီးလာတယ္ fb ေပၚမွာ ပိုပိုသာသာေတြ ေရးတင္ၾကတယ္ comment ေတြမ်ိဳးစံုေပးၾကတယ္ ၿမိဳ႕ခံလူထုကလည္း က်ြန္မတို႔ရဲ႕အိမ္ကိုၿမိဳ႕ရဲ႕ဂုဏ္ေဆာင္ေနရာတစ္ခုအျဖစ္ သတ္မွတ္ၿပီး ဧည့္သည္ေတြကို ဖိတ္ေခၚျပသၾကတယ္။

အဲဒီအခါ က်ြန္မတို႔နဲ႔ အသက္ ၉၄ ႏွစ္ရွိၿပီျဖစ္တဲ႔ က်ြန္မတို႔အဖိုးအတြက္ အခက္အခဲမ်ားစြာရွိလာပါတယ္။ တစ္ခ်ိိဳ႕ကေျပာၾကမယ္ ကိုယ္ေခၚလာတဲ႔ဧည့္သည္ကတစ္ခါတေလဘဲလို႔ထင္မယ္ ဒါေပမဲ႔က်ြန္မတို႔မွာက ေန႔တိုင္းလိုျဖစ္ေနပါတယ္။ လာတဲ့ ဧည့္သည္ေတြမွာလည္း အိမ္ကိုေသခ်ာစိတ္ဝင္စားလို႔ ႔ေလ့လာခ်င္တဲ႔သူေတြပါတယ္။ ပံုတင္ရၿပီးေရာေပၚပင္ေလ်ွာက္သြားေနၾကတဲ့သူေတြပါတယ္။

ဘုရားဖူးရင္းႀကံဳလို႔ ဘာရယ္မဟုတ္လူဆယ္နဲ႔ခ်ီၿပီး တစ္အိမ္လံုးေမြႊေနာက္သြားၾကတဲ႔သူေတြပါတယ္။ အိမ္ထဲကပစၥည္းေတြ ေလ်ွာက္ကိုင္ၿပီးဘာေတြ ရြတ္ေနမွန္းမသိရြတ္ေနတဲ႔သူေတြပါတယ္။ ၿမိဳ႕ခံေတြပါလာၿပီး အိမ္ထဲအိမ္ျပင္ ဓါတ္ပံုေလ်ွာက္ရိုုက္တဲ႔႔သူေတြပါတယ္။

ၿမိဳ႕ခံမပါဘဲအိမ္ထဲဇြတ္ဝင္လာၿပီး အိမ္ရွင္ကိုေျပာစရာမလိုဘူးလို႔ သတ္မွတ္ၿပီးျပတိုက္လို ဝင္ထြက္သြားလာေနၾကတဲ႔သူေတြပါတယ္။ တစ္ေယာက္ထဲလာၿပီးဟိုဝင္ၾကည့္ဒီဝင္ၾကည့္လူေတြပါတယ္။

တစ္ခါတစ္ေလ ကိုယ္ခ်င္းစာမိေစခ်င္ပါတယ္။ ငါတို႔အိမ္မ်ား ဒီလိုဝင္ရင္ဆိုတဲ႔အေတြးမ်ိဳးနဲ႔ေပါ့ တစ္ခ်ိဳ႕ကလည္းတစ္ေန႔လံုးမွာ ကိုယ္တစ္ႀကိမ္ထဲဧည့သည္ေခၚလာတယ္ထင္ၾကတယ္။ အေရွ႕မွာမနက္မိုးလင္းကတည္းကဧည့္သည္ေတြဝင္ထြက္ေနတာမသိဘူ။း တစ္ခ်ိဳ႕ကလည္းထင္ၾကမယ္ ဘာျဖစ္လို႔မ်ားလက္မခံခ်င္ျဖစ္ေနၾကတာလဲ နာမည္ႀကီးေတာ့ မေကာင္းဘူးလား။ လာကန္ေတာ့ၾကေတာ့မေကာင္းဘူးလားလို႔။

မေကာင္းပါဘူး ၉၄ ႏွစ္ ေျခတရြတ္ဆြဲၿပီးေလ်ွာက္ေနရၿပီျဖစ္တဲ႔ အဖိုးႀကီးတစ္ေယာက္ ကန္ေတာ့စာရမွ အဆင္ေျပမွာ မဟုတ္တဲ႔အဖိုးႀကီးတစ္ေယာက္အတြက္ ကန္ေတာ့ခံရတာ ဧည့္ခံရတာ ဒီအိမ္ကို ဘယ္ႏွစ္ခုႏွစ္တုန္းက ဘယ္ေလာက္နဲ႔ ေရႊဘယ္ႏွစ္က်ပ္သားနဲ႔ ဆိုၿပီးေမးတိုင္းေျဖေနရတာ ဆြဲလြဲဓါတ္ပံုရိုက္ခံၿပီး fb ေပၚေရာက္ရတာ ပင္ပန္းလြန္းပါတယ္။

ေအးေအးခ်မ္းခ်မ္း အနားယူျခင္တဲ႔အဖိုးႀကီးအတြက္ ေျပးလႊားေဆာ့ကစားခ်င္တဲ႔ ကေလးေတြအတြက္ ေန႔တိုင္းအဆင္မေျပပါဘူး အခုဆိုရင္ က်ြန္မတို႔အိမ္ရွင္ေတြ ထမင္းစားခ်ိန္ အဝတ္ေလ်ွာ္ေရခ်ိဳးခ်ိန္ စိတ္တထင့္ထင့္နဲ႔ အၿမဲတမ္းတံခါးပိတ္ထားရပါတယ္။

ကိုယ့္ေတြငယ္တုန္းကအိမ္ၿခံဝင္းထဲမွာေျပးလႊားေဆာ့ကစားခဲ႔ရေပမဲ႔ က်ြန္မတို႔ကေလးေတြ ဘယ္အခ်ိန္ ဘယ္လိုဧည့္သည္မ်ိဳး ေရာက္လာမလဲမသိတဲ႔အတြက္ အိမ္ေရွ႕ကိုထြက္ခြင့္မရပါဘူး။ အၿမဲတမ္းတံခါးပိတ္ၿပီး ပုန္းေနရပါတယ္ ဆိုင္ကယ္ေတြမဆင္မျခင္ တက္လာအတြက္ အဖိုးလည္း အိမ္ဝင္းထဲလမ္းေလ်ွာက္ဖို႔ အခက္အခဲျဖစ္ပါတယ္။

ကိုယ့္အတြက္ ဘာအက်ိဳးမွ မရွိဘဲလိုင္းေပၚေလ်ွာက္တင္ၾကတာကိုမလုပ္ေစခ်င္ပါဘူး။ မွတ္တမ္းတင္ Video ရိုက္ဖို႔လာ ၾကတယ္။ က်ြန္မတို႔အိမ္က ဘာမွတ္တမ္းမွတင္စရာမလိုပါဘူး။ အိမ္ပါ ပိုက္ဆံဝင္ေငြေကာင္းခဲ႔တုန္းက ေဆာက္ခဲ႔လို႔ႀကီးေနတဲ႔ အိမ္တစ္လံုးသက္သက္ပါ။ ေဟာ္နန္းမဟုတ္သလို ေစာ္ဘြားသံုးတဲ႔ပစၥည္းေတြလည္းျပမထားပါဘူး။

ကိုယ့္စီးပြားကိုယ္ရွာစားေနရတဲ႔အတြက္ အိမ္ကိုတတ္ႏိုင္ သေလာက္ထိ္န္းသိမ္းထားႏိုင္ရံုကလြဲလို႔ လူေနအိမ္ျဖစ္ေနတာရယ္ အခေၾကးေငြယူျပစားေနတာ မဟုတ္တာရယ္ေၾကာင့္ လူျမင္ေကာင္းေအာင္ ဧည့္သည္လာတိုင္းဧည့္ခံ ေနႏိုင္ေအာင္ တစ္ၿခံလံုးရွင္းလင္းလွပေနေအာင္ (အိမ္ကိုမဖိတ္ေခၚဘဲလာၿပီး နာမည္ႀကီးလို႔လာၾကည့္တာ အိမ္နဲ႔လမ္းေဘးခ်ံဳေတြနဲ႔ေတာင္ မလိုက္ဘူးလို႔ကဲ႔ရဲ႕ခံခဲ႔ဖူးတဲ႔ အတြက္) မတတ္ႏိုင္ပါဘူး။

ေနာက္တစ္ခုက က်ြန္မတို႔အိမ္ဟာ ဆိုင္ကယ္ေလ့က်င့္ကြင္း မဟုတ္ပါဘူး။ အသီးအရြက္ေတြခြင့္မေတာင္းဘဲတက္ခူးစရာေနရာ ေဆးတက္သံုးတဲ႔ေနရာ ရည္းစားခ်ိန္းတဲ႔ေနရာ ႏြားလြတ္တဲ႔ေနရာလည္း မဟုတ္ပါဘူး။ အိမ္သားေတြအတက္အဆင္းမ်ားလို႔အခက္အခဲရွိတဲ႔အတြက္ ေသာ့မခတ္ျဖစ္ေပမဲ့ ၿခံတံခါးကိုပိတ္ထားပါတယ္။ ခြင့္မေတာင္းဘဲတြန္းမဝင္ဖို႔ အေရးႀကီးတဲ႔ မျဖစ္မေနပို႔ရမဲ႔ ဧည့္သည္မ်ိဳးကလြဲလို႔ ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္လို႔ရတဲ႔ေနရာမဟုတ္ဘူးလို႔ ၿမိဳ႕ခံမ်ားက ေျပာျပေပးဖို႔ ေမတၲာရပ္ခံပါတယ္။

ကိုယ္ခ်င္းစာတရားနဲ႔ ကိုယ့္အိမ္ကုိယ္ေနၿပီး စိတ္ဒုကၡမ်ားရတဲ႔က်ြန္မတို႔ကိုနားလည္ေပးပါ။ ေနာက္ဆံုးေျပာခ်င္တာက ဧည့္သည္တိုင္းကိုအတတ္ႏိုင္ဆံုး ေရွာင္ေပးၿပီး မလြႊဲမေရွာင္သာတဲ႔ဧည့္သည္မ်ိဳးဆိုရင္လည္း တေလးတစားခြင့္ေတာင္းၿပီး ပို႔တတ္တဲ႔ နားလည္မႈအျပည့္ရွိတဲ႔ က်ြန္မတို႔ရဲ႕အုပ္ခ်ဳပ္ေရးမွဴး ကိုေတာ့ေက်းဇူးတင္ပါတယ္လို႔ပါ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ရှမ်းပြည် က စိတ်ဝင်စားဖွယ် ရှေးဟောင်းအိမ်ကြီး၏ ပိုင်ရှင် အဖိုးအို မိသားစုရဲ့ဒုက္ခ

မပြောမဖြစ်တော့တဲ့ ကျွန်မတို့ရဲ့အခက်အခဲများစွာကြောင့် ဒီပိုစ့်လေးကိုတင်ပြီး မေတ္တာရပ်ခံပါတယ်။ ဒီစာကိုလည်းဆုံးအောင်ဖတ်စေချင်ပါတယ်။

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုမှာရှိတဲ့ ကျွန်မတို့နေထိုင် ထိန်းသိမ်းစောင့်ရှောက်နေရတဲ့အိမ်ဟာ အိမ်တစ်လုံးပါ။ အိမ်ကိုတည်ဆောက်ခဲ့တဲ့ အဖိုးဦးစစ်ဟန်ဟာ စော်ဘွားမဟုတ်သလို အိမ်ဟာလည်း စော်ဘွားဟော် မဟုတ်ပါဘူး။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ လာလည်ကြတဲ့ ဧည့်သည် များလာတာနဲ့အမျှ အိမ်က ပိုနာမည်ကြီးလာတယ် fb ပေါ်မှာ ပိုပိုသာသာတွေ ရေးတင်ကြတယ် comment တွေမျိုးစုံပေးကြတယ် မြို့ခံလူထုကလည်း ကျွန်မတို့ရဲ့အိမ်ကိုမြို့ရဲ့ဂုဏ်ဆောင်နေရာတစ်ခုအဖြစ် သတ်မှတ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ပြသကြတယ်။

အဲဒီအခါ ကျွန်မတို့နဲ့ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မတို့အဖိုးအတွက် အခက်အခဲများစွာရှိလာပါတယ်။ တစ်ချို့ကပြောကြမယ် ကိုယ်ခေါ်လာတဲ့ဧည့်သည်ကတစ်ခါတလေဘဲလို့ထင်မယ် ဒါပေမဲ့ကျွန်မတို့မှာက နေ့တိုင်းလိုဖြစ်နေပါတယ်။ လာတဲ့ ဧည့်သည်တွေမှာလည်း အိမ်ကိုသေချာစိတ်ဝင်စားလို့လေ့လာချင်တဲ့သူတွေပါတယ်။ ပုံတင်ရပြီးရောပေါ်ပင်လျှောက်သွားနေကြတဲ့သူတွေပါတယ်။

ဘုရားဖူးရင်းကြုံလို့ ဘာရယ်မဟုတ်လူဆယ်နဲ့ချီပြီး တစ်အိမ်လုံးမွှေနောက်သွားကြတဲ့သူတွေပါတယ်။ အိမ်ထဲကပစ္စည်းတွေ လျှောက်ကိုင်ပြီးဘာတွေ ရွတ်နေမှန်းမသိရွတ်နေတဲ့သူတွေပါတယ်။ မြို့ခံတွေပါလာပြီး အိမ်ထဲအိမ်ပြင် ဓါတ်ပုံလျှောက်ရိုက်တဲ့သူတွေပါတယ်။

မြို့ခံမပါဘဲအိမ်ထဲဇွတ်ဝင်လာပြီး အိမ်ရှင်ကိုပြောစရာမလိုဘူးလို့ သတ်မှတ်ပြီးပြတိုက်လို ဝင်ထွက်သွားလာနေကြတဲ့သူတွေပါတယ်။ တစ်ယောက်ထဲလာပြီးဟိုဝင်ကြည့်ဒီဝင်ကြည့်လူတွေပါတယ်။

တစ်ခါတစ်လေ ကိုယ်ချင်းစာမိစေချင်ပါတယ်။ ငါတို့အိမ်များ ဒီလိုဝင်ရင်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့ တစ်ချို့ကလည်းတစ်နေ့လုံးမှာ ကိုယ်တစ်ကြိမ်ထဲဧည့သည်ခေါ်လာတယ်ထင်ကြတယ်။ အရှေ့မှာမနက်မိုးလင်းကတည်းကဧည့်သည်တွေဝင်ထွက်နေတာမသိဘူ။း တစ်ချို့ကလည်းထင်ကြမယ် ဘာဖြစ်လို့များလက်မခံချင်ဖြစ်နေကြတာလဲ နာမည်ကြီးတော့ မကောင်းဘူးလား။ လာကန်တော့ကြတော့မကောင်းဘူးလားလို့။

မကောင်းပါဘူး ၉၄ နှစ် ခြေတရွတ်ဆွဲပြီးလျှောက်နေရပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက် ကန်တော့စာရမှ အဆင်ပြေမှာ မဟုတ်တဲ့အဖိုးကြီးတစ်ယောက်အတွက် ကန်တော့ခံရတာ ဧည့်ခံရတာ ဒီအိမ်ကို ဘယ်နှစ်ခုနှစ်တုန်းက ဘယ်လောက်နဲ့ ရွှေဘယ်နှစ်ကျပ်သားနဲ့ ဆိုပြီးမေးတိုင်းဖြေနေရတာ ဆွဲလွဲဓါတ်ပုံရိုက်ခံပြီး fb ပေါ်ရောက်ရတာ ပင်ပန်းလွန်းပါတယ်။

အေးအေးချမ်းချမ်း အနားယူခြင်တဲ့အဖိုးကြီးအတွက် ပြေးလွှားဆော့ကစားချင်တဲ့ ကလေးတွေအတွက် နေ့တိုင်းအဆင်မပြေပါဘူး အခုဆိုရင် ကျွန်မတို့အိမ်ရှင်တွေ ထမင်းစားချိန် အဝတ်လျှော်ရေချိုးချိန် စိတ်တထင့်ထင့်နဲ့ အမြဲတမ်းတံခါးပိတ်ထားရပါတယ်။

ကိုယ့်တွေငယ်တုန်းကအိမ်ခြံဝင်းထဲမှာပြေးလွှားဆော့ကစားခဲ့ရပေမဲ့ ကျွန်မတို့ကလေးတွေ ဘယ်အချိန် ဘယ်လိုဧည့်သည်မျိုး ရောက်လာမလဲမသိတဲ့အတွက် အိမ်ရှေ့ကိုထွက်ခွင့်မရပါဘူး။ အမြဲတမ်းတံခါးပိတ်ပြီး ပုန်းနေရပါတယ် ဆိုင်ကယ်တွေမဆင်မခြင် တက်လာအတွက် အဖိုးလည်း အိမ်ဝင်းထဲလမ်းလျှောက်ဖို့ အခက်အခဲဖြစ်ပါတယ်။

ကိုယ့်အတွက် ဘာအကျိုးမှ မရှိဘဲလိုင်းပေါ်လျှောက်တင်ကြတာကိုမလုပ်စေချင်ပါဘူး။ မှတ်တမ်းတင် Video ရိုက်ဖို့လာ ကြတယ်။ ကျွန်မတို့အိမ်က ဘာမှတ်တမ်းမှတင်စရာမလိုပါဘူး။ အိမ်ပါ ပိုက်ဆံဝင်ငွေကောင်းခဲ့တုန်းက ဆောက်ခဲ့လို့ကြီးနေတဲ့ အိမ်တစ်လုံးသက်သက်ပါ။ ဟော်နန်းမဟုတ်သလို စော်ဘွားသုံးတဲ့ပစ္စည်းတွေလည်းပြမထားပါဘူး။

ကိုယ့်စီးပွားကိုယ်ရှာစားနေရတဲ့အတွက် အိမ်ကိုတတ်နိုင် သလောက်ထိန်းသိမ်းထားနိုင်ရုံကလွဲလို့ လူနေအိမ်ဖြစ်နေတာရယ် အခကြေးငွေယူပြစားနေတာ မဟုတ်တာရယ်ကြောင့် လူမြင်ကောင်းအောင် ဧည့်သည်လာတိုင်းဧည့်ခံ နေနိုင်အောင် တစ်ခြံလုံးရှင်းလင်းလှပနေအောင် (အိမ်ကိုမဖိတ်ခေါ်ဘဲလာပြီး နာမည်ကြီးလို့လာကြည့်တာ အိမ်နဲ့လမ်းဘေးချုံတွေနဲ့တောင် မလိုက်ဘူးလို့ကဲ့ရဲ့ခံခဲ့ဖူးတဲ့ အတွက်) မတတ်နိုင်ပါဘူး။

နောက်တစ်ခုက ကျွန်မတို့အိမ်ဟာ ဆိုင်ကယ်လေ့ကျင့်ကွင်း မဟုတ်ပါဘူး။ အသီးအရွက်တွေခွင့်မတောင်းဘဲတက်ခူးစရာနေရာ ဆေးတက်သုံးတဲ့နေရာ ရည်းစားချိန်းတဲ့နေရာ နွားလွတ်တဲ့နေရာလည်း မဟုတ်ပါဘူး။ အိမ်သားတွေအတက်အဆင်းများလို့အခက်အခဲရှိတဲ့အတွက် သော့မခတ်ဖြစ်ပေမဲ့ ခြံတံခါးကိုပိတ်ထားပါတယ်။ ခွင့်မတောင်းဘဲတွန်းမဝင်ဖို့ အရေးကြီးတဲ့ မဖြစ်မနေပို့ရမဲ့ ဧည့်သည်မျိုးကလွဲလို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ဘူးလို့ မြို့ခံများက ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကိုယ်ချင်းစာတရားနဲ့ ကိုယ့်အိမ်ကိုယ်နေပြီး စိတ်ဒုက္ခများရတဲ့ကျွန်မတို့ကိုနားလည်ပေးပါ။ နောက်ဆုံးပြောချင်တာက ဧည့်သည်တိုင်းကိုအတတ်နိုင်ဆုံး ရှောင်ပေးပြီး မလွှဲမရှောင်သာတဲ့ဧည့်သည်မျိုးဆိုရင်လည်း တလေးတစားခွင့်တောင်းပြီး ပို့တတ်တဲ့ နားလည်မှုအပြည့်ရှိတဲ့ ကျွန်မတို့ရဲ့အုပ်ချုပ်ရေးမှူး ကိုတော့ကျေးဇူးတင်ပါတယ်လို့ပါ။

share from : burmese.asia

LEAVE A REPLY