Zawgyi ျဖင့္ဖတ္ရန္

 

အႏုပညာရွင္ ျဖဴျဖဴေထြးနဲ႔အတူ ၿပီးခဲ့တဲ့ တစ္လေက်ာ္က ထီ အတူထိုးခဲ့ရာ တစ္သိန္းခြဲဆုေပါက္ၿပီးေနာက္ ေနာက္တစ္ႀကိမ္ ထီဆုႀကီးေပါက္ရင္ ဘုရားတည္ မယ္လို႔ အဓိဌာန္ျပဳထားရာမွ အခုလမွာ သိန္း ၂၀၀ ေပါက္လာလို႔ ရည္ရြယ္ခ်က္ကို အေကာင္အထည္ေဖာ္မယ္လို႔ ဇင္မာ၀မ္း က DuwunSportsကို ေျပာလာတာပါ။လက္ရွိ ျမန္မာ့လက္ေရြးစင္အမ်ိဳးသမီးအသင္းမွာ လက္ေထာက္နည္းျပ တာ၀န္ထမ္းေဆာင္ေနတဲ့ ျမန္မာ့လက္ေရြးစင္ေဟာင္း ဇင္မာ၀မ္းကေတာ့ ေအာင္ဘာေလ သိန္း ၂၀၀ ဆုကို ဒီလအတြက္ ဆြတ္ခူး ႏိုင္ခဲ့ပါ တယ္။

“ကၽြန္ေတာ္ မႏၱေလး မဟာျမတ္မုနိဘုရားႀကီးရဲ႕ အေရွ႕ဖက္မုခ္နားက ရတနာသိန္းထိုက္ေအာင္ ထီဆိုင္မွာထိုး ထားတာ အဲ့ဒါ မနက္ကမွ ထီဆိုင္က ဖုန္းဆက္လို႔ ကၽြန္ေတာ္က မေနာက္ပါနဲ႔လို႔ေတာင္ ေျပာေသးတာ၊သူက မဟုတ္ဖူး တကယ္ေပါက္တာ ေျပာမွ ထီေပါက္တယ္ဆိုတာ ေသခ်ာတာပါ။” လို႔ ဇင္မာ၀မ္းက ထီေပါက္တာကို သိရတဲ့ ျဖစ္စဥ္ကို DuwunSportsကို ေျပာခဲ့ပါတယ္။အခုလို ထီေပါက္ခဲ့တဲ့အတြက္ သူရည္မွန္းထားတဲ့ ဘုရားတည္မယ့္ အစီအစဥ္ကို အေကာင္အထည္ေဖာ္မွာ ျဖစ္ၿပီး အႏုပညာရွင္ ျဖဴျဖဴေထြးရဲ႕ ဇာတိရြာ ျဖစ္တဲ့ မႏၱေလးတိုင္းေဒသႀကီး၊မလိုင္ၿမိဳ႕နယ္၊ေဖ်ာက္စိပ္က်ဥ္းအုပ္စုု ရွိ ေျမနီကုန္းေက်းရြာမွာ ဘုရားတည္သြားမွာလို႔လည္း သိရပါတယ္။

“သိန္း၂၀၀ မေပါက္ခင္ၿပီးခဲ့တဲ့ တစ္လေက်ာ္က ျဖဴျဖဴေထြးနဲ႔အတူ ထီအတူတူ ထိုးခဲ့ေသးတယ္၊အဲ့ကတည္းက ႏွစ္ဦးသား တစ္သိန္းခြဲဆုေပါက္ခဲ့တယ္၊အဲ့ဒါလည္း မသုံးဘူး၊ျဖဴျဖဴေထြးရြာမွာပဲ အလွဴလုပ္ခဲ့ေသးတယ္၊အဲ့က တည္းက ျဖဴျဖဴေထြးကို ေျပာခဲ့တာ၊ေနာက္တစ္ႀကိမ္ ထီဆုႀကီးေပါက္ရင္ေတာ့ေသခ်ာေပါက္ ရြာမွာ ဘုရားတည္ မယ္လို႔ေျပာထားတာအခုေပါက္လာေတာ့ အတိုင္းမသိကို ၀မ္းသာေနမိပါတယ္။” လို႔ ဇင္မာ၀မ္းက Duwun Sportsကို သူ႕ရဲ႕ ရည္ရြယ္ခ်က္ကို ေျပာျပပါတယ္။

၂၀၁၉ ခုႏွစ္ဟာ ဇင္မာ၀မ္းအတြက္ေတာ့ ထူးျခားတဲ့ႏွစ္တစ္ႏွစ္ ျဖစ္လာခဲ့ၿပီး ျမန္မာ့လက္ေရြးစင္အသင္းနဲ႔အတူ အိႏိၵယႏိုင္ငံက ဖိတ္ေခၚက်င္းပတဲ့ ေလးႏိုင္ငံဖိတ္ေခၚဖလား Hero Gold Cupမွာ ခ်န္ပီယံ ေရႊဆု ဆြတ္ခူးခဲ့သ လို၊ ၂၀၂၀ ဂ်ပန္ အိုလံပစ္ ေျခစစ္ပြဲ ဒုတိယအဆင့္ကိုလည္း တက္လွမ္းထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ဒီကေန႔မွာ ဒုတိယအဆင့္ ေျခစစ္ပြဲအျဖစ္ ဇင္မာ၀မ္း လက္ေထာက္နည္းျပအျဖစ္ တာ၀န္ယူေနတဲ့ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသမီး အသင္းဟာ နီေပါအသင္းနဲ႔ ကစားရပါမယ္။ဇင္မာ၀မ္းကေတာ့ ၂၀၀၇ ခုႏွစ္က ျမန္မာႏိုင္ငံမွာ အိမ္ရွင္အျဖစ္ လက္ခံ က်င္းပခဲ့တဲ့ အာဆီယံ အမ်ိဳးသမီး ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ ျမန္မာ့လက္ေရြးစင္အသင္းသားတစ္ဦးလည္း ျဖစ္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဖြူဖြူထွေး ရွာမှာ ဘုရား တည်မယ့် သိန်း ၂၀၀ ဆုရှင် မြန်မာ့လက်ရွေးစင်ဟောင်း ဇင်မာဝမ်း

အနုပညာရှင် ဖြူဖြူထွေးနဲ့အတူ ပြီးခဲ့တဲ့ တစ်လကျော်က ထီ အတူထိုးခဲ့ရာ တစ်သိန်းခွဲဆုပေါက်ပြီးနောက် နောက်တစ်ကြိမ် ထီဆုကြီးပေါက်ရင် ဘုရားတည် မယ်လို့ အဓိဌာန်ပြုထားရာမှ အခုလမှာ သိန်း ၂၀၀ ပေါက်လာလို့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ်လို့ ဇင်မာဝမ်း က DuwunSportsကို ပြောလာတာပါ။လက်ရှိ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ လက်ထောက်နည်းပြ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်း ဇင်မာဝမ်းကတော့ အောင်ဘာလေ သိန်း ၂၀၀ ဆုကို ဒီလအတွက် ဆွတ်ခူး နိုင်ခဲ့ပါ တယ်။

“ကျွန်တော် မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့ဖက်မုခ်နားက ရတနာသိန်းထိုက်အောင် ထီဆိုင်မှာထိုး ထားတာ အဲ့ဒါ မနက်ကမှ ထီဆိုင်က ဖုန်းဆက်လို့ ကျွန်တော်က မနောက်ပါနဲ့လို့တောင် ပြောသေးတာ၊သူက မဟုတ်ဖူး တကယ်ပေါက်တာ ပြောမှ ထီပေါက်တယ်ဆိုတာ သေချာတာပါ။” လို့ ဇင်မာဝမ်းက ထီပေါက်တာကို သိရတဲ့ ဖြစ်စဉ်ကို DuwunSportsကို ပြောခဲ့ပါတယ်။အခုလို ထီပေါက်ခဲ့တဲ့အတွက် သူရည်မှန်းထားတဲ့ ဘုရားတည်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပြီး အနုပညာရှင် ဖြူဖြူထွေးရဲ့ ဇာတိရွာ ဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊မလိုင်မြို့နယ်၊ဖျောက်စိပ်ကျဉ်းအုပ်စု ရှိ မြေနီကုန်းကျေးရွာမှာ ဘုရားတည်သွားမှာလို့လည်း သိရပါတယ်။

“သိန်း၂၀၀ မပေါက်ခင်ပြီးခဲ့တဲ့ တစ်လကျော်က ဖြူဖြူထွေးနဲ့အတူ ထီအတူတူ ထိုးခဲ့သေးတယ်၊အဲ့ကတည်းက နှစ်ဦးသား တစ်သိန်းခွဲဆုပေါက်ခဲ့တယ်၊အဲ့ဒါလည်း မသုံးဘူး၊ဖြူဖြူထွေးရွာမှာပဲ အလှူလုပ်ခဲ့သေးတယ်၊အဲ့က တည်းက ဖြူဖြူထွေးကို ပြောခဲ့တာ၊နောက်တစ်ကြိမ် ထီဆုကြီးပေါက်ရင်တော့သေချာပေါက် ရွာမှာ ဘုရားတည် မယ်လို့ပြောထားတာအခုပေါက်လာတော့ အတိုင်းမသိကို ဝမ်းသာနေမိပါတယ်။” လို့ ဇင်မာဝမ်းက Duwun Sportsကို သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

၂၀၁၉ ခုနှစ်ဟာ ဇင်မာဝမ်းအတွက်တော့ ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်လာခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အိန္ဒိယနိုင်ငံက ဖိတ်ခေါ်ကျင်းပတဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလား Hero Gold Cupမှာ ချန်ပီယံ ရွှေဆု ဆွတ်ခူးခဲ့သ လို၊ ၂၀၂၀ ဂျပန် အိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်ကိုလည်း တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ဒီကနေ့မှာ ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် ဇင်မာဝမ်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းဟာ နီပေါအသင်းနဲ့ ကစားရပါမယ်။ဇင်မာဝမ်းကတော့ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

share from : burmese.asia

LEAVE A REPLY