Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
စိုင်းစိုင်း တယောက် မိန်းမရတော့မယ်မထင်ပါဘူးဆိုတဲ့ သက်မွန်မြင့်
အောင်မြင်မှု ကို ဆယ်စုနှစ်တွေကြာ ထိန်းထားနိုင်တဲ့ မင်းသမီးသက်မွန်မြင့်နဲ့ မြန်မာပြည်မှာ လွမ်းမိုးမှုအရှိဆုံး အနုပညာရှင်တယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ကတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေဆိုတာကို ပရိသတ်တော်တော်များများလည်း သိပြီးပြီထင်ပါတယ်။ သက်မွန်မြင့်ကတော့ စိုင်းစိုင်းနဲ့ ရှိုးပွဲတွေမှာ တချိန်ကတူတူလိုက်ဖျော်ဖြေလေ့ရှိပြီး လက်ရှိချိန်မှာတော့ သူ့အနေနဲ့ အသက်ကြီးလာတာကြောင့် မပူးပေါင်းနိုင်တော့တဲ့ အကြောင်း ပြောကြားသွား ခဲ့ပါတယ်။ ထို့နောက် စိုင်းစိုင်းတယောက်ကိုလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး သက်မွန်မြင့်တယောက်ကတော့ ပြောကြားသွား ခဲ့ပါတယ်။
မင်းသမီးသက်မွန်မြင့်ကတော့ MC နဲ့ အင်တာဗျူးတွင် စိုင်းစိုင်းက သူနဲ့အတူကဖို့ ခေါ်သေးလားဆိုတဲ့ အပေါ်မှာ “ဒီနှစ်လည်းသူခေါ်ပါတယ်။ ကမယ်တဲ့။ မကဘူး ငါအိုပြီလို့ အဲ့လိုပြောတော သူရီနေတယ်။ တော်သေးတယ် လက်မခံလိုက်တာ ကားရိုက်ကလည်း မပြီးဘူးဆိုတော့။ တော်ပြီလို့ မပါတော့ဘူးဆိုပြီး သူကလည်း နောက်တာပါပဲ”
“သူ့မွေးနေ့ကတော့ ပထမကတော့ ကြည့်မို့ ဒါပေမယ့်လည်း နယ်မှာကားရိုက်တာ မမှီလိုက်လို့။ ဒါပေမယ့်လည်း သူ့ရဲ့ အောင်မြင်မှုကိုတော့ကြားရတယ်။ ဝမ်းသာတယ်။ နှစ်တွေအများကြီးမှာမှ သူ့ရဲ့ အောင်မြင်မှုက ပိုပိုပြီးတော့ တိုးတက်လာတာပဲ ရှိပါတယ်။ တကယ့်ကို ချီးကျုးပါတယ်”
“သူအမြဲပြောနေတာရှိတယ်လေ။ သူ ၁၈ နှစ်ကကို မတက်ဘူးတဲ့။ အဲ့တော့ သူမိန်းမရတော့မယ်လို့လည်း မထင်ပါဘူး။ ၁၈ နှစ်ကသူငယ်သေးတယ်ပေါ့။ ယောကျာ်းလေးဆိုတော့ ပြသာနာသိပ်မရှိပါဘူး။ မိန်းကလေးမှသာ မကောင်းတာလေ အသက်ကြီးမှယူရင်။ ယောကျာ်းလေးတွေကတော့ သိပ်ပြသာမရှိပါဘူး။ သူယူချင်တဲ့အချိန်မှယူပေါ့။ မယူပဲနဲ့ လူပျိုကြီးလုပ်လည်း ကောင်းပါတယ်။ သူ့ဘဝကို စိတ်တိုင်းကျ လျှောက်လှမ်းလို့ရတယ်လေ။ အဓိကကတော့ သူစိတ်ချမ်းသာဖို့ပဲလိုပါတယ်။ သူ့ကိုတော့ လေးလည်းလေးစားတယ်။ ချီးလည်းချီးကျူးတယ်။ ဝမ်းလည်းသာတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကိုလည်း လေးစားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
share from : burmese.asia
LEAVE A REPLY