Zawgyi ျဖင့္ဖတ္ရန္

တို႔ တိုင္းျပည္ မွာ႐ိုက္လို႔ကေတာ့..ဘယ္သူက်န္မလဲ..

သတင္းေခါင္းစဥ္ၾကည့္ၿပီး မအံ့ဩပါနဲ႔ စာဖတ္သူ။ ဒါက စင္ကာပူမွာ ျဖစ္တာပါ။ အသက္ ၃၈ ႏွစ္အ႐ြယ္ ေဆးလိပ္ေသာက္သူကို ေစာင့္ၾကည့္ေနတဲ့ကင္မရာေတြက မွတ္တမ္းတင္ထားခဲ့တာပါ။ သူေနတဲ့တိုက္ေပၚကေန ေဆးလိပ္ေသာက္ၿပီး ဖင္စီခံေတြ ပစ္ခ်မႈေၾကာင့္ စင္ကာပူေဒၚလာ ၁၉၈၀၀ (အေမရိကန္ေဒၚလာ ၁၅၀၀၀) ဒဏ္႐ိုက္ခံထိသြားပါတယ္။

ေလးရက္အတြင္း အမႈ ၃၄ မႈ က်ဴးလြန္ရာမွာ ေဆးလိပ္ ၃၃ လိပ္အတြက္ တလိပ္ စင္ကာပူ ေဒၚလာ ၆၀၀ ေပးေဆာင္ေစၿပီး က်န္တမႈအတြက္ ရပ္ေရး႐ြာေရး ဝန္ထမ္းေစလို႔ အမိန႔္ခ်ခံလိုက္ရပါတယ္။ “Corrective Work Order” လို႔ အေရာင္ေတာက္ေတာက္ စာတမ္းပါ အေပၚအက်ႌကိုဝတ္ၿပီး အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ေနရာတေနရာကို ၅ နာရီၾကာ အမႈိက္ရွင္းရပါမယ္။

သန႔္ရွင္းမႈနဲ႔ နာမည္ေက်ာ္တဲ့ စင္ကာပူဟာ အမႈိက္ပစ္တာ၊ လမ္းမွာ စည္းကမ္းမရွိ လုပ္တာေတြကို အပစ္ေပးၾကမ္းပါတယ္။ ဂရက္ဖတီဆြဲလို႔ ႀကိမ္ဒဏ္ေပးတာေတြလည္း ျဖစ္ခဲ့ဖူးပါတယ္။ အမ်ားျပည္သူဆိုင္ရာ နယ္ေျမေတြကို သန႔္ရွင္းၿပီး အကြက္မထင္ေစေရးစီမံခ်က္ တစိတ္တပိုင္းအေနနဲ႔ ႁခြင္းဂမ္း ပီေကတင္သြင္းမႈကို ပိတ္ပင္ထားပါတယ္။ စင္ကာပူ National Environment Agency အဆို ေနရာ ၆၀၀ နီးပါးမွာ ကင္မရာေတြ တပ္ၿပီး ေစာင့္ၾကည့္ေၾကာင္းနဲ႔ ၂၀၁၄ အတြင္း တိုက္ေပၚက အမႈိက္ပစ္ခ်မႈ ၂၀၆ မႈကို အေရးယူခဲ့ေၾကာင္း သိရပါတယ္။

Credit_Original Uploader

Unicode ဖြင့်ဖတ်ရန်

င်္ကာပူ မှာ တိုက်ပေါ်က အမှိုက်ပစ်ချသူကို ( ဒေါ်လာ ၁၅၀၀၀ ) မြန်မာငွေ သိန်း ၂၀၀ ကျော် ပြစ်ဒဏ်ချ

တို့ တိုင်းပြည် မှာရိုက်လို့ကတော့..ဘယ်သူကျန်မလဲ..

သတင်းခေါင်းစဉ်ကြည့်ပြီး မအံ့ဩပါနဲ့ စာဖတ်သူ။ ဒါက စင်ကာပူမှာ ဖြစ်တာပါ။ အသက် ၃၈ နှစ်အရွယ် ဆေးလိပ်သောက်သူကို စောင့်ကြည့်နေတဲ့ကင်မရာတွေက မှတ်တမ်းတင်ထားခဲ့တာပါ။ သူနေတဲ့တိုက်ပေါ်ကနေ ဆေးလိပ်သောက်ပြီး ဖင်စီခံတွေ ပစ်ချမှုကြောင့် စင်ကာပူဒေါ်လာ ၁၉၈၀၀ (အမေရိကန်ဒေါ်လာ ၁၅၀၀၀) ဒဏ်ရိုက်ခံထိသွားပါတယ်။

လေးရက်အတွင်း အမှု ၃၄ မှု ကျူးလွန်ရာမှာ ဆေးလိပ် ၃၃ လိပ်အတွက် တလိပ် စင်ကာပူ ဒေါ်လာ ၆၀၀ ပေးဆောင်စေပြီး ကျန်တမှုအတွက် ရပ်ရေးရွာရေး ဝန်ထမ်းစေလို့ အမိန့်ချခံလိုက်ရပါတယ်။ “Corrective Work Order” လို့ အရောင်တောက်တောက် စာတမ်းပါ အပေါ်အင်္ကျီကိုဝတ်ပြီး အများပြည်သူနဲ့ ဆိုင်တဲ့နေရာတနေရာကို ၅ နာရီကြာ အမှိုက်ရှင်းရပါမယ်။

သန့်ရှင်းမှုနဲ့ နာမည်ကျော်တဲ့ စင်ကာပူဟာ အမှိုက်ပစ်တာ၊ လမ်းမှာ စည်းကမ်းမရှိ လုပ်တာတွေကို အပစ်ပေးကြမ်းပါတယ်။ ဂရက်ဖတီဆွဲလို့ ကြိမ်ဒဏ်ပေးတာတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ အများပြည်သူဆိုင်ရာ နယ်မြေတွေကို သန့်ရှင်းပြီး အကွက်မထင်စေရေးစီမံချက် တစိတ်တပိုင်းအနေနဲ့ ခြွင်းဂမ်း ပီကေတင်သွင်းမှုကို ပိတ်ပင်ထားပါတယ်။ စင်ကာပူ National Environment Agency အဆို နေရာ ၆၀၀ နီးပါးမှာ ကင်မရာတွေ တပ်ပြီး စောင့်ကြည့်ကြောင်းနဲ့ ၂၀၁၄ အတွင်း တိုက်ပေါ်က အမှိုက်ပစ်ချမှု ၂၀၆ မှုကို အရေးယူခဲ့ကြောင်း သိရပါတယ်။

Credit_Original Uploader

LEAVE A REPLY