Zawgyi ျဖင့္ဖတ္ရန္

ေက်ာင္းဆရာ တစ္ဦးဟာ သူ႔ရဲ့လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္နဲ႔ စကားမ်ား ျငင္းခုန္ခဲ့ၾကၿပီးေနာက္ လက္စားေခ်လိုစိတ္နဲ႔ သူငယ္တန္းကေလးမ်ားကို တိုက္ေကၽြးသည့္ နံနက္စာ ဆန္ျပဳတ္ထဲတြင္ အဆိပ္ခပ္ခဲ့မွုေၾကာင့္ ကေလး ၂၃ ဦး အဆိပ္ မိကာ ေဆး႐ုံတင္ခဲ့ရသည္။

တ႐ုပ္နိုင္ငံ ဟန္နန္စီရင္စုရွိ တ႐ုပ္နိုင္ငံ ဟန္နန္စီရင္စုရွိ ေဂ်ာက္က်ိဳၿမိဳ႕တြင္ မတ္လ ၂၇ ရက္ေန႔က ျဖစ္ပြားခဲ့ၿပီးေနာက္ “ဝမ္” ဟု အမည္ရတဲ့ ေက်ာင္းဆရာကို ရဲက ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း စင္ဟြာသတင္းတြင္ ေဖာ္ျပပါရွိသည္။

ကေလးေတြဟာ ဆန္ျပဳတ္စားၿပီးေနာက္ အန္တဲ့သူက အန္၊ ေမ့ေမ်ာသတိလစ္သူက လစ္သြားခဲ့ၾကသည္။ ေက်ာင္းသားမိဘတစ္ဦးရဲ့ အဆိုအရ သူေက်ာင္းကိုေရာက္သြားခ်ိန္မွာ သူ႔ရဲ့သမီးေလးဟာ သတိလစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။
ေနာက္တစ္ဦးကေတာ့ ေက်ာင္းက ဖုန္းဆက္အေၾကာင္းၾကားလို႔ ေဆး႐ုံလိုက္သြားခ်ိန္မွာ သူ႔ကေလးရဲ့ အစာအိမ္ကို ဆရာဝန္ေတြ ပိုက္နဲ႔ စုပ္ထုတ္ေနတာကို ေတြ႕ရတယ္လို႔ဆိုပါတယ္။

ကနဦးစုံစမ္း စစ္ေဆးခ်က္အရ ဆန္ျပဳတ္ထဲမွာ ဆိုဒီယမ္နိုက္ထရိတ္ ေတြ႕ထားပါတယ္။ ဆိုဒီယမ္နိုက္ထရိတ္ဟာ အသားေတြကို တာရွည္ခံေအာင္ ကနဦးစုံစမ္း စစ္ေဆးခ်က္အရ ဆန္ျပဳတ္ထဲမွာ ဆိုဒီယမ္နိုက္ထရိတ္ ေတြ႕ထားပါတယ္။ ဆိုဒီယမ္နိုက္ထရိတ္ဟာ အသားေတြကို တာရွည္ခံေအာင္လုပ္တဲ့ေနရာမွာ သုံးတာမွန္ေသာ္လည္း အဆိပ္အေတာက္ျဖစ္ေစမွု ျမင့္မားတယ္လို႔ ဆိုပါတယ္။

အဆိုပါအျဖစ္ပ်က္ေၾကာင့္ တ႐ုပ္နိုင္ငံအဝွမ္းရွိ စာသင္ေက်ာင္းေတြမွာပါ ဂယက္ရိုက္ခဲ့ၿပီး ကေလးေတြကို ေကၽြးတဲ့ အစားအေသာက္ေတြ၊ ကန္တင္းမွာ ေရာင္းခ်တဲ့ အစားအစာေတြ ေဘးကင္းလုံျခဳံေအာင္ ပိုၿပီးသတိထားရန္ ႏွိုးေဆာ္မွုေတြ လုပ္ခဲ့ပါတယ္။

Credit:Popolay

Unicode ဖြင့်ဖတ်ရန်

ကျောင်းဆရာတစ်ဦးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ စကားများ ငြင်းခုန်ခဲ့ကြပြီးနောက် လက်စားချေလိုစိတ်နဲ့ သူငယ်တန်းကလေးများကို တိုက်ကျွေးသည့် နံနက်စာ ဆန်ပြုတ်ထဲတွင် အဆိပ်ခပ်ခဲ့မှုကြောင့် ကလေး ၂၃ ဦး အဆိပ်မိကာ ဆေးရုံတင်ခဲ့ရသည်။

တရုပ်နိုင်ငံ ဟန်နန်စီရင်စုရှိ တရုပ်နိုင်ငံ ဟန်နန်စီရင်စုရှိ ဂျောက်ကျိုမြို့တွင် မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပြီးနောက် “ဝမ်” ဟု အမည်ရတဲ့ ကျောင်းဆရာကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။

ကလေးတွေဟာ ဆန်ပြုတ်စားပြီးနောက် အန်တဲ့သူက အန်၊ မေ့မျောသတိလစ်သူက လစ်သွားခဲ့ကြသည်။ ကျောင်းသားမိဘတစ်ဦးရဲ့ အဆိုအရ သူကျောင်းကိုရောက်သွားချိန်မှာ သူ့ရဲ့သမီးလေးဟာ သတိလစ်နေခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်ဦးကတော့ ကျောင်းက ဖုန်းဆက်အကြောင်းကြားလို့ ဆေးရုံလိုက်သွားချိန်မှာ သူ့ကလေးရဲ့ အစာအိမ်ကို ဆရာဝန်တွေ ပိုက်နဲ့ စုပ်ထုတ်နေတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ကနဦးစုံစမ်း စစ်ဆေးချက်အရ ဆန်ပြုတ်ထဲမှာ ဆိုဒီယမ်နိုက်ထရိတ် တွေ့ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ အသားတွေကို တာရှည်ခံအောင် ကနဦးစုံစမ်း စစ်ဆေးချက်အရ ဆန်ပြုတ်ထဲမှာ ဆိုဒီယမ်နိုက်ထရိတ် တွေ့ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိတ်ဟာ အသားတွေကို တာရှည်ခံအောင်လုပ်တဲ့နေရာမှာ သုံးတာမှန်သော်လည်း အဆိပ်အတောက်ဖြစ်စေမှု မြင့်မားတယ်လို့ ဆိုပါတယ်။

အဆိုပါအဖြစ်ပျက်ကြောင့် တရုပ်နိုင်ငံအဝှမ်းရှိ စာသင်ကျောင်းတွေမှာပါ ဂယက်ရိုက်ခဲ့ပြီး ကလေးတွေကို ကျွေးတဲ့ အစားအသောက်တွေ၊ ကန်တင်းမှာ ရောင်းချတဲ့ အစားအစာတွေ ဘေးကင်းလုံခြုံအောင် ပိုပြီးသတိထားရန် နှိုးဆော်မှုတွေ လုပ်ခဲ့ပါတယ်။

Credit:Popolay

LEAVE A REPLY