Zawgyi ျဖင့္ဖတ္ရန္

ျမန္မာလက္ေ႐ြးစင္ ယူ ၂၂ အသင္းသည္ ေမလ ၂၃ ရက္ေန႔မွ ဇြန္လ ၂ ရက္ေန႔အထိ က်င္းပမည့္ ေတာင္ကိုရီးယား ႏိုင္ငံတကာ တကၠသိုလ္ မ်ား ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စီစဥ္ ထားေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မွ သိရသည္။

ျမန္မာ လက္ေ႐ြးစင္ ယူ ၂၂ အသင္းသည္ ဖိလစ္ပိုင္ႏိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ အႀကိမ္ (၃၀) ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္(ဆီးဂိမ္းစ္) အတြက္ႀကိဳတင္ျပင္ဆင္သည့္ အေနျဖင့္ အဆိုပါၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္သည္။

ေတာင္ကိုရီးယား ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲ အၿပီးတြင္ ဗီယက္နမ္ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲ ျဖစ္ေသာ ဗီယက္နမ္ ယူ ၂၂ အသင္းႏွင့္လည္း လာမည့္ ၂၀၁၉ ခုႏွစ္ဇြန္လ ၇ ရက္ေန႔တြင္ ေျခစမ္းပြဲ ယွဥ္ၿပိဳင္ ကစားရမည္ဟု သိရသည္။

ေတာင္ကိုရီးယားႏိုင္ငံ Teabaek တြင္ က်င္းပမည့္ International Football Tournament 2019 ၿပိဳင္ပြဲကို ႏိုင္ငံတကာမွ အသင္းေပါင္း ၁၀ သင္းေက်ာ္က ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ဟု သိရၿပီး ျမန္မာယူ ၂၂ အသင္း အေနျဖင့္ မတ္လ ၂၂ ရက္ေန႔ မွ မတ္လ ၂၆ရက္ေန႔အထိ က်င္းပခဲ့သည့္ အာရွယူ -၂၃ ေျခစစ္ပြဲမ်ားအၿပီးတြင္ ေလ့က်င့္မႈ ေခတၱရပ္နားကာ ေမလတြင္ အသင္းကို ျပန္လည္ဖြဲ႕စည္း၍ ေလ့က်င့္ျပင္ဆင္မႈမ်ား ျပဳလုပ္သြား မည္ဟု သိရသည္။

ျမန္မာလက္ေ႐ြးစင္ ယူ ၂၂ အသင္းသည္ ၿပီးခဲ့သည့္ ႏိုင္ငံတကာ ၿပိဳင္ပြဲမ်ားတြင္ ရႈံးနိမ့္မႈမ်ားရွိခဲ့ၿပီး ၂၀၁၉ ဖိလစ္ပိုင္ဆီးဂိမ္းစ္တြင္ေအာင္ျမင္မႈ ရရွိရန္ ႀကိဳတင္ျပင္ဆင္မႈအေနျဖင့္ ေတာင္ကိုရီးယားဖိတ္ေခၚၿပိဳင္ပြဲ ႏွင့္ ဗီယက္နမ္ ဖိတ္ေခၚေျခစမ္းပြဲတို႔ကို ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္း ျဖစ္ေၾကာင္း သိရသည္။

Credit:mizzimaburmese

Unicode ဖြင့်ဖတ်ရန်

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမည့် တောင်ကိုရီးယား နိုင်ငံတကာ တက္ကသိုလ်များ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်းစ်) အတွက်ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အဆိုပါပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

တောင်ကိုရီးယား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အပြီးတွင် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖြစ်သော ဗီယက်နမ် ယူ ၂၂ အသင်းနှင့်လည်း လာမည့် ၂၀၁၉ ခုနှစ်ဇွန်လ ၇ ရက်နေ့တွင် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရမည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံ Teabaek တွင် ကျင်းပမည့် International Football Tournament 2019 ပြိုင်ပွဲကို နိုင်ငံတကာမှ အသင်းပေါင်း ၁၀ သင်းကျော်က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရပြီး မြန်မာယူ ၂၂ အသင်း အနေဖြင့် မတ်လ ၂၂ ရက်နေ့ မှ မတ်လ ၂၆ရက်နေ့အထိ ကျင်းပခဲ့သည့် အာရှယူ -၂၃ ခြေစစ်ပွဲများအပြီးတွင် လေ့ကျင့်မှု ခေတ္တရပ်နားကာ မေလတွင် အသင်းကို ပြန်လည်ဖွဲ့စည်း၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဟု သိရသည်။

မြန်မာလက်ရွေးစင် ယူ ၂၂ အသင်းသည် ပြီးခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ရှုံးနိမ့်မှုများရှိခဲ့ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်တွင်အောင်မြင်မှု ရရှိရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားဖိတ်ခေါ်ပြိုင်ပွဲ နှင့် ဗီယက်နမ် ဖိတ်ခေါ်ခြေစမ်းပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

Credit:mizzimaburmese

 

LEAVE A REPLY