Zawgyi ျဖင့္ဖတ္ရန္

 

ထိုင္းႏိုင္ငံ ေဆာင္ခရန္ေရပြဲ ငါးရက္ေျမာက္ေန႔အေရာက္မွာ ယာဥ္မေတာ္တဆမႈေတြေၾကာင့္ ေသဆုံးရသူ ၂၉၇ ဦးရွိလာခဲ့ၿပီး ၂၈၀၇ ဦး ဒဏ္ရာရခဲ့ေၾကာင္း ယာဥ္လမ္းေၾကာင္း လုံၿခဳံေဘးကင္းေရးစင္တာက ဧၿပီ ၁၆ ရက္ေန႔မွာ ေျပာဆိုခဲ့ပါတယ္။ ယာဥ္မေတာ္တဆမႈေတြ ျဖစ္ပြားရျခင္းရဲ႕ အဓိကလက္သည္အျဖစ္ ေသာက္စားမူးယစ္ေမာင္းႏွင္မႈျဖစ္စဥ္ဟာ ေနာက္တစ္ႀကိမ္စာရင္းဝင္ခဲ့ပါတယ္။

ေရပြဲေတာ္ ရဲ႕ ငါးရက္ေျမာက္ေန႔ျဖစ္တဲ့ တနလၤာေန႔တစ္ေန႔တည္းမွာပဲ ႏိုင္ငံတဝွမ္း ယာဥ္မေတာ္တဆမႈ ၄၇၂ ႀကိမ္ျဖစ္ပြားခဲ့ကာ ၅၄ ဦးေသ၊ ၄၉၄ ဦး ဒဏ္ရာရခဲ့ပါတယ္။

ခ်င္းမိုင္ျပည္နယ္ဟာ ျဖစ္စဥ္ ၁၀၄ ခုနဲ႔ မေတာ္တဆမႈအမ်ားဆုံးျဖစ္ခဲ့သလို ဒဏ္ရာရသူအမ်ားဆုံး ျပည္နယ္လည္းျဖစ္ခဲ့ပါတယ္။ ဥဒုံသာနီျပည္နယ္ကေတာ့ မေတာ္တဆမႈေတြအတြင္း ေသဆုံးသူ ၁၄ ဦးရွိခဲ့ကာ ေသဆုံးအေရအတြက္အမ်ားဆုံးျပည္နယ္ျဖစ္ခဲ့ေၾကာင္း ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာ ဆူခမ္ ကန္ခ်နာပိမိုင္က ေျပာဆိုခဲ့ပါတယ္။

မူးယစ္ေမာင္းႏွင္ျခင္းဟာ ယာဥ္တိုက္မႈျဖစ္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေျပာဆိုခဲ့ကာ ယာဥ္တိုက္မႈစုစုေပါင္းရဲ႕ ၄၀.၆၈ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အရွိန္ျမင့္ေမာင္းႏွင္မႈေၾကာင့္ မေတာ္တဆမႈျဖစ္ရတာက ၂၇.၅၄ ရာခိုင္ႏႈန္းရွိၿပီး ဒုတိယလိုက္ခဲ့ပါတယ္။ ယာဥ္မေတာ္တဆမႈ အျဖစ္အမ်ားဆုံး အခ်ိန္ကာလဟာ ညေန ၄ နဲ႔ ည ၈ နာရီၾကားျဖစ္ၿပီး မေတာ္တဆမႈေၾကာင့္ ေသဆုံးသူအမ်ားစုဟာ အသက္ ၅၀ ေက်ာ္အ႐ြယ္ လူႀကီးပိုင္းေတြျဖစ္ေၾကာင္း သိရပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ထိုင်းသြင်္ကန် (၅) ရက်အတွင်း သေဆုံးသူ (၃၀၀) နီးပါးရှိပြီး ဒဏ်ရာရသူ ၂၈၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ ဆောင်ခရန်ရေပွဲ ငါးရက်မြောက်နေ့အရောက်မှာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးရသူ ၂၉၇ ဦးရှိလာခဲ့ပြီး ၂၈၀၇ ဦး ဒဏ်ရာရခဲ့ကြောင်း ယာဉ်လမ်းကြောင်း လုံခြုံဘေးကင်းရေးစင်တာက ဧပြီ ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရခြင်းရဲ့ အဓိကလက်သည်အဖြစ် သောက်စားမူးယစ်မောင်းနှင်မှုဖြစ်စဉ်ဟာ နောက်တစ်ကြိမ်စာရင်းဝင်ခဲ့ပါတယ်။

ရေပွဲတော် ရဲ့ ငါးရက်မြောက်နေ့ဖြစ်တဲ့ တနင်္လာနေ့တစ်နေ့တည်းမှာပဲ နိုင်ငံတဝှမ်း ယာဉ်မတော်တဆမှု ၄၇၂ ကြိမ်ဖြစ်ပွားခဲ့ကာ ၅၄ ဦးသေ၊ ၄၉၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

ချင်းမိုင်ပြည်နယ်ဟာ ဖြစ်စဉ် ၁၀၄ ခုနဲ့ မတော်တဆမှုအများဆုံးဖြစ်ခဲ့သလို ဒဏ်ရာရသူအများဆုံး ပြည်နယ်လည်းဖြစ်ခဲ့ပါတယ်။ ဥဒုံသာနီပြည်နယ်ကတော့ မတော်တဆမှုတွေအတွင်း သေဆုံးသူ ၁၄ ဦးရှိခဲ့ကာ သေဆုံးအရေအတွက်အများဆုံးပြည်နယ်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆူခမ် ကန်ချနာပိမိုင်က ပြောဆိုခဲ့ပါတယ်။

မူးယစ်မောင်းနှင်ခြင်းဟာ ယာဉ်တိုက်မှုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ကြောင်း အာဏာပိုင်တွေက ပြောဆိုခဲ့ကာ ယာဉ်တိုက်မှုစုစုပေါင်းရဲ့ ၄၀.၆၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရှိန်မြင့်မောင်းနှင်မှုကြောင့် မတော်တဆမှုဖြစ်ရတာက ၂၇.၅၄ ရာခိုင်နှုန်းရှိပြီး ဒုတိယလိုက်ခဲ့ပါတယ်။ ယာဉ်မတော်တဆမှု အဖြစ်အများဆုံး အချိန်ကာလဟာ ညနေ ၄ နဲ့ ည ၈ နာရီကြားဖြစ်ပြီး မတော်တဆမှုကြောင့် သေဆုံးသူအများစုဟာ အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းတွေဖြစ်ကြောင်း သိရပါတယ်။

share from : burmese.asia

LEAVE A REPLY