Zawgyi ဖြင့်ဖတ်ရန်




 

 




Unicode ဖြင့်ဖတ်ရန်

ဇနီးလောင်း ကိုနေပူလို့ ကားနဲ့ ပြန်စေပြီး ဆိုင်ကယ်နဲ့ပြန်တဲ့ သူတို့သားလောင်း ကားတိုက်သေဆုံး

မင်္ဂလာဆောင် ရန် ၃ရက်သာလိုသော သတို့သားလောင်းသည် မင်္ဂလာကိစ္စဖြင့် ခရီးသွားရာမှ အပြန်တွင်ဆိုင်ကယ်နှင့် ဖွဲကားတိုက်မိရာမှသတို့သားလောင်းသည် အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဆွေမျိုးများထံမှသိရှိရသည်။

ယနေ့ နေ့လည် ၁၂နာရီအချိန်ခန့်မိုင်တိုင်အမှတ် 87/4 နှင့် 87/5 အကြားရန်ကုန် ပြည် ကားမကြီးပေါ်တွင်ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်နှင်လာသောဖွဲကားနှင့် ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်နှင်လာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်ပြီးတိုက်မိခဲ့ခြင်းဖြစ်ပြီး

သတင်း ရရှိသည်နှင့် တပြိုင်နက်အခင်းဖြစ်နေရာသို့အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ရာ ၎င်း၏ အလောင်းအား လက်ပံတန်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ တင်ပို့ပေးခြင်းကိုမေတ္တာမွန် နာရေးကူညီမှုကားဖြင့်ပို့ဆောင်ခဲ့ကြောင်း လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရှိရသည်။

သေဆုံးသူ သတို့သားလောင်းမှာကိုသက်ပိုင် (ခ)သာထူး (ဘ)ဦးသန်းလှိုင်အသက် ၃၂နှစ် (ဆင်တလင်းကျေးရွာနေသူ)ဖြစ်ကြောင်း သတို့သားလောင်းသည် သတို့သမီးလောင်းမအေးမော် (ပေါင်းတည်မြို့နေသ)ူနှင့်အတူ ဧပြီလ၅ရက်နေ့တွင် မင်္ဂလာလက်ထပ်ပွဲကျင်းပမည် ဖြစ်သောကြောင့် လွန်ခဲ့သည့် ရက်အနည်းက ဝယ်ယူထားသည့် ဆိုင်ကယ် SMASHဘီးအသစ်ကိုစီးပြီး ရန်ကုန်သို့ သွားခဲ့ကြောင်း

လက်ပံတန်းသို့အပြန်တွင် နေပူသဖြင့် ဇနီးလောင်းအား ခရီးသည်တင်ကားနှင့်ပြန်စေကြောင်း ထို့နောက် သတို့သားလောင်းသည် ဆိုင်ကယ်ဖြင့် တစ်ယောက်တည်းစီးလျှက်ပြန်ရာ လက်ပံတန်းသို့အရောက် ကညင်တန်းကျေးရွာနှင့် ကျွန်းကလေးကျေးရွာကြားအရောက်တွင် မောင်းနှင်လာသောဆိုင်ကယ်နှင့် ဖွဲများတင်ဆောင်လာသည့် NISSANအမျိုးအစား 2B 8516တပ်ဆင်ထားသောကားဖြင့် တိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

share from : burmese.asia

LEAVE A REPLY