Zawgyi ျဖင့္ဖတ္ရန္

ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕၌က်င္းပလ်က္ရွိသည့္ ဗီယက္နမ္ ႏိုင္ငံတကာစီးရီးၾကက္ေတာင္႐ိုက္ ၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္ ၾကက္ေတာင္မယ္ သက္ထားသူဇာ သည္ ယေန႔တြင္ ၃၂ဦးအဆင့္ရႈံးထြက္ပြဲစဥ္အျဖစ္ ထိုင္းႏိုင္ငံမွၾကက္ေတာင္မယ္Jucharoenႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ရာ ႏွစ္ပြဲ၊တစ္ပြဲျဖင့္ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲမွထြက္ခြာခဲ့ရေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ သက္ထားသူဇာသည္ ကမာၻ႔အဆင့္ (၁၄၃)ေနရာ၌ရပ္တည္ေနၿပီး ကမာၻ႔ၾကက္ေတာင္႐ိုက္အဖြဲ႕ခ်ဳပ္၏ အဆင့္သတ္မွတ္ခ်က္မ်ားအရ အဆိုပါၿပိဳင္ပြဲတြင္ လက္ရည္စစ္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္မလိုဘဲ ၃၂ဦးအဆင့္မွစတင္ဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းျဖစ္သည္။

သက္ထားသူဇာႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့သည့္Jucharoenသည္ကမာၻ႔အဆင့္(၆၂)ေနရာ၌ ရပ္တည္ေနသူျဖစ္ၿပီး ယင္းပြဲစဥ္တြင္ သက္ထားသူဇာအေနျဖင့္ အေကာင္းဆုံးယွဥ္ၿပိဳင္ႏိုင္ခဲ့ေသာ္လည္း(၁၂-၂၁)၊(၂၁-၁၆)၊(၂၃-၂၁)ျဖင့္ ရႈံးနိမ့္ခဲ့ကာၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရျခင္းျဖစ္သည္။

၎သည္လာမည့္အိုလံပစ္ၿပိဳင္ပြဲဝင္ေရာက္ရန္ ကမာၻ႔အဆင့္(၁၀ဝ)အတြင္းဝင္ေရာက္ရမည္ျဖစ္ေသာေၾကာင့္ ကမာၻ႔ၾကက္ေတာင္႐ိုက္ အဖြဲ႕ခ်ဳပ္မွ ႀကီးမႉးက်င္းပမည့္ၿပိဳင္ပြဲမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ေနျခင္းျဖစ္သည္။

သက္ထားသူဇာအေနျဖင့္ ယခုၿပိဳင္ပြဲတြင္ ၃၂ဦးအဆင့္မွ ထြက္ခြာခဲ့ရေသာေၾကာင့္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မ်ားျမင့္တက္လာေစရန္ လာမည့္ၿပိဳင္ပြဲမ်ား၌ ေအာင္ျမင္မႈမ်ားရရွိရန္ လိုအပ္ေနေၾကာင္းသိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ဗီယက်နမ် နိုင်ငံတကာစီးရီးကြက်တောင်ရိုက် ပြိုင်ပွဲ မှ သက်ထားသူဇာ ထွက်ခွာခဲ့ရပြီ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပလျက်ရှိသည့် ဗီယက်နမ် နိုင်ငံတကာစီးရီးကြက်တောင်ရိုက် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ သည် ယနေ့တွင် ၃၂ဦးအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ် ထိုင်းနိုင်ငံမှကြက်တောင်မယ်Jucharoenနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲ၊တစ်ပွဲဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်းသိရသည်။

လက်ရှိအချိန်တွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၁၄၃)နေရာ၌ရပ်တည်နေပြီး ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်များအရ အဆိုပါပြိုင်ပွဲတွင် လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်မလိုဘဲ ၃၂ဦးအဆင့်မှစတင်ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

သက်ထားသူဇာနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်Jucharoenသည်ကမ္ဘာ့အဆင့်(၆၂)နေရာ၌ ရပ်တည်နေသူဖြစ်ပြီး ယင်းပွဲစဉ်တွင် သက်ထားသူဇာအနေဖြင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သော်လည်း(၁၂-၂၁)၊(၂၁-၁၆)၊(၂၃-၂၁)ဖြင့် ရှုံးနိမ့်ခဲ့ကာပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

၎င်းသည်လာမည့်အိုလံပစ်ပြိုင်ပွဲဝင်ရောက်ရန် ကမ္ဘာ့အဆင့်(၁၀ဝ)အတွင်းဝင်ရောက်ရမည်ဖြစ်သောကြောင့် ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

သက်ထားသူဇာအနေဖြင့် ယခုပြိုင်ပွဲတွင် ၃၂ဦးအဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များမြင့်တက်လာစေရန် လာမည့်ပြိုင်ပွဲများ၌ အောင်မြင်မှုများရရှိရန် လိုအပ်နေကြောင်းသိရသည်။

share from : burmese.asia

LEAVE A REPLY