Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

ဒီအမှုက မင်္ဂလာရှိတဲ့အမှုလေးပါဆိုတဲ့ သင်းသင်း ရဲ့ရှေ့နေ

လူတွေစိတ်ဝင်စားနေပြီး အခုနောက်ထပ်ရုံးချိန်းတစ်ခုကိုထပ်ချိန်းလိုက်တဲ့ သင်းသင်းနဲ့ ဝေဠုကျော် တို့အမှုကိစ္စဟာဆိုရင်တော့ဖြင့် တော်တော်လေးဇာတ်ရှိန်မြင့်လာသလို ပရိသတ်တွေလည်းစိတ်ဝင်စားနေကြပါပြီ။ လောလောဆယ် အမှု ရဲ့အခြေနေတွေကို သင်းသင်းနဲ့သူရဲ့တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင် တို့ကပြောပြပေးသွားပါတယ်။ သူတိုပြောပြသွားတဲ့အကြောင်းတွေကိုပရိသတ်တွေကိုပြန်ပြောပြလိုက်ပေးလိုက်ပါတယ်။

အလှမယ်သင်းသင်းက “သူတိုက ခွင့်တိုင်တော့ နောက်တစ်ပတ်ပြန်ချိန်းလိုက်တယ်။ စီးပွားရေးဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက် အားချင်မှအားမှာလေ။ အဲ့ဒီအတွက်လည်းဘာမှမဖြစ်ပါဘူး ။အစ်မကတော့ ရုံးချိန်းတပတ်တိုင်းသက်သေတစ်ခုတင်သွားမယ်ဘာလို့လဲဆိုတော့ကိုယ့်ကိုယုံကြည်ထားတဲ့သူလည်းရှိတော့ ကိုယ့်ဘက်ကလုပ်ကြံတယ်ဆိုတာမျိုးအဖြစ်မခံနိုင်ဘူး။ အမှန်တရားထိရောက်လာမယ့်အနေအထားထိအစ်မတင်သွားမှာပါ။ အခုခေတ်မှာက အမျိုးသမီးတွေအတွက် အခွင့်ရေးပေးထားတာဖြစ်တဲ့အတွက် အဲ့ဒီအပေါ်ကိုအစ်မယုံကြည်တယ်။ အဲ့ဒီယုံကြည်မှုနဲ့ဆက်သွားမှာပါ။ တရားမျှတမှုအတွက်ပေါ့နော် ။အမှန်ကန်ဆုံးအနေနဲ့ကိုယ့်ဘက်ကလည်းကြိုးစားနေတယ်။ အဲ့ဒီအတွက်အပြည့်အဝတော့ယုံကြည်ထားပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

တရားလိုရှေနေ့ဦးရောဘတ်စန်းအောင် ကလည်း “အမှုအမျိုးအစားရ ကျနော်တို့ဘက်ကလည်း ကန့်ကွက်ခွင့်မရှိပါဘူး ။ သူကလည်းတလေးတစားရုံးကိုခွင့်တင်တဲ့အတွက် ကျနော်တို့ကမကန့်ကွက်ဘူးသဘောတူတယ်။ ပြန်ချိန်းတာကမေလ၆ရက်နေ့ကို နှစ်ဖက်ရှေ့နေညှိနှိုင်းသဘောတူညီချက်အရ ချိန်းဆိုခြင်းဖြစ်နေတယ်။ အမှုအသွားလာကတော့ ပြောလို့မရသေးဘူးလေ ။ စတုန်းပဲရှိသေးတယ် တစ်ဖက်ကလည်းပြန်ပြီးပြန်လှန်မေးခွန်းလုပ်တဲ့အပိုင်းတို့ ဘာတို့ကျန်သေးတာကို ။ နောက်ပြီးတော့ဆရာဦးဖိုးဖြူကလည်း သူမေးစရာရှိတာတွေကိုမေးဦးမှာပဲ။ ဆိုတော့အမှုအသွားအလာပေါ်မှာတော့ကြိုတင်အနာဂတ်ကိုပြောလို့မရသေးပါဘူး ။တခြားအမှုမှာဆိုရင် တစ်ဖက်အမှုသည်နဲ့တစ်ဖက်အမှုသည်ဟာရန်ဆောင် နေကြတော့တရားရုံးလည်းစိတ်ညစ်ရတယ်။ ရှေ့နေတွေလည်းစိတ်ညစ်ရတယ်။ ဒီအမှုမှာကတော့ နှစ်ဖက်စလုံးကယဉ်ကျေးသိမ်မွေ့စွာနဲ့ဆက်ဆံတဲ့အတွက် မင်္ဂလာရှိတဲ့အမှုပါ။ သတင်းထောက်တွေကလည်း ကိုယ့်ဟာကိုအေးအေးဆေးဆေးမေးတဲ့ တစ်ဖက်ကိုနစ်နာအောင်ဘယ်သူမှမမေးဘူး ။အဲ့ဒါလည်းပဲမင်္ဂလာပဲ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

share from : burmese.asia

LEAVE A REPLY