Zawgyi ျဖင့္ဖတ္ရန္

မတ္လကုန္ ဧၿပီလဆန္းကစလို႔ ျမန္မာနိုင္ငံရဲ့ ၿမိဳ႕ႀကီးတစ္ခ်ိဳ႕ရဲ့ ေန႔အပူခ်ိန္ေတြဟာ ျမင့္မားေနတဲ့အတြက္ ျမန္မာနိုင္ငံ အႏွံ့အျပားမွာ ေရျပတ္လပ္တာေတြ ေရခမ္းေျခာက္တာေတြ ေတြ႕ၾကဳံေနရပါတယ္။မြန္ျပည္နယ္ ၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္းနဲ႔ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ တစ္ခ်ိဳ႕တို႔မွာ ေန႔အပူခ်ိန္ေတြဟာ အရင္ႏွစ္ေတြထက္ စံခ်ိန္သစ္တင္တဲ့ အထိ ပိုမိုပူျပင္းလာပါတယ္။ တခ်ိဳ႕ေနရာေတြမွာ အပူရွိန္ ၄၀ ဒီဂရီအထိ ျမင့္တက္ေနပါတယ္။

ဒီလိုပူျပင္းမွုေတြေၾကာင့္ အရင္က ေရမခမ္းဖူးတဲ့ ကန္ေတြဟာ ေရခမ္းေျခာက္သြားခဲ့တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္ထဲက ေက်းရြာတစ္ခ်ိဳ႕မွာ ျဖစ္ပြားေနပုံကို ေဒသခံ တစ္ဦးျဖစ္တဲ့ ကိုေအာင္ကိုလတ္က ဘီဘီစီကို ေျပာပါတယ္။မေကြးတိုင္းထဲက ၿမိဳ႕နယ္ေတြထဲ အပူလြန္ကဲၿပီး ေရျပတ္လပ္အပူခ်ိန္ ျမင့္တက္လို႔ လူေသဆုံးမွုေတြ ရွိေနကန္ေရကို အဓိကထား အသုံးျပဳရတဲ့ ေက်းရြာေတြမွာ အရင္ႏွစ္ေတြကလဲ ေရခမ္းသြားတာရွိခဲ့ေပမယ့္ ေမလမွာပဲ အဲဒီလို အျဖစ္ေတြ ၾကဳံေတြ႕ရေလ့ရွိတာပါ။

ဒီလို ေရျပတ္လပ္တာေၾကာင့္ တစ္ခ်ိဳ႕ေဒသေတြကို ပရဟိတအဖြဲ႕ေတြက ေရသယ္ကားေတြနဲ႔ လိုက္လံ ေရပို႔ေဆာင္ေပးေနတာေတြရွိေနတယ္လို႔မႏၲေလးတိုင္းေဒသႀကီးႏြားထိုးႀကီးၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးနိုင္ထူးေအာင္က ဆိုပါတယ္။ျမန္မာနိုင္ငံမွာရွိတဲ့ သစ္ေတာေတြဟာ ျပဳန္းတီးသြားတဲ့အတြက္ ရာသီဥတု ေဖာက္ျပန္တာေတြ အပူရွိန္လြန္ကဲတာေတြဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုဆိုးလာေနပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံအနှံအပြားမှာ အပူရှိန်မြင့်မားနေပြီးဒေသအချို့မှာ ရေများပြတ်လပ်နေ

ဧပြီလ မြန်မာနိုင်ငံ ဧရာဝတီတိုင်း ရခိုင်ပြည်နယ်
မတ်လကုန် ဧပြီလဆန်းကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်ချို့ရဲ့ နေ့အပူချိန်တွေဟာ မြင့်မားနေတဲ့အတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရေပြတ်လပ်တာတွေ ရေခမ်းခြောက်တာတွေ တွေ့ကြုံနေရပါတယ်။မွန်ပြည်နယ် ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့တို့မှာ နေ့အပူချိန်တွေဟာ အရင်နှစ်တွေထက် စံချိန်သစ်တင်တဲ့ အထိ ပိုမိုပူပြင်းလာပါတယ်။ တချို့နေရာတွေမှာ အပူရှိန် ၄၀ ဒီဂရီအထိ မြင့်တက်နေပါတယ်။

ဒီလိုပူပြင်းမှုတွေကြောင့် အရင်က ရေမခမ်းဖူးတဲ့ ကန်တွေဟာ ရေခမ်းခြောက်သွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ ဖြစ်ပွားနေပုံကို ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုလတ်က ဘီဘီစီကို ပြောပါတယ်။မကွေးတိုင်းထဲက မြို့နယ်တွေထဲ အပူလွန်ကဲပြီး ရေပြတ်လပ်အပူချိန် မြင့်တက်လို့ လူသေဆုံးမှုတွေ ရှိနေကန်ရေကို အဓိကထား အသုံးပြုရတဲ့ ကျေးရွာတွေမှာ အရင်နှစ်တွေကလဲ ရေခမ်းသွားတာရှိခဲ့ပေမယ့် မေလမှာပဲ အဲဒီလို အဖြစ်တွေ ကြုံတွေ့ရလေ့ရှိတာပါ။

ဒီလို ရေပြတ်လပ်တာကြောင့် တစ်ချို့ဒေသတွေကို ပရဟိတအဖွဲ့တွေက ရေသယ်ကားတွေနဲ့ လိုက်လံ ရေပို့ဆောင်ပေးနေတာတွေရှိနေတယ်လို့မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ဆိုပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ သစ်တောတွေဟာ ပြုန်းတီးသွားတဲ့အတွက် ရာသီဥတု ဖောက်ပြန်တာတွေ အပူရှိန်လွန်ကဲတာတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုဆိုးလာနေပါတယ်။

share from : burmese.asia

LEAVE A REPLY