Zawgyi ဖြင့်ဖတ်ရန်




Unicode ဖြင့်ဖတ်ရန်

ဖေဖေ့အိမ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ ယဉ်လတ်

ဖိုက်တင် မင်းသမီး အဖြစ် လူသိများလာတဲ့ ယဉ်လတ်ဟာ ပုရိသတော်တော်များများရဲ့ရင်ကို ဖမ်းစားထားနိုင်တဲ့မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်။ မိဘစကားကိုအရမ်းနားထောင်တဲ့ သမီးအလိမ္မာလေးဆိုလည်း မမှားပါဘူးနော်။သူမဒီနေရာထိရောက်လာတာ အ ဖေ ဖြစ်စေချင်တဲ့ ဆန္ဒ ကြောင့်ပဖြစ်ပြီး”ဖေ့ဖေ့ရဲ့အိမ်မက်ကိုသမီးအိမ်မက် လိုသဘောထားပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်”လို့ သိရပါတယ်။ ”ဘဝရဲ့အရာရာအားလုံးက ဖေ့ဖေ့ဆန္ဒ ကြောင့်ပါ”လို့ သမီးအလိမ္မာ လေးယဉ်လတ်က ပြောပြခဲ့ပါတယ်။

ဘဝမှာအခက်အခဲတွေအများကြီးကြုံခဲ့ရပြီး မိန်းကလေးတစ်ယောက်အနေနဲ့ အက်ရှင် ဘက်ကို ဖောက်ထွက်ရတာ အရမ်းခက်ခဲခဲ့ပါတယ်လို့ သိရပါတယ်။ပရိသတ်ရင်ထဲ ယဉ်လတ်ဆိုပြီး နေရာလေးတစ်နေရာ ရလာတဲ့အတွက် ဂမ်းသာမိတယ်လို့သူမရဲ့ပီတိစကားသံတွေကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်သံ စီးရီးလေးရိုက်ထားတယ်လို့သိရပြီး ပိုင်ဖြိုးသု နဲ့ ကားကြီးတစ်ကားတွဲရိုက်ထားတာ ဒီနှစ်ထဲရုံတင်မယ်လို့ထင်ပါတယ်လို့ပြောပြသွားပါတယ်။ အခုချိန်ထိအားပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်တယ်လို့လဲ ပြောခဲ့ပါတယ်။ ပရိသတ်ကြီးရော ယဉ်လတ်ကို အားပေးကြမယ်မလား။

share from : burmese.asia

LEAVE A REPLY