Zawgyiျဖင့္ဖတ္ရန္

 

အခ်စ္ေရးတစ္ခုဟာ အဆံုးသတ္တဲ့အခ်ိန္ေရာက္လာတဲ့အခါ ဘယ္ေလာက္ပဲ ကိုယ့္ဖက္က ဆုပ္ကိုင္ထားဖို႔ ၾကိဳးစားၾကိဳးစား အဆင္ေျပႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ တစ္ခါတေလမွာ သင္တို႔ႏွစ္ေယာက္ဟာ တြဲေနေပမယ့္လည္း သင္တုိ႔ၾကားမွာ အခ်စ္မရွိေတာ့တာမ်ိဳးလည္း ျဖစ္ေနတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သင္တို႔ႏွစ္ေယာက္ၾကားမွာ အခ်စ္မရွိေတာ့ဘူးဆိုတဲ့ သက္ေသ ၄ ခုပဲျဖစ္ပါတယ္။ ဒီလကၡဏာေတြသင္တုိ႔ၾကားမွာျဖစ္ေနရင္ေတာ့ တျခားတစ္ေယာက္ကုိ ေျပာငး္ခ်စ္လိုက္တာ အေကာငး္ဆံုးပါပဲ။

(၁) ဘာမွအလိုမက်ေတာ့ဘူး

သင့္စိတ္ထဲမွာ သင့္ခ်စ္သူနဲ႔ပတ္သက္ျပီး အလိုမက်တာေတြ အရမး္မ်ားေနပါလိမ့္မယ္။ သူလုပ္သမွ်အရာရာတိုင္းက သင့္စိတ္ထဲမွာ အလိုမက်စရာေတြခ်ညး္ပဲ ျဖစ္ေနေတာ့မွာပါ။ သူဘာပဲလုပ္လုပ္ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ သင့္ကို ရန္စေနတယ္၊ သင့္ကိုအရြဲ႕တိုက္ေနတယ္၊ သင့္ကို စိတ္တိုေအာင္ ဆြေနတယ္ဆိုျပီး ခံစားေနရမွာပါ။ ဒီလိုအလိုမက်မႈေတြမ်ားလာရာကေန စိတ္ေတြတို၊ ေဒါသေတြခ်ည္းပဲထြက္ေနရျပီး သင္တို႔ႏွစ္ေယာက္ၾကားမွာ ေပ်ာ္စရာေတြထက္ ေဒါသထြက္စရာေတြပဲ မ်ားမ်ားလာမွာျဖစ္ပါတယ္။

(၂) အျမဲတမး္ေဒါသေတြထြက္ေနရတယ္

စိတ္အလိုမက်မႈေတြကေန ေဒါသေတြပဲထြက္ေနရေတာ့မွာပါ။ ေဒါသေတြကို ေျဖေလ်ာ့လိုက္ဖို႕အတြက္ သင္ဟာသင့္ရဲ႕ ခ်စ္သူကုိ လူၾကားသူၾကားေတြထဲမွာ ေအာ္တာေငါက္တာမ်ိဳး၊ စိတ္လိုက္မာန္ပါလုပ္လိုက္တာမ်ိဳးေတြ လုပ္လာေတာ့မွာပါ။ သင့္ခ်စ္သူကို ဘာမဟုတ္တဲ့ ကိစၥေလးေတြမွာေတာင္ စိတ္မရွည္ျဖစ္ေနမယ္၊ သူ႔ရဲ႕အမွားေသးေသးေလးေတြကအစ ေဒါသေတြ အၾကီးအက်ယ္ထြက္ေနတာမ်ိဳးေတြ ျဖစ္လာေတာ့မွာပါ။ အေၾကာင္းကေတာ့ သင့္ရင္ထဲမွာ သူ႔ကိုမခ်စ္ေတာ့လို႔ပါ။ သည္းခံျခငး္ဆိုတာ ခ်စ္ျခင္းတရားကေန ေပါက္ဖြားလာတာမို႔ပါ။

(၃) စိုးရိမ္စိတ္ေတြမ်ားလာမယ္

သင္ဟာ ခ်စ္သူအေပၚကို အျမဲတမး္စိတ္လိုက္မာန္ပါ ေျပာဆိုျပီးတဲ့အခါတိုင္းမွာ ေနာင္တရသလိုလို၊ စိုးရိမ္သလိုလုိေတြ ခံစားေနရမွာပါ။ သင့္ကိုယ္သင္ မွားတယ္ဆိုတာလည္းသိတယ္၊ ဒါေပမယ့္လည္း မျပင္ႏိုင္ဘူး၊ သင့္ကိုထားခဲ့မွာလည္းေၾကာက္ေနသလိုလိုေတြ ခံစားရမွာျဖစ္ပါတယ္။ ဒီလိုခံစားခ်က္ေတြရႈပ္ေထြးလာေလေလ သင့္ခ်စ္သူကို စိတ္တိုလာေလေလျဖစ္မွာပါ။ သင့္ရဲ႕အခ်စ္ေရးဟာ သင့္ကိုစိတ္ဒုကၡအေပးဆုံးလို႔ခံစားေနရမွာပါ။ အေၾကာင္းကေတာ့ သင့္စိတ္ထဲမွာ အခ်စ္မရွိေတာ့ပဲ သံေယာဇဥ္ေတြပဲ က်န္ေတာ့တာေၾကာင့္ပါ။

(၄) အထီးက်န္ေနမယ္

Shutterstock
လူႏွစ္ေယာက္ဟာ စိတ္ေတြေဝးေနတဲ့အခါမွာ အတူတူရွိေနရင္ေတာင္ အထီးက်န္ေနတတ္ပါတယ္။ သင္ဟာ ခ်စ္သူရွိေနရက္နဲ႔ေတာင္ အထီးက်န္ေနတယ္၊ လြမး္ေဆြးေနသလိုလို၊ အသည္းကြဲေနသလိုလို ခံစားေနရတာဟာ သင္တို႔ႏွစ္ေယာက္ၾကားမွာ အခ်စ္ေတြမရွိေတာ့လို႔ပဲျဖစ္ပါတယ္။ ဒီလိုျဖစ္ေနရက္နဲ႔ေတာင္ သူ႔ကိုမျဖတ္ႏိုင္ဘူး၊ သူ႔လက္ကုိ ဆုပ္ကိုင္ထားဆဲပဲဆိုရင္ အခ်စ္ေၾကာင့္မဟုတ္ပါဘူး။ သံေယာဇဥ္ေတြေၾကာင့္ပဲျဖစ္ပါတယ္။

ေဖာ္ျပထားတဲ့အခ်က္ေတြအတိုင္းျဖစ္ေနျပီ္ဆိုရင္ေတာ့ သင့္အေနနဲ႔ သူ႔ကိုဆက္တြဲေနလည္းဒဏ္ရာေတြသာ ပိုမ်ားလာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပတ္ေနျပီျဖစ္တဲ့ ၾကိဳးကို ဆက္မေနေတာ့ပဲ လႊတ္လိုက္ပါေတာ့။ ေနာက္တစ္ေယာက္နဲ႔ ေပ်ာ္စရာေကာင္းတဲ့အခ်စ္ေရးေလးကို အသစ္ျပန္လည္တည္ေဆာက္ဖို႔ သင့္ကိုသင္ေရာ၊သူ႔ကိုေရာ အခြင့္ေပးလိုက္သင့္ပါျပီ။

Credit:Hannwe Soe (Auntymay)

 

Unicodeဖြင့်ဖတ်ရန်

 

သင်တို့နှစ်ယောက်ကြားမှာ အချစ်မရှိတော့ဘူးဆိုတာ သက်သေပြနေတဲ့ အမှန်တရား (၄) ခု

 

အချစ်ရေးတစ်ခုဟာ အဆုံးသတ်တဲ့အချိန်ရောက်လာတဲ့အခါ ဘယ်လောက်ပဲ ကိုယ့်ဖက်က ဆုပ်ကိုင်ထားဖို့ ကြိုးစားကြိုးစား အဆင်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ သင်တို့နှစ်ယောက်ဟာ တွဲနေပေမယ့်လည်း သင်တို့ကြားမှာ အချစ်မရှိတော့တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင်တို့နှစ်ယောက်ကြားမှာ အချစ်မရှိတော့ဘူးဆိုတဲ့ သက်သေ ၄ ခုပဲဖြစ်ပါတယ်။ ဒီလက္ခဏာတွေသင်တို့ကြားမှာဖြစ်နေရင်တော့ တခြားတစ်ယောက်ကို ပြောင်းချစ်လိုက်တာ အကောင်းဆုံးပါပဲ။

(၁) ဘာမှအလိုမကျတော့ဘူး

သင့်စိတ်ထဲမှာ သင့်ချစ်သူနဲ့ပတ်သက်ပြီး အလိုမကျတာတွေ အရမ်းများနေပါလိမ့်မယ်။ သူလုပ်သမျှအရာရာတိုင်းက သင့်စိတ်ထဲမှာ အလိုမကျစရာတွေချည်းပဲ ဖြစ်နေတော့မှာပါ။ သူဘာပဲလုပ်လုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်ကို ရန်စနေတယ်၊ သင့်ကိုအရွဲ့တိုက်နေတယ်၊ သင့်ကို စိတ်တိုအောင် ဆွနေတယ်ဆိုပြီး ခံစားနေရမှာပါ။ ဒီလိုအလိုမကျမှုတွေများလာရာကနေ စိတ်တွေတို၊ ဒေါသတွေချည်းပဲထွက်နေရပြီး သင်တို့နှစ်ယောက်ကြားမှာ ပျော်စရာတွေထက် ဒေါသထွက်စရာတွေပဲ များများလာမှာဖြစ်ပါတယ်။

(၂) အမြဲတမ်းဒေါသတွေထွက်နေရတယ်

စိတ်အလိုမကျမှုတွေကနေ ဒေါသတွေပဲထွက်နေရတော့မှာပါ။ ဒေါသတွေကို ဖြေလျော့လိုက်ဖို့အတွက် သင်ဟာသင့်ရဲ့ ချစ်သူကို လူကြားသူကြားတွေထဲမှာ အော်တာငေါက်တာမျိုး၊ စိတ်လိုက်မာန်ပါလုပ်လိုက်တာမျိုးတွေ လုပ်လာတော့မှာပါ။ သင့်ချစ်သူကို ဘာမဟုတ်တဲ့ ကိစ္စလေးတွေမှာတောင် စိတ်မရှည်ဖြစ်နေမယ်၊ သူ့ရဲ့အမှားသေးသေးလေးတွေကအစ ဒေါသတွေ အကြီးအကျယ်ထွက်နေတာမျိုးတွေ ဖြစ်လာတော့မှာပါ။ အကြောင်းကတော့ သင့်ရင်ထဲမှာ သူ့ကိုမချစ်တော့လို့ပါ။ သည်းခံခြင်းဆိုတာ ချစ်ခြင်းတရားကနေ ပေါက်ဖွားလာတာမို့ပါ။

(၃) စိုးရိမ်စိတ်တွေများလာမယ်

သင်ဟာ ချစ်သူအပေါ်ကို အမြဲတမ်းစိတ်လိုက်မာန်ပါ ပြောဆိုပြီးတဲ့အခါတိုင်းမှာ နောင်တရသလိုလို၊ စိုးရိမ်သလိုလိုတွေ ခံစားနေရမှာပါ။ သင့်ကိုယ်သင် မှားတယ်ဆိုတာလည်းသိတယ်၊ ဒါပေမယ့်လည်း မပြင်နိုင်ဘူး၊ သင့်ကိုထားခဲ့မှာလည်းကြောက်နေသလိုလိုတွေ ခံစားရမှာဖြစ်ပါတယ်။ ဒီလိုခံစားချက်တွေရှုပ်ထွေးလာလေလေ သင့်ချစ်သူကို စိတ်တိုလာလေလေဖြစ်မှာပါ။ သင့်ရဲ့အချစ်ရေးဟာ သင့်ကိုစိတ်ဒုက္ခအပေးဆုံးလို့ခံစားနေရမှာပါ။ အကြောင်းကတော့ သင့်စိတ်ထဲမှာ အချစ်မရှိတော့ပဲ သံယောဇဉ်တွေပဲ ကျန်တော့တာကြောင့်ပါ။

(၄) အထီးကျန်နေမယ်

Shutterstock
လူနှစ်ယောက်ဟာ စိတ်တွေဝေးနေတဲ့အခါမှာ အတူတူရှိနေရင်တောင် အထီးကျန်နေတတ်ပါတယ်။ သင်ဟာ ချစ်သူရှိနေရက်နဲ့တောင် အထီးကျန်နေတယ်၊ လွမ်းဆွေးနေသလိုလို၊ အသည်းကွဲနေသလိုလို ခံစားနေရတာဟာ သင်တို့နှစ်ယောက်ကြားမှာ အချစ်တွေမရှိတော့လို့ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်နေရက်နဲ့တောင် သူ့ကိုမဖြတ်နိုင်ဘူး၊ သူ့လက်ကို ဆုပ်ကိုင်ထားဆဲပဲဆိုရင် အချစ်ကြောင့်မဟုတ်ပါဘူး။ သံယောဇဉ်တွေကြောင့်ပဲဖြစ်ပါတယ်။

ဖော်ပြထားတဲ့အချက်တွေအတိုင်းဖြစ်နေပြီ်ဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုဆက်တွဲနေလည်းဒဏ်ရာတွေသာ ပိုများလာမှာဖြစ်ပါတယ်။ ဒါကြောင့် ပြတ်နေပြီဖြစ်တဲ့ ကြိုးကို ဆက်မနေတော့ပဲ လွှတ်လိုက်ပါတော့။ နောက်တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့အချစ်ရေးလေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ သင့်ကိုသင်ရော၊သူ့ကိုရော အခွင့်ပေးလိုက်သင့်ပါပြီ။

Credit:Hannwe Soe (Auntymay)