Zawgyi ျဖင့္ဖတ္ရန္

လာ့စ္ဗီးဂက္စ္ၿမိဳ႕မွ လက္ေဝွ႔ပြဲၾကည့္ၿပီးျပန္လာေသာ ကိုယ္ပိုင္ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚပါ ခရီးသည္ ၁၄ ဦးစလုံး ေသဆုံးခဲ့ရသည္။

ေမလ ၄ ရက္ေန႔ညက အေမရိကန္ႏိုင္ငံ လာစ့္ဗီးဂက္စ္ၿမိဳ႕တြင္ ျပဳလုပ္ေသာ Saul ‘Canelo’ Alvarez နဲ႔ Danial Jacobs တို႔ရဲ႕ လက္ေဝွ႔ပြဲကို မကၠစီကိုႏိုင္ငံမွ စင္းလုံးငွားကိုယ္ပိုင္ ဂ်က္ေလယာဥ္ျဖင့္ သြားေရာက္အားေပးၾကည့္ရႈခဲ့ၾကၿပီး အိမ္ျပန္ခရီးတြင္ ေလယာဥ္ပ်က္က်ခဲ့ျခင္းျဖစ္သည္။

ေျမျပင္ထိန္းခ်ဳပ္စခန္းနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ၿပီး မကၠစီကို ေျမာက္ပိုင္း Cohauila ေဒသရွိ ကိုယ္ပိုင္ေလယာဥ္ပ်ံမ်ား ဆင္းသက္ရာ ေလယာဥ္ကြင္းအနီး လယ္ကြင္းမ်ားကို ျဖတ္ပ်ံစဥ္ ပ်က္က်သြားခဲ့ျခင္းျဖစ္သည္။ ေသဆုံးသူမ်ားအားလုံးမွာ မကၠစီကန္လူမ်ိဳးမ်ား ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ေလယာဥ္ ပ်က္က္မႈဟာ မိုးသည္း ထန္စြာ႐ြာၿပီး ေလျပင္းမ်ားပါတိုက္ခတ္မႈေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ခန႔္မွန္းထားၿပီး ျဖစ္စဥ္ကို စုံစမ္းလွ်က္ရွိေၾကာင္း သိရွိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

လက်ဝှေ့ပွဲကြည့်ပြီးပြန်လာသော ကိုယ်ပိုင် လေယာဉ် ပျက်ကျ ၁၄ ဦး သေဆုံး

လာ့စ်ဗီးဂက်စ်မြို့မှ လက်ဝှေ့ပွဲကြည့်ပြီးပြန်လာသော ကိုယ်ပိုင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးစလုံး သေဆုံးခဲ့ရသည်။

မေလ ၄ ရက်နေ့ညက အမေရိကန်နိုင်ငံ လာစ့်ဗီးဂက်စ်မြို့တွင် ပြုလုပ်သော Saul ‘Canelo’ Alvarez နဲ့ Danial Jacobs တို့ရဲ့ လက်ဝှေ့ပွဲကို မက္ကစီကိုနိုင်ငံမှ စင်းလုံးငှားကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် သွားရောက်အားပေးကြည့်ရှုခဲ့ကြပြီး အိမ်ပြန်ခရီးတွင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

မြေပြင်ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး မက္ကစီကို မြောက်ပိုင်း Cohauila ဒေသရှိ ကိုယ်ပိုင်လေယာဉ်ပျံများ ဆင်းသက်ရာ လေယာဉ်ကွင်းအနီး လယ်ကွင်းများကို ဖြတ်ပျံစဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအားလုံးမှာ မက္ကစီကန်လူမျိုးများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ် ပျက်က်မှုဟာ မိုးသည်း ထန်စွာရွာပြီး လေပြင်းများပါတိုက်ခတ်မှုကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားပြီး ဖြစ်စဉ်ကို စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။

Credit : popolay

LEAVE A REPLY