Zawgyi ျဖင့္ဖတ္ရန္

စစ္သားေတြဟာ ေတာေတာင္ေတြထဲမွာ တာဝန္ထမ္းေဆာင္ရင္း ရိကၡာျပတ္လပ္ စားစရာမရွိတဲ့ အေျခအေနနဲ႔ ဘယ္အခ်ိန္မ်ိဳးမွာမဆို ႀကဳံေတြ႕ႏိုင္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳး ႀကဳံလာတဲ့အခါ အသက္ရွင္ရပ္တည္ဖို႔ နည္းလမ္းေတြကိုလည္း စစ္သင္တန္းေတြ႕မွာ ပို႔ခ်ေပးပါတယ္။

ထိုင္းစစ္တပ္ရဲ႕ တပ္သားသစ္ စစ္သင္တန္းမွာေတာ့ အသက္ရွင္သန္ေရး နည္းလမ္းကို ပို႔ခ်ေနတဲ့ သင္တန္းဆရာက ပုတ္သင္ညိဳ အစိမ္းစားနည္းကိုပါ လက္ေတြ႕ ျပသခဲ့ပါတယ္။ ဒီသင္ခန္းစာကေတာ့ တပ္သားသစ္ေတြကို ေအာ့အန္ၿပီး အစားေသာက္ပါ ပ်က္သြားေစပါတယ္။

႐ုပ္သံမွာ နည္းျပဆရာက ပုတ္သင္တစ္ေကာင္ကို ကိုင္ထားၿပီး ဘယ္လို လုပ္ေဆာင္ရတယ္ဆိုတာကို တစ္ဆင့္ျခင္းရွင္းျပပါတယ္။ အဲဒီေနာက္ ပုတ္သင္ကို ပါးစပ္နဲ႔ကိုက္ကာ အေရခြံဆြဲခြာၿပီး အစိမ္းလိုက္စားလို႔ရတယ္ဆိုတဲ့အေၾကာင္း၊ ကင္စားရင္ပိုၿပီးသင့္ေလ်ာ္တဲ့ အေၾကာင္းေတြကို လက္ေတြ႕ပို႔ခ်ခဲ့ပါတယ္။
သင္တန္းသားသစ္ေတြကေတာ့ နည္းျပဆရာ တစ္ခုခုလက္ေတြ႕လုပ္ျပတိုင္း အံ့ၾသ႐ြံရွာတဲ့ အသံေတြနဲ႔ သင္ၾကားေနၾကတာကို ေတြ႕ခဲ့ရပါတယ္။

သင္ခန္းစာအဆုံးမွာေတာ့ သင္တန္းသားေတြထဲက တစ္ေယာက္ကို ထခိုင္းၿပီး ျပန္လုပ္ခိုင္းရာမွာ သင္တန္းသားက ေၾကာက္႐ြံ ႐ြံရွာစြာနဲ႔ ပုတ္သင္ညိဳ ကို ပါးစပ္ထဲအစိမ္းဝါးေနခဲ့ရပါတယ္။
႐ုပ္သံဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ထိုင္းႏိုင္ငံအေရွ႕ပိုင္း ခြၽန္ဘူရီခ႐ိုင္မွာရွိတဲ့ စစ္စခန္းမွာ ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

“ဒီအေျခအေနဟာ လုံးဝ႐ြံစရာေကာင္းၿပီး မင္းတို႔ မလုပ္ႏိုင္ေသးဘူးဆိုတာ ငါနားလည္တယ္၊ ေအး.. ဒါေပမယ့္ တစ္ေန႔ မင္းတို႔အခက္ႀကဳံၿပီး စားစရာမရွိလို႔ ေသရေတာ့မယ့္အခ်ိန္မွာ ဒီလိုလုပ္ရဲတဲ့ သတၱိေတြ ရွိလာမွာပါ” လို႔ နည္းျပက ေျပာၾကားခဲ့ပါတယ္။

စာဖတ္သူေတြေရာ ဒီလိုအေျခေနေရာက္ရင္ သူလို႔ လိုက္လုပ္ႏိုင္ပါ့မလား ဆိုတာ မန႔္ခဲ့ၾကပါဦး။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

စစ်သင်တန်း မှာ ပုတ်သင်ညို အစိမ်းလိုက် စားပြခဲ့တဲ့ နည်းပြဆရာ (ရုပ်သံ)

စစ်သားတွေဟာ တောတောင်တွေထဲမှာ တာဝန်ထမ်းဆောင်ရင်း ရိက္ခာပြတ်လပ် စားစရာမရှိတဲ့ အခြေအနေနဲ့ ဘယ်အချိန်မျိုးမှာမဆို ကြုံတွေ့နိုင်ပါတယ်။ ဒီလိုအချိန်မျိုး ကြုံလာတဲ့အခါ အသက်ရှင်ရပ်တည်ဖို့ နည်းလမ်းတွေကိုလည်း စစ်သင်တန်းတွေ့မှာ ပို့ချပေးပါတယ်။

ထိုင်းစစ်တပ်ရဲ့ တပ်သားသစ် စစ်သင်တန်းမှာတော့ အသက်ရှင်သန်ရေး နည်းလမ်းကို ပို့ချနေတဲ့ သင်တန်းဆရာက ပုတ်သင်ညို အစိမ်းစားနည်းကိုပါ လက်တွေ့ ပြသခဲ့ပါတယ်။ ဒီသင်ခန်းစာကတော့ တပ်သားသစ်တွေကို အော့အန်ပြီး အစားသောက်ပါ ပျက်သွားစေပါတယ်။

ရုပ်သံမှာ နည်းပြဆရာက ပုတ်သင်တစ်ကောင်ကို ကိုင်ထားပြီး ဘယ်လို လုပ်ဆောင်ရတယ်ဆိုတာကို တစ်ဆင့်ခြင်းရှင်းပြပါတယ်။ အဲဒီနောက် ပုတ်သင်ကို ပါးစပ်နဲ့ကိုက်ကာ အရေခွံဆွဲခွာပြီး အစိမ်းလိုက်စားလို့ရတယ်ဆိုတဲ့အကြောင်း၊ ကင်စားရင်ပိုပြီးသင့်လျော်တဲ့ အကြောင်းတွေကို လက်တွေ့ပို့ချခဲ့ပါတယ်။
သင်တန်းသားသစ်တွေကတော့ နည်းပြဆရာ တစ်ခုခုလက်တွေ့လုပ်ပြတိုင်း အံ့သြရွံရှာတဲ့ အသံတွေနဲ့ သင်ကြားနေကြတာကို တွေ့ခဲ့ရပါတယ်။

သင်ခန်းစာအဆုံးမှာတော့ သင်တန်းသားတွေထဲက တစ်ယောက်ကို ထခိုင်းပြီး ပြန်လုပ်ခိုင်းရာမှာ သင်တန်းသားက ကြောက်ရွံ ရွံရှာစွာနဲ့ ပုတ်သင်ညို ကို ပါးစပ်ထဲအစိမ်းဝါးနေခဲ့ရပါတယ်။
ရုပ်သံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်မှာရှိတဲ့ စစ်စခန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“ဒီအခြေအနေဟာ လုံးဝရွံစရာကောင်းပြီး မင်းတို့ မလုပ်နိုင်သေးဘူးဆိုတာ ငါနားလည်တယ်၊ အေး.. ဒါပေမယ့် တစ်နေ့ မင်းတို့အခက်ကြုံပြီး စားစရာမရှိလို့ သေရတော့မယ့်အချိန်မှာ ဒီလိုလုပ်ရဲတဲ့ သတ္တိတွေ ရှိလာမှာပါ” လို့ နည်းပြက ပြောကြားခဲ့ပါတယ်။

စာဖတ်သူတွေရော ဒီလိုအခြေနေရောက်ရင် သူလို့ လိုက်လုပ်နိုင်ပါ့မလား ဆိုတာ မန့်ခဲ့ကြပါဦး။

Credit : popolay

LEAVE A REPLY