Zawgyi ျဖင့္ဖတ္ရန္

ေၾကာင္ကေလး,ေလးေတြဟာ ခ်စ္စရာေကာင္းသေလာက္ တစ္ခ်က္မွ အၿငိမ္မေနပဲ အလြန္ေဆာ့တဲ့အတြက္ တစ္ခါတစ္ရံသူတို႔ေၾကာင့္ သခင္ေတြ႕ရဲ႕ အဖိုးတန္ပစၥည္းေတြ ပ်က္ဆီးဆုံးရႈံးရတာေတြရွိပါတယ္။

ရႈးဖိနပ္ အေကာင္းစားေတြကို သူတို႔သြားေတြနဲ႔ ကိုက္ပစ္တာမ်ိဳး လယ္သာဆိုဖာ ဆက္တီေတြကို လက္သည္းနဲ႔ ကုတ္ျခစ္ပစ္တာမ်ိဳး စသည္ျဖင့္ အမ်ိဳးမ်ိဳး လုပ္တတ္ၾကပါတယ္။
လက္တေလာမွာေတာ့ ေၾကာင္ေလးတစ္ေကာင္က သူ႔သခင္ရဲ႕ ဖုန္းနာၾကပ္ႀကိဳးကို ေဆာ့ရင္းနဲ႔ ကိုက္ျဖတ္မိသြားပါတယ္။
ဒါေပမယ့္ သိပ္မၾကာခင္မွာ သူ႔ရဲ႕အမွားအတြက္ သခင္ကို ေတာင္းပန္တဲ့ အေနနဲ႔ အစားျပန္ေလ်ာ္ေပးခဲ့တဲ့ အရာေၾကာင့္ သခင္ျဖစ္သူ အံ့ၾသထိတ္လန႔္ခဲ့ရပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက Haryanto Pherwhirra Ramadhani ဆိုသူက သူ႔ရဲ႕ ေဖ့စ္ဘြခ္မွာ ဓါတ္ပုံေလးေတြနဲ႔ အေၾကာင္းစုံကို တင္ထားၿပီးေနာက္ ဝင္ေရာက္ေရးသား ျပန္လည္ေဝမွ်သူေတြနဲ႔ မ်ားျပားခဲ့ပါတယ္။ သူေရးထားတာက –
“ဒီေန႔မနက္ ေစာေစာပိုင္းက အိပ္ယာထဲမွာရွိတဲ့ က်ေနာ့္ရဲ႕ နားၾကပ္ကို သူေဆာ့ေနရင္း မေတာ္တဆ ျပတ္သြားတယ္။ ဒါနဲ႔ က်ေနာ္ဆူလိုက္ေတာ့ သူအိမ္ကေနထြက္သြားတယ္။ တစ္နာရီေလာက္ၾကာေတာ့ ျပန္ေရာက္လာၿပီး က်ေနာ့ ေရွ႕မွာေႁမြအေသးေလးတစ္ေကာင္လာခ်ေပးတယ္။ ႐ုတ္တရက္ဆိုေတာ့ လန႔္သြားတာပဲ။ ေနာက္ေတာ့မွ ဘယ္ဟုတ္မလဲသူက က်ေနာ့္ကို ေတာင္းပန္တဲ့အေၾကည့္ေလးနဲ႔ ၾကည့္ေနတာ” လို႔ ေရးသားခဲ့ပါတယ္။

သူ႔ရဲ႕ပိုစ့္ေအာက္မွာ ဝင္ေရာက္ေရးသားသူေတြက ေၾကာင္ေလးဟာ သူ႔ရဲ႕အသိဉာဏ္ေလးနဲ႔ သူ႔ေၾကာင့္ပ်က္ဆီးသြားတာကို တာဝန္ယူတတ္တယ္လို႔ ခ်ီးမြမ္းၾကပါတယ္။ တစ္ေယာက္ကလည္း သခင့္အတြက္ နားၾကပ္အစား တပ္ဖို႔ နားၾကပ္နဲ႔တူနဲ႔ဟာ ယူလာတာေနမွာေပါ့လို႔ ေရးသားထားတာကိုေတြ႕ရပါတယ္။

မိတ္ေဆြေရာ ေၾကာင္ခ်စ္ပါသလား..? ဘာအဓိပၸါယ္နဲ႔ ေႁမြေလး ယူလာေပးတယ္ဆိုတာကို နားလည္သေလာက္ ေျပာျပေပးခဲ့ပါဦး။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

သခင် ရဲ့နားကြပ်ကို ကိုက်ဖြတ်မိလို့ အစားလျော်ပေးပြီး တောင်းပန်တဲ့ ကြောင်လေး

ကြောင်ကလေး,လေးတွေဟာ ချစ်စရာကောင်းသလောက် တစ်ချက်မှ အငြိမ်မနေပဲ အလွန်ဆော့တဲ့အတွက် တစ်ခါတစ်ရံသူတို့ကြောင့် သခင်တွေ့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပျက်ဆီးဆုံးရှုံးရတာတွေရှိပါတယ်။

ရှုးဖိနပ် အကောင်းစားတွေကို သူတို့သွားတွေနဲ့ ကိုက်ပစ်တာမျိုး လယ်သာဆိုဖာ ဆက်တီတွေကို လက်သည်းနဲ့ ကုတ်ခြစ်ပစ်တာမျိုး စသည်ဖြင့် အမျိုးမျိုး လုပ်တတ်ကြပါတယ်။
လက်တလောမှာတော့ ကြောင်လေးတစ်ကောင်က သူ့သခင်ရဲ့ ဖုန်းနာကြပ်ကြိုးကို ဆော့ရင်းနဲ့ ကိုက်ဖြတ်မိသွားပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာ သူ့ရဲ့အမှားအတွက် သခင်ကို တောင်းပန်တဲ့ အနေနဲ့ အစားပြန်လျော်ပေးခဲ့တဲ့ အရာကြောင့် သခင်ဖြစ်သူ အံ့သြထိတ်လန့်ခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက Haryanto Pherwhirra Ramadhani ဆိုသူက သူ့ရဲ့ ဖေ့စ်ဘွခ်မှာ ဓါတ်ပုံလေးတွေနဲ့ အကြောင်းစုံကို တင်ထားပြီးနောက် ဝင်ရောက်ရေးသား ပြန်လည်ဝေမျှသူတွေနဲ့ များပြားခဲ့ပါတယ်။ သူရေးထားတာက –
“ဒီနေ့မနက် စောစောပိုင်းက အိပ်ယာထဲမှာရှိတဲ့ ကျနော့်ရဲ့ နားကြပ်ကို သူဆော့နေရင်း မတော်တဆ ပြတ်သွားတယ်။ ဒါနဲ့ ကျနော်ဆူလိုက်တော့ သူအိမ်ကနေထွက်သွားတယ်။ တစ်နာရီလောက်ကြာတော့ ပြန်ရောက်လာပြီး ကျနော့ ရှေ့မှာမြွေအသေးလေးတစ်ကောင်လာချပေးတယ်။ ရုတ်တရက်ဆိုတော့ လန့်သွားတာပဲ။ နောက်တော့မှ ဘယ်ဟုတ်မလဲသူက ကျနော့်ကို တောင်းပန်တဲ့အကြေည့်လေးနဲ့ ကြည့်နေတာ” လို့ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပိုစ့်အောက်မှာ ဝင်ရောက်ရေးသားသူတွေက ကြောင်လေးဟာ သူ့ရဲ့အသိဉာဏ်လေးနဲ့ သူ့ကြောင့်ပျက်ဆီးသွားတာကို တာဝန်ယူတတ်တယ်လို့ ချီးမွမ်းကြပါတယ်။ တစ်ယောက်ကလည်း သခင့်အတွက် နားကြပ်အစား တပ်ဖို့ နားကြပ်နဲ့တူနဲ့ဟာ ယူလာတာနေမှာပေါ့လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

မိတ်ဆွေရော ကြောင်ချစ်ပါသလား..? ဘာအဓိပ္ပါယ်နဲ့ မြွေလေး ယူလာပေးတယ်ဆိုတာကို နားလည်သလောက် ပြောပြပေးခဲ့ပါဦး။

Credit : popolay

LEAVE A REPLY