Zawgyi ျဖင့္ဖတ္ရန္

ကေနဒီယန္ အဆိုေတာ္ ဂ်က္စတင္ဘီဘာဟာဆိုရင္ အသက္ (၁၂) ႏွစ္အ႐ြယ္ကတည္းက ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ အဆိုေတာ္တစ္ဦးပဲျဖစ္ပါတယ္။ ဘီဘာဟာ စက္တင္ဘာ ၁၃၊ ၂၀၁၈ မွာ ေဟးလီေဘာ္လ္ဝင္းနဲ႔ လက္ထပ္ခဲ့ၿပီးေနာက္ပိုင္း သီခ်င္းအသစ္ထြက္ရွိတာမ်ိဳးမရွိေသးပါဘူး။ သူကိုယ္ပိုင္ brand တစ္ခုျဖစ္တဲ့ drewhouse ကုန္ပစၥည္းထုတ္လုပ္ေရးနဲ႔ အလုပ္ရႈပ္ေနပုံပါပဲ။ ဘီဘာရဲ႕ ပရိတ္သတ္ေတြကေတာ့ ဘီဘာတစ္ေယာက္ ဘယ္ေတာ့ သီခ်င္းအသစ္ေတြ ထြက္မလဲဆိုၿပီး ေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကတာပါ။ ၿပီးခဲ့တဲ့ အပတ္မွာ ဘီဘာဟာ ပရိတ္သတ္ကို သီခ်င္းအသစ္ထြက္ရွိမယ့္ သဲလြန္စေလးေပးခဲ့ပါတယ္။ ဘီဘာေပးတဲ့ သဲလြန္စက ဘယ္လိုျဖစ္မလဲဆိုတာ ဆက္လက္ဖတ္ရႈၾကည့္လိုက္ၾကရေအာင္။

ဂ်က္စတင္ဘီဘာဟာ Ed Sheeran နဲ႔ဟိုအရင္ကတည္းက ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္ၾကပါတယ္။ဘီဘာ ဟာၿပီးခဲ့တဲ့ အပတ္မွာ Ed sheeran နဲ႔ သူကိုယ္တိုင္ ပါဝင္တဲ့ ဓာတ္ပုံတစ္ပုံကို “10” ဆိုတဲ့ ကပ္ရွင္နဲ႔အတူ အင္စတာဂရမ္မွာတင္ခဲ့ပါတယ္။ ဘီဘာတင္လိုက္တဲ့ “10” ဆိုတာကေတာ့ ေမလ ၁၀ ရက္ေန႔မွာ Ed Sheeran နဲ႔ တြဲဖက္ၿပီး သီခ်င္းအသစ္ထြက္ရွိမယ္လို႔ ဆိုလိုျခင္းပဲျဖစ္ပါတယ္။

သီခ်င္းအသစ္ထြက္ဖို႔ သုံးရက္အလိုမွာ Ed Sheeran ကို tag တြဲၿပီး သီခ်င္းစာသားေတြ ပါဝင္တဲ့ ပုံတစ္ပုံကိုတင္ခဲ့ပါတယ္။

ထြက္ရွိဖို႔ ၂ ရက္အလိုမွာေတာ့ “Fri-yay” ဆိုတဲ့ ပုံတစ္ပုံနဲ႔အတူ Ed Sheeran နဲ႔ သီခ်င္းအသစ္ ေသာၾကာေန႔မွာထြက္ရွိမယ့္အေၾကာင္း ပရိတ္သတ္ကို အသိေပးခဲ့ပါတယ္။ သီခ်င္းနာမည္ကေတာ့ “I don’t care” ျဖစ္ေၾကာင္းကိုလဲ ဘီဘာက ေျပာၾကားသြားပါတယ္။

 

 

“I Don’t care” သီခ်င္းထြက္ရွိဖို႔ တစ္ရက္အလိုမွာေတာ့ Ed Sheeran ေရးသားေပးထားတဲ့ သီခ်င္း မၾကာခင္ထြက္ရွိေတာ့မည္ျဖစ္ေၾကာင္း အင္စတာဂရမ္မွတစ္ဆင့္ အသိေပးခဲ့ပါတယ္။

 

 

 

ေမလ ၁၀ ရက္ေန႔၊ ေသာၾကာေန႔ မနက္ပိုင္းအခ်ိန္အခါမွာေတာ့ Ed Sheeran ရဲ႕ Youtube channel ကေန I don’t care သီခ်င္းကို တင္ေပးလိုက္ၿပီပဲျဖစ္ပါတယ္။ ဘီဘာရဲ႕ သီခ်င္းအသစ္ကို ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ပရိတ္သတ္ေတြအတြက္ အထူးသတင္းေကာင္းပါပဲ။ Ed Sheeran ေရးသားတီးခတ္ၿပီး ဂ်က္စတင္ဘီဘာ သီဆိုထားတဲ့ “I Don’t Care” သီခ်င္းကို ခံစားနားဆင္ၾကည့္လိုက္ၾကပါဦး ပရိတ္သတ္ႀကီးေရ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ပရိတ်သတ် တွေ ရင်ထဲထိသွားစေမယ့် Ed Sheeran ရေးသားပေးတဲ့ ဂျက်စတင်ဘီဘာရဲ့ သီချင်းအသစ်

ကနေဒီယန် အဆိုတော် ဂျက်စတင်ဘီဘာဟာဆိုရင် အသက် (၁၂) နှစ်အရွယ်ကတည်းက အောင်မြင်ကျော်ကြားလာတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ ဘီဘာဟာ စက်တင်ဘာ ၁၃၊ ၂၀၁၈ မှာ ဟေးလီဘော်လ်ဝင်းနဲ့ လက်ထပ်ခဲ့ပြီးနောက်ပိုင်း သီချင်းအသစ်ထွက်ရှိတာမျိုးမရှိသေးပါဘူး။ သူကိုယ်ပိုင် brand တစ်ခုဖြစ်တဲ့ drewhouse ကုန်ပစ္စည်းထုတ်လုပ်ရေးနဲ့ အလုပ်ရှုပ်နေပုံပါပဲ။ ဘီဘာရဲ့ ပရိတ်သတ်တွေကတော့ ဘီဘာတစ်ယောက် ဘယ်တော့ သီချင်းအသစ်တွေ ထွက်မလဲဆိုပြီး မျှော်လင့်စောင့်စားနေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ အပတ်မှာ ဘီဘာဟာ ပရိတ်သတ်ကို သီချင်းအသစ်ထွက်ရှိမယ့် သဲလွန်စလေးပေးခဲ့ပါတယ်။ ဘီဘာပေးတဲ့ သဲလွန်စက ဘယ်လိုဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

ဂျက်စတင်ဘီဘာဟာ Ed Sheeran နဲ့ဟိုအရင်ကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဘီဘာ ဟာပြီးခဲ့တဲ့ အပတ်မှာ Ed sheeran နဲ့ သူကိုယ်တိုင် ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို “10” ဆိုတဲ့ ကပ်ရှင်နဲ့အတူ အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ ဘီဘာတင်လိုက်တဲ့ “10” ဆိုတာကတော့ မေလ ၁၀ ရက်နေ့မှာ Ed Sheeran နဲ့ တွဲဖက်ပြီး သီချင်းအသစ်ထွက်ရှိမယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

သီချင်းအသစ်ထွက်ဖို့ သုံးရက်အလိုမှာ Ed Sheeran ကို tag တွဲပြီး သီချင်းစာသားတွေ ပါဝင်တဲ့ ပုံတစ်ပုံကိုတင်ခဲ့ပါတယ်။

ထွက်ရှိဖို့ ၂ ရက်အလိုမှာတော့ “Fri-yay” ဆိုတဲ့ ပုံတစ်ပုံနဲ့အတူ Ed Sheeran နဲ့ သီချင်းအသစ် သောကြာနေ့မှာထွက်ရှိမယ့်အကြောင်း ပရိတ်သတ်ကို အသိပေးခဲ့ပါတယ်။ သီချင်းနာမည်ကတော့ “I don’t care” ဖြစ်ကြောင်းကိုလဲ ဘီဘာက ပြောကြားသွားပါတယ်။

“I Don’t care” သီချင်းထွက်ရှိဖို့ တစ်ရက်အလိုမှာတော့ Ed Sheeran ရေးသားပေးထားတဲ့ သီချင်း မကြာခင်ထွက်ရှိတော့မည်ဖြစ်ကြောင်း အင်စတာဂရမ်မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့၊ သောကြာနေ့ မနက်ပိုင်းအချိန်အခါမှာတော့ Ed Sheeran ရဲ့ Youtube channel ကနေ I don’t care သီချင်းကို တင်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဘီဘာရဲ့ သီချင်းအသစ်ကို မျှော်လင့်စောင့်စားနေတဲ့ ပရိတ်သတ်တွေအတွက် အထူးသတင်းကောင်းပါပဲ။ Ed Sheeran ရေးသားတီးခတ်ပြီး ဂျက်စတင်ဘီဘာ သီဆိုထားတဲ့ “I Don’t Care” သီချင်းကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး ပရိတ်သတ်ကြီးရေ။

Credit : popolay

LEAVE A REPLY