Zawgyi ဖြင့်ဖတ်ရန်


 

 



Credit : popolay

Unicode ဖြင့်ဖတ်ရန်

Marvel ဗီလိန်ဇာတ်ကောင် Thanos ကထားတဲ့ Blackpink “Kill This Love” သီချင်းဗွီဒီယို

တောင်ကိုးရီးယား နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အမေရိကထိပါ ပေါက်မြောက်အောင်မြင်တဲ့ ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ စတင်ပွဲဦးထွက် သီချင်း “Boombayah” မှစတင်၍ အခုနောက်ဆုံးထွက်ရှိထားတဲ့ “Kill This Love” တိုင်အောင် အခိုင်အမာပရိတ်သတ် အများအပြားရရှိထားပြီဖြစ်ပါတယ်။ Blackpink ရဲ့ “Kill This Love” သီချင်းဟာ Youtube ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး ဗွီဒီယိုအဖြစ်လဲ စံချိန်ချိုးနိုင်ခဲ့ပါတယ်။ blackpink မတိုင်မီ စံချိန်ချိုးထားသူကတော့ Ariana Grande ပဲဖြစ်ပါတယ်။ “kill this love” သီချင်းပိုမိုအောင်မြင်လာတာနဲ့ အမျှ ကမ္ဘာအနှံ့အပြားက ပရိတ်သတ်တွေက ဒီသီချင်းကို cover dance တွေကလာကြပါတယ်။ ထိုအထဲကမှ Marvel ရုပ်ရှင်စီးရီးမှ ဗီလိန် Thanos “Kill this love” သီချင်းနဲ့ ကနေတဲ့ animation video တစ်ခု အင်တာနက်ပေါ်မှာ ပြန့်လာပါတယ်။ Thanos ကထားတဲ့ “Kill this love” ကဘယ်လိုဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

လတ်တလောကာလမှာဆိုရင် Marvel:Endgame ဟာနာမည်ကြီးနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ Endgame မကြည့်ရသေးတဲ့ Marvel ဖန်တချို့ဆိုရင် spoil မိမှာစိုးလို့ အိမ်ထဲက မထွက် ဖေ့ဘွတ်ခ်အကောင့် ခဏတာဖျက်ထားတဲ့လူတွေတောင်ရှိကြပါတယ်။ Endgame လို့ပြောလိုက်တာနဲ့ Avengers တွေကို ချစ်ကြသလို Thanos ကိုလဲ ချစ်ကြတဲ့ ပရိတ်သတ်ကြီးရှိမှာပါ။

Thanos ဟာဆိုရင် Avengers စီးရီးတွေထဲမှာ ကြမ်းတမ်းတဲ့ ဗီလိန်တစ်ဦးဖြစ်ပေမဲ့ Blackpink ရဲ့ “Kill This love” ကိုကနေတဲ့ ဗွီဒီယိုမှာတော့ နူးညံ့ညင်သာစွာ အချိုးကျကျ ကပြနေတာကိုတွေ့ရမှာပါ။ Thanos ကထားတဲ့ “Kill This Love” ကိုကြည့်ရှုပြီး ရင်ထဲ ဘယ်လိုခံစားသွားရသလဲဆိုတာ ပြောသွားကြပါဦး။

Credit : popolay

LEAVE A REPLY